Painting the transition

The Thukhuma Collection focuses on Myanmar’s transitional decade of the 2010s. With that decade passing into history, an opportunity arises to examine it through the paintings exhibited here. We thus reached out to some of the 120 artists in the collection and invited them to talk about one of their own artworks. We asked why they’d chosen or created it, and how both their life as an artist, and Myanmar, had changed in the 2010s. The brief interviews, plus the selected paintings, will be uploaded below. Works by artists who passed away during the decade will be displayed alongside this introductory post. This painting is by Eain Aye Kyaw.

I

အပြောင်းအလဲကာလကို ဆေးချယ်ခြင်း

သုခုမတွင် စုစည်းထားသည့် ပန်းချီကားများသည် မြန်မာနိုင်ငံ၏ အကူးအပြောင်းကာလဖြစ်သော ၂၀၁၀ ဆယ်စုနှစ်ကို အလေးပေး ဖော်ပြထားပါသည်။ ထိုဆယ်စုနှစ်သည် သမိုင်းတွင်ကျန်ခဲ့ပြီဖြစ်သောကြောင့် ယခုပြသထားသည့် ပန်းချီကားများမှတဆင့် ထိုဆယ်စုနှစ်ကို သုံးသပ်ရန် အခွင့်အလမ်းရှိလာပြီဖြစ်သည်။ ထို့ကြောင့် ဤစုစည်းမှုတွင် ပါဝင်သည့် ပန်းချီဆရာ ၁၂၀ အနက်မှ အချို့ထံသို့ ဆက်သွယ်ပြီး ၎င်းတို့၏ပန်းချီကားတစ်ခု အကြောင်းပြောရန် ကမ်းလှမ်းခဲ့ပါသည်။ ထို့နောက် ပန်းချီကားကို ဘာကြောင့် ရွေးရကြောင်း သို့မဟုတ် ဖန်တီးခဲ့ကြောင်းနှင့် ၂၀၁၀ ဆယ်စုနှစ်တွင် ၎င်းတို့၏ ပန်းချီဆရာဘဝနှင့် မြန်မာနိုင်ငံတွင် မည်သို့ အပြောင်းအလဲများဖြစ်သွားကြောင်း မေးခဲ့ပါသည်။ အတိုချုပ်အင်တာဗျူးနှင့် ရွေးချယ်ထားသည့် ပန်းချီကားများကို စုစည်း၍ အောက်တွင် ဖော်ပြသွားမည်ဖြစ်ပါသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်တွင် ဆုံးပါးသွားသည့် ပန်းချီဆရာများ၏ ပန်းချီများကိုတော့ ဤမိတ်ဆက်စာနှင့် အတူတွဲ၍ ဖော်ပြသွားမည် ဖြစ်သည်။ ဤပန်းချီကားကို အိမ်အေးကျော်မှ ရေးဆွဲပါသည်။ 

I

Ian Holliday

အောင်ကောင်းမြတ်

၂၀၂၀ သင်္ကြန်

Myint San Myint

Why did you choose this painting?

In 1992, before I was a full-time artist, I read a book about Gauguin. It inspired me to write a song entitled ‘Melancholic Yearning for Paul Gauguin’. I held an exhibition with that song and some paintings. In this painting, there are words that show the troubles endured by artists. I copied and printed Gauguin’s original painting. By copy, I don’t mean plagiarize. I directly copied and added my own creation. I also added Gauguin’s image. Gauguin was a rich man. After he contracted the art virus, he starved to death on an island. I was scared when I first read that. I wasn’t an artist back then, I was only doing it for fun. So I wrote this song and gave the exhibition the same name. The words on the painting are taken from the book. Gauguin’s wife said to him: ‘You’re so poor, but you can’t let go of your vanity.’ I respect all artists. They fight for what they believe and what they love.

Has life for you as a painter changed in the past decade?

In the time of U Ngwe Gaing and U Ba Nyan, artists had to paint for monks’ funerals. Then they painted car license plates. It was bad. As they wanted to paint, they just did whatever they could to make a living. Then there were illustrators working on books. But nowadays you can sell your artwork. In art, you can paint whatever you like and present your feelings freely. It’s fine art. I did my first solo exhibition in 2010. Then you could sell your artwork to some extent and galleries started to open. Our country is still improving when compared with developed countries. But we could have a breakthrough in the global art scene. We’re not an inferior people.

5 March 2020

I

မြင့်ဆန်းမြင့်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

၁၉၉၂ တုန်းက ပန်းချီလောကထဲတောင် ထဲထဲဝင်ဝင်မရောက်သေးချိန်က ဂေါ်ဂင်အကြောင်း စာအုပ်ဖတ်ပြီးတော့ ရေးထားတဲ့ ပေါလ်ဂေါ်ဂင်သို့ ကြေကွဲခြင်းဆိုတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။  အဲ့ဒီသီချင်းလေးနဲ့ ပန်းချီကားတွေနဲ့ တွဲပြီးတော့ ကျနော် ပြပွဲလုပ်တာ။ အဲ့ဒီပန်းချီကားမှာဆိုရင် အပေါ်မှာ ပန်းချီဆရာတွေရဲ့ ဒုက္ခတွေကို မြင်သာထင်ရှားတဲ့ စာတွေ ပါတယ်။ ဂေါ်ဂင်ရဲ့ မူရင်းကားတွေကို ကျနော်က ကော်ပီလုပ်ပြီး ပုရင့် ပြန်ထုတ်တာ။ ကော်ပီလုပ်တယ်ဆိုတာ ခိုးချတာမဟုတ်ဘူးနော်။ ကျနော်က ဒဲ့လုပ်ပြီး ကျနော်ရေးချင်တာတွေရေးတယ်။ ဂေါ်ဂင်ပုံတွေလည်း ထည့်ထားတယ်ပေါ့။ ဂေါ်ဂင်က သူဌေးဗျာ။ ချမ်းသာတယ်။ နောက်ဆုံး ပန်းချီပိုးဝင်သွားတာပေါ့ဗျာ။ အငတ်ငတ်အပြတ်ပြတ်နဲ့ နောက်ဆုံး ကျွန်းမှာ သေသွားတယ်လေ။ အဲ့ဒါကို ကျနော်က ဖတ်လိုက်တဲ့အချိန်မှာ ကြောက်သွားတယ်။ အဲ့ဒီတုန်းက ပန်းချီဆရာမဖြစ်သေးဘူး၊ ဝါသနာအရသာရေးနေတာ။ အဲ့သီချင်းလေးကို ရေးဖြစ်တယ်။ အဲ့သီချင်းနဲ့စပ်ဆက်ပြီးတော့မှ ဒီပြပွဲက ဖြစ်သွားတာ။ ပန်းချီပေါ်မှာရေးထားတဲ့ ရှင်ဟာ ဒီလောက် ဆင်းရဲတာတောင် မာနကြီးတုန်းပဲနော်ဆိုတဲ့ စကားက စာအုပ်ထဲမှာ ဂေါ်ဂင်ရဲ့မိန်းမက ဂေါ်ဂင်ကို ပြောတဲ့စကား။ ကျနော်က အနုပညာသမားတိုင်းကို လေးစားတယ်လေ။ အနုပညာသမားတွေက သူတို့ယုံကြည်တာ ဝါသနာပါတာလုပ်ကြတာကိုးဗျ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။  

ကျနော်တို့ ပန်းချီလောကမှာ ဟိုတုန်းက ပန်းချီဆရာတွေဖြစ်တဲ့ ဦးငွေခိုင်တို့ ဦးဘဥာဏ်တို့လက်ထက်ကဆိုရင် ပန်းချီဆရာတွေက ဘုန်းကြီးပျံတွေမှာ လိုက်ပြီးတော့ ရေးရတယ်ဗျာ။ ကားတွေပေါ်လာတော့ ကားနံပါတ်တွေ ရေးရတယ်ဗျာ။ ဆိုးပါတယ်။ ဝါသနာပါတော့ ဒါလေး လုပ်တတ်တော့ ဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုရတော့ အကုန်လိုက်လုပ်ရတယ်။ အဲ့ဒီကြားထဲမှာ ဘာရှိလဲဆိုတော့ သရုပ်ဖော် ပန်းချီဆရာတွေရှိတယ်။ အဲ့ဒီကာလကဆိုရင် စာရေးဆရာရဲ့ စာအုပ်ကို သရုပ်ဖော်ရတာ။ ဒါပေမယ့် ဒီဘက်ခေတ်ရောက်လာတဲ့အခါကျတော့ ပန်းချီကားကို ရောင်းစားလို့ရတယ်လေ။ ပန်းချီကားကျတော့ ရေးချင်တာ ရေးလို့ရတယ်။ ကိုယ့်ခံစားမှုကို လွတ်လွတ်လပ်လပ်တင်ဆက်လို့ရတဲ့ fine art ပေါ့။ ၂၀၁၀ တုန်းကကျတော့ ပထမ ဆိုလို ကို ၂၀၁၀ မှာလုပ်ခဲ့တယ်။ ပန်းချီကားကတော့ ထိုက်သင့်သလောက် ရောင်းစားလို့ရပြီ ပြခန်းတွေပေါ်လာပြီ။ တိုးတက်တဲ့နိုင်ငံတွေနဲ့စာရင် ကျနော်တို့ နိုင်ငံတွေက ဖွံ့ဖြိုးဆဲပေါ့။ ဒါပေမယ့် ကျနော်တို့ အနုပညာ ပန်းချီနဲ့ပတ်သက်လို့ ကမ္ဘာကို ဖောက်နိုင်တယ်။ သိပ်နှိမ့်ကျတဲ့သူတွေတော့ မဟုတ်ဘူး။

၂၀၂၀ မတ် ၅

Maung Myint Aung

Why did you choose this painting?

I used to stare at fat people when I was sitting in a teashop. I like their character, the way they walk, and their body shape. So I decided to draw them. I just wanted to draw images of fat people. Then I used them as a subject for my paintings. It’s not about the people in my surroundings. I also wanted to include clay pots to reflect Burmese custom. But the main idea lies in the use of colour. There’s yellow and there’s a small amount of blue at the bottom to show the nature of water. That’s it. I wasn’t showing a lot. I worked for a magazine for five years from 1988. Then I started my career as an artist in 1993. First I used watercolour. Like everybody else, I just worked on landscapes and realistic presentations. In 1998, fat people caught my attention and I started drawing them. I applied distortion to twist their natural size. Some areas may be bigger and some may be smaller. This is distortion. My painting is a combination of distorted and asymmetrical parts.

Has life for you as a painter changed in the past decade?

Since 2000, I’ve done four solo shows. There’ve been small changes. Sometimes I just use colours with fat people as my subject. There are gradual changes in my style. There are fat men in my paintings, but there are more fat women. In the past decade I took part in group shows here and there, but I didn’t have a solo show.

Has Myanmar changed in the past decade?

I don’t think about society and the outside world much. I only look for what to paint next. I only think about the subject and style for my paintings. That’s just it.

4 March 2020

I

မောင်မြင့်အောင်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

အရင်တုန်းက လက်ဖက်ရည်ဆိုင်ထိုင်ရင်းနဲ့ လူဝတွေကို သတိထားကြည့်မိတယ်။ သူတို့ရဲ့  character တွေ၊ သွားပုံလာပုံတွေ၊ ကိုယ်လုံးဝဝကြီးတွေ၊ အချိုးအစားတွေကို သဘောကျလို့ ရေးဖြစ်သွားတာ။ အမှန်ကတော့ ဝတဲ့လူကို ဆွဲတာပါပဲ။ ပန်းချီမှာ ပုံသဏ္ဠာန်တစ်ခုအနေနဲ့ပဲ ရေးတာဖြစ်တော့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို အဓိကထားပြီး ဆွဲတာမဟုတ်ဘူးပေါ့။ ကျနော်တို့ ဗမာတွေရဲ့ ရိုးရာဟန်တွေလည်း ပါအောင်ဆိုပြီး ရေအိုး ထည့်ရေးတာပေါ့။ ဒါပေမယ့် အဓိက အကြောင်းအရာက ခုနအတိုင်း အရောင်ပါပဲ။ အဝါရောင်ပါတယ်။ နောက်တစ်ခုက အောက်မှာ အပြာရောင်လေး နည်းနည်းထည့်ထားတယ်။ ရေရဲ့သဘောပေါ့၊ အဲ့လောက်ပဲလုပ်တာပါ။ အများကြီး ပြထားတာမဟုတ်ဘူးပေါ့။ မဂ္ဂဇင်းမှာ ၁၉၈၈ ကနေ ၁၉၉၃ လောက် အထိ ရေးခဲ့တယ်။ ၁၉၉၃ လောက်ကျတော့ ပန်းချီလောကထဲစဝင်တယ်။ ရေဆေးကားတွေပေါ့။ အဲ့တုန်းကတော့ အများလိုပါပဲ။ ရှုခင်းတို့ ပုံမှန် realism ပုံစံမျိုးပဲ ရေးတာပါပဲ။ အဲ့ဒီကနေပြီးတော့ ၁၉၉၈ လောက်ကျမှ လူဝကြီးတွေကို စပြီး စိတ်ဝင်စားသွားပြီးတော့ ရေးဖြစ်လာတာ။ distortion ဆိုတာ လူပုံကိုပဲ ခုန ဝဝကြီးတွေကိုပဲ အချိုးဖျက်ပြီးတော့ ပုံမှန်မဟုတ်ပဲ ကြီးချင်တာတွေ ကြီး သေးချင်တာတွေသေး အဲ့လိုရေးတာကို distortion လို့ပြောတာပေါ့။ အချိုးအစားမညီညွတ်မှုတွေနဲ့ ပန်းချီကားကို ဖွဲ့စည်းတာပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

၂၀၀၀ နောက်ပိုင်းပေါ့ ၄ ကြိမ်မြောက် solo show လုပ်ခဲ့တယ်။ နည်းနည်း ပြောင်းလဲမှုတွေရှိတယ်ပေါ့။ တချိ့ဟာတွေမှာ ဒီအတိုင်းပဲ ကာလာတင်ပြီးတော့ လူဝကြီးတွေကိုရေးတာရှိတယ်ပေါ့နော်။ အကို့စတိုင်ကပြောင်းပြောင်းလာတယ်။ ရေးဖြစ်တဲ့ လူဝကြီးတွေမှာ ယောင်္ကျားတွေလည်းပါတယ်၊ အမျိုးသမီးက ပိုများပါတယ်။  ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ group show တွေထဲတော့ ဝင်ဝင်ပါဖြစ်တယ်။ solo တော့မရှိဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

လူ့အဖွဲ့အစည်း အပြင်လောကကို အများကြီး ခေါင်းထဲထည့်မထားဘူး။ ရေးစရာအကွက်ပဲ ကိုယ့်ဘာသာ ရှာတာပေါ့။ ရေးစရာနဲ့ ရေးချင်တဲ့ဟန်ကိုပဲ တွေးယူတယ်။ အဲ့လောက်ပဲ။

၂၀၂၀ မတ် ၄  

MPP Ye Myint

Why did you create this painting?

I wanted to say that our country is like a patient suffering from cancer. Sule Pagoda is in downtown Yangon. Pagodas are always peaceful and quiet. But Sule only gives you noise and chaos. It has to stand in the middle of all kinds of problems. All the cars. People walk around the pagoda, but they struggle to make ends meet. So they rarely go in. Cancer is a horrifying disease. Everything in our country from religion, education and the judiciary to civil war is suffering from cancer. I felt that when I was working on this series.

Has life for you as a painter changed in the past decade?

There’s been a lot of development in art in the past decade. I restarted my career as an artist in 2012. I didn’t stage any exhibitions at all under the military government. The bastards at the censorship board abused me so much. This was especially true for modernist painters. The entire art scene was like a cancer. As I didn’t like the censorship board, I didn’t participate in any group or solo shows. In 2012, the Thein Sein administration allowed media freedom and we could stage exhibitions. Until now, I’ve mostly staged solo shows. In the past, there were very few female artists. Now there are lots of exhibitions with female artists. It’s wonderful. And we have international connections.

Has Myanmar changed in the past decade?

The current situation is not encouraging. Everything. I think we have to work hard for three more decades to reach where we want to be because our eyes and ears were shut for five decades. I think if they’d genuinely transferred power to Mother Suu after the 1990 election, we’d have been in a good position. It’s a pity we lost so much time. I can’t be optimistic. I can only feel five percent optimistic for our country. Even the members of parliament and ministers from Daw Suu’s group who endured troubles are now corrupt. Even the tough ones who inscribed their names in history are corrupt. If we examine it thoroughly, our country has made only five percent progress.

4 March 2020

I

အမ်ပီပီ ရဲမြင့်

ဒီပန်းချီကားကို ဘာလို့ ဆွဲတာလဲ။

ကျနော်တို့နိုင်ငံက ကင်ဆာဝေဒနာ ခံစားနေရတဲ့ လူနာလို ဖြစ်နေတဲ့ နိုင်ငံလို့ ပြောချင်တာပါ။ ဆူးလေက မြို့လယ်ခေါင်မှာဗျာ။ ဘုရားဆိုတာ အမြဲတိတ်ဆိတ်ငြိမ်သက် အေးချမ်းတာပေါ့။ အခု ဆူးလေကို မြင်ရတာက ရှုပ်ထွေး ဆူညံ နားငြီး၊ ပြဿနာတွေပေါင်းစုံကြားထဲမှာ ကျနော်တို့ ဆူးလေက ရောက်နေရှာတာ။ ကားတွေ အကုန်လုံးဗျာ။ လူတွေကလည်း ဘုရားဘေးသာ ပတ်သွားတယ်။ ကိုယ့်စားဝတ်နေရေးအတွက် ရုန်းကန် နေကြရတာလေ။ ဘုရားပေါ်တက်တဲ့ လူတောင်မှ တော်တော်ရှားပါတယ်။ ကင်ဆာရောဂါဆိုတာ သိပ်ကြောက်စရာကောင်းတယ်။ အကုန်လုံး ကျနော်တို့ နိုင်ငံက ဘာသာရေး၊ ပညာရေး၊ တရားဥပဒေ၊ ပြည်တွင်းစစ် အကုန်လုံးက ကင်ဆာဝေဒနာ ခံစားနေရတယ်။ အဲ့လိုခံစားပြီးတော့ ကျနော် အဲ့စီးရီးကို ရေးတာ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ဆယ်စုနှစ်မှာ ပန်းချီကို ပြောမယ်ဆိုရင် အများကြီးတိုးတက်လာတယ်။ ကျနော်ဆိုလို့ရှိရင် ၂၀၁၂ မှာ ပန်းချီလောကထဲကို ပြန်ဝင်တာ။ စစ်အစိုးရခေတ်မှာ လုံးဝပြပွဲမလုပ်ဘူး။ group show တွေလုပ်လို့ solo show လုပ်လို့ စိစစ်ရေးဆိုတဲ့ကောင်တွေ နှိပ်စက်တဲ့ဒဏ်ကို ခံရတယ်။ အထူးသဖြင့် မော်ဒန် ပန်းချီဆရာတွေခံရတာပေါ့။ တော်တော်ရုန်းရကန်ရပြီးတော့ ပန်းချီလောကက ကင်ဆာဖြစ်နေခဲ့တာပဲ။ အဲ့တော့ ကျနော်က စိစစ်ရေးကို မကြိုက်တဲ့အတွက် ပန်းချီပြပွဲကို group show လည်းမလုပ်ဘူး။ solo show လည်းမလုပ်ဘူး။ ၂၀၁၂ ကျမှ သိန်းစိန်စတက်တဲ့အခါကျတော့ မီဒီယာလွတ်လပ်ခွင့်လေးရလာတော့ ပြပွဲတွေလုပ်တယ်။ လုပ်တဲ့အချိန်မှာလည်း ဒီနေ့အချိန်ထိ solo ပြတာ များတယ်။ ကျနော်တို့ ခေတ်တွေတုန်းကဆို မိန်းကလေး ပန်းချီဆရာ တစ်ယောက်နှစ်ယောက်ရှိတာ။ အခုဆိုရင် အမျိုးသမီးပန်းချီပြပွဲတွေ အများကြီးလုပ်လာတော့ သိပ်ဝမ်းသာစရာကောင်းတယ်။ ပြည်ပအဆက်အသွယ်တွေလည်း ရလာတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

လက်ရှိအနေအထားအရ ကျနော်အားမရဘူး။ ဘက်ပေါင်းစုံပဲ။ ဒီက မျိုးဆက်တွေ နှစ်ပေါင်း ငါးဆယ်လောက်အကုန် မျက်စိပိတ် နားပိတ်နေလာခဲ့ရတာကြီးကို နောက်ထပ် နှစ်ပေါင်း သုံးဆယ်လောက် ကြိုးစားမှ ကျနော်တို့ မျှော်လင့်တဲ့နေရာကို ရောက်မယ်လို့ ထင်တယ်လေ။ ကျနော်မှန်းတာက အမေစုကို ၉၀ ရွေးကောက်ပွဲတုန်းက ရိုးရိုးသားသား မှန်မှန်ကန်ကန်နဲ့ အာဏာပေးခဲ့မယ်ဆိုရင် တစ်ကယ့်အနေအထားက တော်တော်ကို ကောင်းနေပြီပေါ့။ အဲ့ဒီနှစ်တွေက သိပ်နှမြောစရာကောင်းတယ်။ အကောင်းမြင်ဖို့ ကြိုးစားလို့ကို မရဘူး။ ကျနော်တို့နိုင်ငံရဲ့အနေအထားက ငါးရာခိုင်နှုန်းလောက်ပဲ အကောင်းဘက်က တက်တယ်လို့ ခံစားရတယ်။ ဒေါ်စုတို့ထဲက တစ်ကယ် အဖမ်းခံရ ဒုက္ခဆင်းရဲတွေရောက်ခဲ့ရတဲ့ လွှတ်တော်အမတ်တို့ ဝန်ကြီးချုပ်တို့ကအစ ဖောက်ပြန်တာတွေ အများကြီးရှိတယ်။ ဒေါင်ဒေါင်မြည်ပါတယ်ဆိုတဲ့ နာမည်တစ်လုံးနဲ့ ကိုယ့်သမိုင်းကိုယ် ရေးခဲ့တဲ့လူကိုယ်တိုင်က ဖောက်ပြန်ကုန်တာပဲ။ တစ်ကယ့် မှန်မှန်ကန်ကန် မြင်တွေ့သုံးသပ်ခံစားလိုက်တဲ့အခါမှာ ၅ ရာခိုင်နှုန်းလောက်ပဲ ကျနော်တို့ နိုင်ငံ တိုးတက်တယ်။

၂၀၂၀ မတ် ၄

Maw Thu Da Nu

Why did you choose this painting?

I created this painting when new cars were imported during the U Thein Sein administration. It exists because of that era. Previously, we didn’t have new cars in Myanmar. But after 2013 they became quite common. In an indirect way, the painting shows the social, economic and political situation of every social class, including the rich and the poor. It’s a reflection of that era. Now I’ve come back to Hpa Do, my hometown, which is a two-hour drive from Yangon. I have a studio in Yangon. But the air pollution there is bad for people’s health. It takes a lot of time to commute because of all the traffic. You waste your time. So I only stay in Yangon for work reasons. I don’t like it. I prefer a rural town. There’s freedom and I feel happy.

Has life for you as a painter changed in the past decade?

Change in the art world isn’t good. Maybe it’s good for some artists. But for most of us it’s bad. I might be among those who’ve had it the worst. I invested in exhibitions out of my own pocket, but the results were not encouraging. I sold almost no artworks. It’s even worse now. But I continue to do it. I have to do it until I die. This is a job I’ve been doing since I was young. I don’t think about whether I can sell my artwork. I just feel happy when I paint.

Has Myanmar changed in the past decade?

There’s some transparency. But I’ve not seen any real changes. It’s become more complicated, I think. I like the government and their policies. But I don’t like complications. I’m a Karen person. As a taiyingtha, a minority ethnic group, we don’t have equal rights. And there’s discrimination. I think there’s a lot to be done in this area.

2 March 2020

I

မောသုဓနု

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဆွဲဖြစ်တဲ့အကြောင်းအရင်းက ကားအသစ်လေးတွေ ဦးသိန်းစိန်အစိုးရလက်ထက်မှ ရန်ကုန်ကို ရောက်လာတယ်။ အဲ့ဒီခေတ်ကြောင့် ဒီပန်းချီကားက ပေါ်လာတာ။ အရင်ခေတ်တွေတုန်းက ကားအသစ်တွေ မြန်မာနိုင်ငံမှာမရှိခဲ့ဘူး။ ကားအသစ်တွေက ၂၀၁၃ လောက်မှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့်လေးရှိလာတယ်။ ဆင်းရဲချမ်းသာ လူတန်းစားအကုန်လုံး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခြေအနေအကုန်လုံးကို တိုက်ရိုက်မဟုတ်ပဲ သွယ်ဝိုက်ပြတဲ့သဘောပေါ့။ အဲ့ဒီခေတ်ကာလရဲ့အမှန်တရားတစ်ခုပဲလေ။ လက်ရှိက ရန်ကုန်နဲ့ နှစ်နာရီလောက်ပဲ ကားစီးရတဲ့ မွေးရပ်မြေ ဖဒိုကို ပြန်လာတယ်။ ရန်ကုန်မှာတော့ စတူဒီယိုရှိတယ်။ ရန်ကုန်မှာ လေထုညစ်ညမ်းတော့ ပြည်သူတွေကို ကျန်းမာရေးထိခိုက်တာပေါ့ဗျာ။ ကားတွေအရမ်းကြပ်တော့ သွားလာတာ အချိန်အရမ်းပေးရတယ်။ အချိန်တွေကြန့်ကြာတယ်။ လုပ်ငန်းခွင်မှာလည်းပဲ နှောင့်နှေးတယ်ပေါ့။ ကျနော်ကတော့ ရန်ကုန်မြို့ဆို အလုပ်သဘောအရပဲ နေဖြစ်တယ်။ မကြိုက်ဘူးပေါ့။ နယ်မြို့လေးတွေပဲ နေရတာ ကြိုက်တယ်။ လွတ်လပ်တယ်၊ ပျော်တယ်ပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ပန်းချီလောကအကြောင်းပြောမယ်ဆိုရင်တော့ အပြောင်းအလဲက သိပ်ပြီးမကောင်းဘူး။ ကောင်းတဲ့ ပန်းချီဆရာလည်းရှိမှာပေါ့၊ ဒါပေမယ့် မကောင်းတဲ့လူက များလိမ့်မယ်။ အခြေအနေမကောင်းတဲ့အထဲမှာတော့ ကျနော်တို့က ထိပ်ဆုံးက ပါမလားပေါ့။ ပြပွဲတွေဘာတွေလုပ်တယ်။ အကုန်အကျခံပြီးတော့ လုပ်တယ်။ ဒါပေမယ့် ရလဒ်က မကောင်းဘူး။ ပန်းချီကားအရောင်းအဝယ်က လုံးဝပိတ်သွားတယ်။ အခုအချိန်ဆို ပိုတောင်ဆိုးသေးတယ်ပေါ့။ ဒါပေမယ့် လုပ်နေဆဲပါပဲ။ သေတဲ့အထိပဲ လုပ်ရမှာလေ။ ငယ်ငယ်လေးထဲက ရေးနေတာတော့ ကျနော့်အလုပ်ပေါ့။ ရောင်းရတာ မရောင်းရတာကို စိတ်ထဲမထည့်တော့ဘူး။ ရေးနေရရင် ပျော်တယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ဘာတွေပြောင်းလဲတာရှိလဲဆိုတော့ ပွင့်လင်းမြင်သာမှုတော့ ရှိလာတယ်။ ဒါပေမယ့် ပြောင်းလဲတာတော့ မတွေ့ဘူး။ ထပ်ပြီးတော့ ရှုပ်ထွေးလာတာတွေ များတယ်လို့ပဲ ယူဆရမယ်။ နိင်ငံရေးပေါ်လစီတော့ ကြိုက်တယ်လေ။ အစိုးရကိုလည်း ကြိုက်တယ်။ ဒါပေမယ့် ရှုပ်ထွေးမှုတွေကိုတော့ မကြိုက်ဘူး။ ကျနော်က ကရင်တိုင်းရင်းသား။ တိုင်းရင်းသားအနေနဲ့ ကြည့်မယ်ဆိုရင် တန်းတူအခွင့်အရေးမရတာ၊ ပြီးရင် ခွဲခြားဆက်ဆံမှုတွေ အဲ့အပိုင်းတွေက တော်တော်များများ ကျန်သေးတယ်လို့ ကျနော်မြင်တယ်။

၂၀၂၀ မတ် ၂

Htein Lin

Why did you choose this painting?

When I was a political activist, we couldn’t print posters for ceremonies and protests. So the duty fell on me to draw everything. As a young man with strong political beliefs, I drew hundreds of pictures without sleep for two days. I’ve drawn peacocks more than anything else in my life. I’ve drawn them at least 500 times. Aung San Suu Kyi’s portrait is on the body of the dancing peacock. In 2008, when I created this painting, there were political prisoners. And Daw Suu was still under house arrest. So her image on the peacock’s body says, ‘Even under house arrest, she’s still dancing. We’re still dancing.’ You’ll see rectangles at the edge of the painting. They all represent political prisoners.

Has Myanmar changed in the past decade?

It became complicated once regular politics resumed. Some people have negative views. But it’s hard to say if we should see the decade positively. If you ask me if I’m satisfied, I have no choice. In 2015, I was involved with the election campaign. But the performance has not been so good since then. People have huge expectations. But you can’t expect so much. The entire system was running for 40, 50 years. Its gears and screws are not ready to run in a different way. There are two key political issues: the peace process and the constitution. In the space of five years, there have been no significant developments in either area. There is even more shooting now. The war with the AA (Arakan Army) has become worse. It might continue for the next two or three election cycles. And there is a lot of noise in parliament about changing the constitution. But we have to face all this regardless. If we want to become a democratic society, we can’t do anything that undermines democratic values. We always need to uphold our principles.

Has life for you as a painter changed in the past decade?

There have been many changes in the Burmese contemporary art scene in the past decade. As censorship policies were loosened after the 2010 election in both printing and the visual arts, we could tackle sensitive political and social issues, which was not possible before. There were paintings about gender as well. And international art institutions, serious collectors, and museums thought it was time to collect Burmese contemporary art. Representatives from art museums were ushered in to meet with Burmese artists. There were exhibitions and festivals never seen before inside the country. There were many guests. And we could do a lot of art exchange programmes. There were important international art exhibitions in Yangon. But in the past two or three years, tourism has declined because of the Rohingya issue. Together with the decline in business engagement, international interest in Burmese art and culture has declined.

2 March 2020

I

ထိန်လင်း

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဟိုးအရင်တုန်းက political activist လုပ်တဲ့အချိန်မှာ

အခမ်းအနားပြင်ဆင်ဖို့ လိုတဲ့အခါကျ အခုလို printing မထုတ်နိုင်ဘူး။ အဲ့တော့ လက်နဲ့ ဆွဲရပြီဆိုရင် ကိုယ့်ဆီပဲ တာဝန်ကကျလာတယ်။ အဲ့အချိန်က လူငယ်ဆိုတော့ နိုင်ငံရေး ယုံကြည်ချက် ထက်သန်တယ်။ ရာဂဏန်းလောက်ကို တစ်ည၊ နှစ်ညမအိပ်ပဲနဲ့ တစ်ဘရိတ်တည်းဆွဲ ခဲ့တယ်။ ပန်းချီဆရာဘဝမှာ ဒေါင်းအများဆုံးဆွဲဖူးတယ်။ ဘယ်လောက်အထိ ဆွဲဖူးလဲဆိုရင် ခွပ်ဒေါင်းကို အကောင် ငါးရာလောက်ဆွဲဖူးတယ်။ ကဒေါင်းရဲ့ ရင်ဘက်မှာ portrait of Aung San Suu Kyi။ အဲ့ဒီကာလ ၂၀၀၈ ထောင်ထဲမှာ နိုင်ငံရေးအကျဥ်းသားတော်တော်များများ ရှိတယ်။ ဒေါ်စုကလည်း အဲ့ဒီအချိန်တုန်းက နေအိမ်အကျယ်ချုပ်ချခံနေရတယ်။ ခန္ဓာကိုယ်မှာက သူ့ပုံရိပ်က  Even under house arrest, she is still dancing. We are still dancing လို့ပြောနေတယ်။ ပန်းချီကားရဲ့ အဆုံးနယ်နမိတ်တွေမှာလေးထောင့်ကွက်တွေ တွေ့လိမ့်မယ်။ ဒေါင်းမှီးကွက်တွေတိုင်းဟာ နိုင်ငံရေးအကျဥ်းသားတွေကို ကိုယ်စားပြုတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

နိုင်ငံရေးထဲကိုရောက်သွားရင် ထုံးစံအတိုင်း ရှုပ်ထွေးကုန်တယ်။ တချို့ကတော့ တော်တော်လေး အဆိုးမြင် ကြတာတွေလည်းရှိမယ်။ ဒါဆိုရင် အပေါင်းလက္ခဏာနဲ့မြင်ဖို့လိုလားဆိုရင်လည်း ပြောရခက်တယ်။ ဒါက သဘာဝပဲ။ ဒီဟာကို အားရလားမအားရလားဆိုရင်တော့ သိပ်ရွေးစရာအများကြီး မရှိကြဘူး။ ၂၀၁၅ ကဆိုရင် ဦးဆောင်ပြီး campaign တွေလုပ်ပေးခဲ့တယ်။ ရလဒ်ရလာပြီး အကောင်းဆုံးတော့ မလုပ်နိုင်ခဲ့ဘူး။ လူတွေက အများကြီး မျှော်လင့်ထားတာ ရှိတယ်။ ဒါပေမယ့် အဲ့လောက် မျှော်လင့်လို့မရဘူးပေါ့။ ဒီယန္တရားကြီးတစ်ခုလုံးကြီးက နှစ်ပေါင်း လေးဆယ် ငါးဆယ်လည်ထားတဲ့ ယန္တရားကြီးတစ်ခု။ နောက်ထပ် ပုံစံတစ်မျိုးနဲ့ ပြောင်းလယ်ဖို့ဆိုတာ ပင်နယံတွေ မူလီတွေက ဘယ်လိုမှ အဆင်သင့်မဖြစ်ဘူး။ နိုင်ငံရေးပိုင်းမှာ ၂ ချက်ပဲပြောစရာရှိတယ်။ peace process နဲ့ constitution ပဲ။ အဲ့ ၂ခုလုံးမှာ လောက်လောက်လားလား ငါးနှစ်အတွင်း လုပ်နိုင်တာမရှိဘူး။ ပြန်ပြီးတော့ သေနတ်ပေါက်လာတာ ပိုတောင်ဆိုးလာတယ်။ AA နဲ့ကိစ္စက တော်တော်လေး ဆိုးသွားတယ်။ နောက်ထပ် ရွေးကောက်ပွဲ ၂ ခု သုံးခုလောက်အထိ ဆက်ပြီးသွားနေမှာပဲ။ ထုံးစံအတိုင်း constitution ကိုပြောင်းလဲဖို့ ဆိုတာမှာလည်း လွှတ်တော်ထဲ အသံတွေ ညံနေတာပေါ့။ ဒါပေမယ့် မည်သို့ပင်ဖြစ်စေ ရင်ဆိုင်ရုံပဲရှိတယ်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို သွားချင်တယ်ဆိုရင် ဒီမိုကရက်တစ် တန်ဖိုးတွေနဲ့ဆန့်ကျင်တဲ့ ဆီကိုသွားမယ်ဆိုရင်တော့ ရလဒ်ထွက်မလာဘူးပေါ့။ ကိုယ့်ရဲ့ principle တွေ အဲ့ဒါတွေကိုတော့ အမြဲတမ်း လက်ကိုင်ထားရမယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ Burmese contemporary art scene က တော်တော်လေး အပြောင်းအလဲရှိတယ်လို့ ပြောရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့အခါ ဆင်ဆာပေါ်လစီက တော်တော်လေးဖြေလျှော့ပေးလိုက်တယ်။ printing မှာရော visual art မှာရော ဖြေလျှော့လိုက်တဲ့အတွက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟာတွေ social issue တွေ အရင်တုန်းက မတို့မထိခဲ့တဲ့ဟာတွေ အခု တွေ့ထိလာတယ်။ gender နဲ့ပတ်သက်ပြီးတော့လည်း ဆွဲကြတာမျိုးတွေရှိတယ်။ နိုင်ငံတကာက art institution က serious collector တွေ museum တွေက စပြီးတော့ ဒီချိန်ကတော့ ဖြင့် မြန်မာ Burmese contemporary art ကိုစပြီး collect လုပ်ဖို့ အချိန်ပဲဆိုတာ စဥ်းစားကြတယ်ပေါ့။ တစ်ကယ့် art museum တွေ ဝင်လာကြတယ်၊ လာပြီး ဗမာ artist တွေနဲ့တွေ့တယ်။ နောက်တစ်ခုက ပြည်တွင်းထဲမှာလည်း အရင်တုန်းက မလုပ်ဖူးတဲ့ exhibition မျိုးတွေ festival မျိုးတွေ လုပ်နိုင်ခဲ့တယ်။ ဧည့်သည်တွေအများကြီးဝင်လာတယ်။ နောက်တစ်ခါ နိုင်ငံတကာက လာတဲ့ art exchange program တွေ အများကြီးလုပ်နိုင်တယ်။ တော်တော်လေးအရေးကြီးတဲ့ international art exhibition တွေ ရန်ကုန်မှာလုပ်နိုင်တယ်။ သို့သော်ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ်က စပြီး ရိုဟင်ဂျာကိစ္စနဲ့ စပြီး အဲ့ဒီနောက်ပိုင်းမှာနိုင်ငံတကာရဲ့ ခုနကလို tourism business က ကျဆင်းသွားတယ်။ အဲ့ဒါနဲ့အတူ ခုနကလို နိုင်ငံတကာက Burmese art၊ Burmese culture အပေါ်မှာ စိတ်ဝင်စားမှု၊ စီးပွားရေး စိတ်ဝင်စားမှုကျသလိုပဲ ကျသွားတယ်။

၂၀၂၀ မတ် ၂

Hla Phone

Why did you choose this painting?

The main reason is that some people fly in airplanes in the sky and some walk on the ground. I focus on the space in between. It gradually came into view for me. As you know, people commute under a complex maze of lampposts in Yangon. I used to live in the downtown. Now I live in a suburban area and miss the heart of the city. So I did this painting. I wanted to show that in this city these things can be beautiful. It’s not only European cities such as Paris. I wanted to show beauty exists here too. You can usually find lampposts in underdeveloped countries. But they can’t put a lot of resources into street lighting. So the power lines, instead of being straight, are chaotic. Our society is chaotic on the same level. The chaos could be interpreted symbolically. But it’s also beautiful. So in this painting I compare the beauty of lampposts with the still image of buildings.

Has life for you as a painter changed in the past decade?

The subject of my paintings has continued to be buildings. But there are some changes in my new series ‘Three Moons’. In villages, people gather outside their homes when there’s a full moon. It looks wonderful, doesn’t it? There are some places in Yangon where you can see the full moon. But I’m not satisfied with just one moon. I want more and I want to add more moons to my paintings. So I gave it the title ‘Three Moons’. I like lines so much. I want lines to be slanted. Even if they’re straight, I want them to be slanted. They might not be slanted in reality, but I use my personal freedom to make them slanted. You find the same concept in the paths we take. Some people may walk straight, some may walk slanted. You have to have contradictions. That’s the main point. This is a world of contradictions.

18 February 2020

I

လှဖုန်း

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

အဓိကအကြောင်းရင်းကတော့ သူများတွေ မိုးပေါ်က လေယာဥ်ပျံတွေပျံကြတယ်။ အောက်ကနေ လမ်းတွေလျှောက်ကြတယ်။ အဲ့ကြားထဲမှာ ကျနော်က ဖြတ်မြင်နေတာ။ အဲ့မြင်နေရတာက တဖြည်းဖြည်းနဲ့ ချစ်ဖို့ကောင်းလာတယ်။ ရန်ကုန်က သိတဲ့အတိုင်းပဲ ဓာတ်တိုင်းကြိုးတွေ ရှုပ်ရှက်ခတ်နေတဲ့အောက်မှာ လူတွေသွားတယ်လာတယ်။ နောက်ပြီးတော့ ရန်ကုန်မြို့လယ်မှာ အကိုက နေခဲ့တာ။ မြို့ပြင်မှာနေတာကြာတော့ ရန်ကုန်မြို့ကို တဖြည်းဖြည်းလွမ်းလာရင်းနဲ့ အဲ့ပန်းချီကားတွေကိုရေးတာ။ နောက်ပြီးတော့ ဒီမြို့မှာလည်း ဒီဟာတွေက လှပါလား။ ဥရောပမှမဟုတ်ဘူး၊ ပါရီမှမဟုတ်ဘူး။ အလှတွေက ဒီမှာလည်းရှိပါလားဆိုတဲ့ဟာလည်း ပြချင်တယ်။ အဲ့ဒီဓာတ်တိုင်ဆိုတဲ့ ကိစ္စက ရှင်းရှင်းပြောရရင် သိပ်နိမ့်ကျတဲ့ နိုင်ငံတွေမှာပဲ ဓာတ်တိုင်ဆိုတာ ရှိတာများတယ်။ သိပ်မလုပ်နိုင်တော့ဘူး၊ လိုင်းတွေက မဖြောင့်နိုင်တော့ဘူးဆိုတော့ အဲ့ဟာတွေကြားမှာ ဓာတ်တိုင်တွေက ရှပ်ရှက်ခတ်နေတာ။ ငါတို့ လူ့ပတ်ဝန်းကျင်မှာ လူတွေသွားလာကြတာလည်း ဒီလိုပဲ ရှုပ်ရှက်ခတ်နေတယ်။ ဒီမြို့မှာ ရှုပ်ထွေးမှုတစ်ခုကတော့ နမိတ်ပ ပုံရိပ်လိုမျိုးနဲ့တော့ ပြတာပဲ။ ဒါပေမယ့် အဲ့ဒါတွေက အလှတရားဖြစ်သွားတာ။ ဒါကြောင့် ဒီဓာတ်တိုင်အလှတရားနဲ့ တည်ငြိမ်နေတဲ့ အဆောက်အဦးတွေကို ယှဥ်ပြတာပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ပန်းချီကား subject ကတော့ တိုက်တွေပဲ။ ဒါပေမယ့် အခုလုပ်တဲ့ Three Moon series မှာ ပြောင်းလဲသွားတာရှိတယ်။ ရွာမှာ ဓလေ့အရ လသာရင် အပြင်ထွက်ကြည့်ကြတယ်။ ကြည့်ကောင်းတယ် သိတယ်မလား။ ရန်ကုန်မြို့မှာ အဲ့လို လထွက်တဲ့နေရာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်က လတစ်လထဲနဲ့ အားမရဘူး။ လောဘကြီးတယ်။ အဲ့ဒါကြောင့် အကိုက သုံးလ လေးလ ဆွဲပစ်ချင်တာ။ Three Moon ဆိုပြီး အဲ့ဒါကြောင့် လုပ်လိုက်တာ။ အကိုက လိုင်း အရမ်းကြိုက်တယ်။ အကိုက အရမ်းစောင်းချင်တယ်။ တည့်တာတွေကို ပြန်စောင်းချင်တာ။ ဒါက အကို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်မို့လို့ စောင်းတာ။ အပြင်မှာစောင်းချင်မှ စောင်းမှာလေ။ အဓိက ကျနော်တို့ သွားနေတဲ့လမ်းကလည်း အခုလိုပဲ ဆန့်ကျင်ဘက်တွေပဲလေ။ ထောင်တဲ့လူက ရှိရင် လွှဲတဲ့လူက ရှိမယ်။ ဆန့်ကျင်ဘက်လေးတွေထည့်ပေးလိုက်တာ။ အဲ့ဒါက အဓိကပါပဲ။ ဆန့်ကျင်ဘက်တွေ ပေါင်းစည်းထားတဲ့ လောကကြီးပေါ့။

၂၀၂၀ ဖေဖော်ဝါရီလ ၁၈

Htoo Aung Kyaw

Why did you choose this painting?

I like Buddhist philosophy, and my paintings are influenced by Buddhist concepts. The Buddha said life is full of suffering, and people face trouble from birth to death. That’s what I wanted to say in this painting. While I was working on it, the political climate of our country was not very free and open. It was during the political transition with student protests against proposed education reforms. At that time, I was an editor at Pansodan Journal. Due to the nature of our work, we knew the student groups very well. We always heard what was happening to them. And I personally knew some kids who took part in the marches. So for an entire month, I was anxious. We kept hearing they’re coming to Mandalay, and then Myingyan. I was unsettled in those days. I created this painting during that period.

Has life for you as a painter changed in the past decade?

When I started my career as an artist in 2000, there were so many restrictions. After 2013, the censorship board no longer existed and there was more freedom. More freedom to show what you want to show. Back then, you couldn’t use the internet freely. You couldn’t freely create poetry and art. Now there’s more freedom. Sometimes artists use freedom quite a lot. In art, poetry and literature, we weren’t allowed to write about sex. The censorship board would suppress it. Now there are no restrictions. But there’s no absolute freedom. For example, when an audience member is offended by an artist’s work on politics or religion and reports it to the authorities, we need to face the consequences. And because of social media, news spreads very fast. Since 2010, news has spread very fast whether you do good or bad things. And it dissipates quickly. You become famous suddenly. And then people think it’s nothing and fame disappears just as suddenly.

18 February 2020

I

ထူးအောင်ကျော်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ကျနော်က ဗုဒ္ဓ အတွေးအခေါ်ကို သဘောကျတယ်။ ကျနော် ရေးလို့ရှိရင် အဲ့ဒီလို concept များတယ်။ ဗုဒ္ဓက ပြောတယ်။ ဘဝဆိုတာ ဒုက္ခကြီးနဲ့ ပြည့်နှက်နေတဲ့ အရာတစ်ခုပဲ။  လူတွေကလည်း တစ်သက်လုံးမွေးတဲ့အချိန်ကစပြီး သေတဲ့အထိ ဒုက္ခက တစ်ခုပြီးတစ်ခု ရင်ဆိုင်နေရတာ။ အဲ့ဒါလေးကို ပြောချင်တာ။ ကျနော် အဲ့လို ရေးနေတဲ့ အချိန်တုန်းကဆိုရင် ကျနော်တို့ဆီမှာ နိုင်ငံရေးအခင်းအကျင်းက တအားကြီးလွတ်လပ်ပွင့်လင်းမှု သိပ်မရှိသေးဘူး။ နိုင်ငံရေးအပြောင်းအလဲတွေကြားမှာမှ စပ်ကူးမတ်ကူးကာလမှာကလည်း ကျောင်းသား အရေးအခင်းတွေဘာတွေရော ဖြစ်တဲ့အချိန်ပေါ့။ အဲ့ဒီအချိန်မှာ ကျနော်က ပန်းဆိုးတန်းဂျာနယ်မှာ အယ်ဒီတာ လုပ်နေတဲ့အချိန်ဗျ။ ကျနော်တို့က ဂျာနယ်လုပ်နေတယ်ဆိုတော့ ကျောင်းသားအဖွဲ့အစည်းတွေနဲ့ ရင်းနှီးတယ်။ သူတို့ ဘာတွေပဲ ဖြစ်နေပလေ့စေ သူတို့ဘက်က သတင်းတွေက ကျနော့်ဆီကို တက်လာနေတာ။ အရေးအခင်းမှာပါတဲ့ တချို့ကလေးတွေကျတော့ ကျနော်က လူချင်းပါသိတယ်ဗျာ။ အဲ့အခါကျတော့ တစ်လလုံးလောက်နီးပါး သိပ် စိတ်မချမ်းသာဘူး။ သူတို့ တော်ကြာကျတော့ မန္တလေးကနေပြီး ဘယ်ကို ရောက်နေပြီး မြင်းခြံကို ရောက်နေပြီ။ ရက်အရှည်ကြီးအတောအတွင်းမှာက တစ်ရက်မှ စိတ်က အဆင်မပြေဘူး။ အဲ့ဒီအချိန်မှာ ဒီကားကို ရေးဖြစ်တာပါ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ကျနော်တို့ ပန်းချီစရေးတဲ့ ၂၀၀၀−၂၀၀၁ လောက်မှာ တအားကျပ်တည်းတယ်ဗျ။ ၂၀၁၃ ကနေ ဒီဘက်နောက်ပိုင်း ဆင်ဆာဘုတ် မရှိတဲ့အခါကျတော့ ရေးရတာ လွတ်လွတ်လပ်လပ်တော့ရှိလာတယ်။ ကိုယ်ပြချင်တာကို ပြဖို့ လွတ်လပ်ခွင့် နည်းနည်းလေးရလာတယ်။ အရင်တုန်းကဆိုရင် အင်တာနက်တောင်မှ လွတ်လွတ်လပ်လပ်မသုံးရတဲ့ခေတ်ဗျာ။ ကဗျာတွေ ပန်းချီတွေ ရေးတာကအစ လွတ်လွတ်လပ်လပ်မလုပ်ရတဲ့ခေတ်။ အဲ့ဒါလေးတွေက နည်းနည်းလွတ်လပ်လာတယ်။ လွတ်လပ်လာတဲ့အခါမှာ အနုပညာလက်ရာတွေထဲမှာ လွတ်လပ်မှုကို တချို့တွေဆိုရင် တအားကြီး အင်တိုက်အားတိုက် သုံးလိုက်တာပေါ့။ ပန်းချီတွေ ကဗျာတွေ စာပေတွေမှာဆိုလို့ရှိရင် ကျနော်တို့ အရင်တုန်းက လိင်ကိစ္စနဲ့ပတ်သက်တာဆို သိပ်ပြီး ရေးလို့မရဘူး။ စိစစ်ရေးက ဖြတ်ချတာ။ အဲ့ဒါတွေက မရှိတော့ဘူး။ ဒါပေမယ့် အလုံးစုံ လွတ်လပ်မှုရှိလားဆိုတော့ မရှိဘူးဗျ။ ဥပမာ ကျနော်တို့ကတော့ ဖန်တီးလိုက်တယ်ပေါ့နော်။ အနုပညာသမား တစ်ယောက်က ဖန်တီးလိုက်တယ်။ ဒါပေမယ့် ဖန်တီးလိုက်တာကို လာကြည့်တဲ့ပရိတ်သတ်တစ်ယောက်ကတော့ ဒီဟာက ဘာသာရေး သို့မဟုတ် နိုင်ငံရေး ညှိတယ်ပေါ့ဆိုပြီး တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကို သွားပြောတယ်ဆိုရင်တော့ ကျနော်တို့က အဲ့ပြဿနာကို ဖြေရှင်းရတုန်းပဲ ရင်ဆိုင်ရတုန်းပဲ။ ပြီးတော့ ဆိုရှယ်မီဒီယာအားကောင်းလာတော့ ဖြစ်ရင် တအားပြန့်တာမြန်တယ်။ ဥပမာ တစ်ယောက်ယောက်ကနေပြီးတော့ ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ်လုပ် ၂၀၁၀ နောက်ပိုင်းမှာ တအားပြန့်တာလည်းမြန်တယ်။ ပြီးလို့ရှိရင် ပျောက်တာလည်းမြန်တယ်။ ချက်ချင်းနာမည်ကြီးသွားမယ်။ ပြီးရင် ဘာမှမဟုတ်ပါဘူးဆိုပြီး ပြန်ပျောက်သွားမယ်။

၂၀၂၀ ဖေဖော်ဝါရီ ၁၈

Khin Zaw Latt

Why did you create this painting?

In this painting there’s a slight smile on the Buddha’s face. I based it on a marble Buddha statue with patches of gold covering. I first got the idea when I visited a pagoda where people were putting gold plate on a marble statue. I started working on my Buddha series in 2015. I prefer close-up paintings to wide views and landscapes. I wanted to work on portraits in 2015 and settled on making paintings of the Buddha. The image of the Buddha is sacred for Buddhists. And people still value, worship and follow his philosophy and teachings. So I started working on my Buddha series. I made stamps of letters and images and used them to depict the face of the Buddha. On the painting you can see little images I made using stamps. In Buddhist belief, numerous people attain Buddhahood. They all share a common goal. So there are many little Buddhas, but there’s only one Buddha statue in the middle.

Has life for you as a painter changed in the past decade?

There were many exhibitions between 2010 and 2015. As the country started to change, artists’ output changed too. There was no more censorship and you could paint whatever you liked. Previously, you couldn’t have nude paintings in an exhibition. But now you can. In the period from 2010 to 2014, artists from Myanmar could go on overseas trips. But since 2017 there’s not been much innovation. It’s something to do with the market. In 2015, the country experienced important changes and a lot of international media came in. Some even wondered which city would become the heart of the Southeast Asian art world, and whether it might be Yangon. Global media were very interested in contemporary Burmese art. But we don’t see that now. And international interest has decreased because of the political situation.

18 February 2020

I

ခင်ဇော်လတ်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဒီပန်းချီကားရဲ့ ဘုရားမျက်နှာတော်ပုံမှာ သူက နည်းနည်း ပြုံးသယောင်ယောင်လေးဖြစ်နေတဲ့ ပုံပေါ့လေ။ ကျောက်ဘုရားဆင်းတုမှာ ရွှေတွေကွာနေတဲ့ဟာကို ဆွဲထားတာ။ အိုင်ဒီယာရတာကတော့ ဘုရားကိုသွားရင်းနဲ့ စကျင်ကျောက်မှာ ရွှေတွေကပ်ပြီးတော့ ပူဇော်နေတာကို တွေ့ရင်းနဲ့ စိတ်ကူးရပြီးတော့ ဆွဲဖြစ်တာ။ ဘုရားပုံတွေစဆွဲဖြစ်တာက ၂၀၀၅ လောက်မှာ စပြီးဆွဲဖြစ်တာ။ ရှုခင်းတွေ view အကျယ်ကြီးတွေ ဆွဲရတာထက် close-up တွေ ဆွဲရတာပိုကြိုက်တယ်။ တစ်ယောက်ယောက်ရဲ့ပုံကို ၂၀၀၅ လောက်မှာ ဆွဲမယ်စဥ်းစားရင်းနဲ့ နောက်ကျတော့မှ ဘုရားပုံဆွဲမယ်ပေါ့လေ။ ဘုရားကျတော့ ဗုဒ္ဓဘာသာတွေအတွက်လည်း အထွတ်အမြတ်ဖြစ်တယ်။ ပြီးတော့ သူရဲ့အတွေးအခေါ်တွေ ဥာဏ်ပညာတွေကို လူတွေက အခုထက်ထိ ဆည်းကပ်နေကြတယ်၊ ပူဇော်နေကြတယ်၊ အဲ့ဒါတွေကို လိုက်နာနေကြတယ်။ လေးစားရတဲ့ အနေနဲ့ သူ့ရဲ့ပုံကို စပြီးဆွဲဖြစ်တာ။ အဲ့တုန်းကတော့ တံဆိပ်တုံးတွေနဲ့ စာတွေလုပ်၊ ပုံတွေလုပ်ပြီး တံဆိပ်တုံးထုပြီး ဘုရားရဲ့မျက်နှာတော်ကို ပေါ်အောင်ဆွဲတာပေါ့။ အဲ့ဒီပန်းချီကားပေါ်မှာ တံဆိပ်သေးသေးလေးတွေ နှိပ်ထားတဲ့ ဘုရားမျက်နှာတွေ့လိမ့်မယ်။ ဗုဒ္ဓဘာသာမှာ ယုံကြည်တာက ဘုရားတွေက အများကြီးပွင့်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းရှိတယ်။ အဲ့တော့ ဘုရားသေးသေးလေးတွေ အများကြီး ဒါပေမယ့် အလယ်မှာ ဘုရားဆင်းတုကြီးကတစ်ခု။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

၂၀၁၀ နဲ့ ၂၀၁၅ ဝန်းကျင်မှာ ပြပွဲတွေတော်တော်များများ လုပ်ဖြစ်တယ်။ တိုင်းပြည်ရဲ့ အပြောင်းအလဲ လည်းဖြစ်တော့ ပန်းချီဆရာတွေရဲ့ ဖန်တီးမှုတွေလည်း ပြောင်းလဲလာတယ်။ နောက်ပိုင်းမှာ စိစစ်ရေး မရှိတော့ဘူးဆိုတော့ ကိုယ်ဆွဲချင်တဲ့ဟာကိုယ့်ဘာသာဆွဲလို့ရတယ်။ အရင်တုန်းက nude တွေဆိုလည်း ဆွဲချင်ရင်ဆွဲ ပြလို့မရဘူးပေါ့။ အဲ့နောက်ပိုင်းမှာတော့ ပြခွင့်ရလာကြတာပေါ့။ ဆိုတော့ ၂၀၁၀ ကနေ ၂၀၁၅ အထိ နိုင်ငံတကာမှာလည်း မြန်မာပြည်က artist တွေ သွားနိုင်လာတယ်။ exchange တွေဘာတွေလည်းဖြစ်လာတယ်။ ၂၀၁၇ က စပြီး နည်းနည်းလေး ပြန်ငြိမ်သွားတယ်တွေ့ရတာပေါ့။ စျေးကွက်ရဲ့အနေအထားနဲ့လည်း ဆိုင်မယ်ထင်တယ်။ ပန်းချီဈေးကွက်က ၂၀၁၅−၁၆ ဝန်းကျင်မှာကျတော့ တိုင်းပြည်က အပြောင်းအလဲ၊ မီဒီယာတွေက မျိုးစုံလာတယ်လေ။ တချို့ဆိုရင် အရှေ့တောင်အာရှရဲ့ ဘယ်မြို့မှာ အနုပညာရဲ့  heart ဖြစ်လာမလဲ၊ ရန်ကုန်ကရော ဘယ်လိုအနေအထားမှာရှိနိုင်မလဲလို့ မေးတဲ့ဟာမျိုးတွေလည်းရှိတယ်။ နိုင်ငံတကာ မီဒီယာတွေက မြန်မာပြည်ရဲ့ လက်ရှိအနုပညာအပြောင်းအလဲကို စိတ်ဝင်စားတယ်။ နောက်ပိုင်းမှာတော့ သိပ်မတွေ့တော့ဘူး။ နောက်တစ်ခါ နိုင်ငံရေးအခြေအနေကြောင့် ပြည်ပက ဝင်တာတွေလည်း နည်းလာတာပေါ့။

၂၀၂၀ ဖေဖော်ဝါရီ ၁၈

Kay Moe Ko

Why did you choose this painting?

When I was working on this series of paintings, I had a lot of issues in my private life. In these paintings, I mainly wanted to highlight red and black. Red is success and black is failure. I wanted success and failure to joust on the canvas. The colours, not the subject, are my focus here. I also made sharp brush strokes. In 2013, I had marital problems. I could no longer build a life with my wife. And I was drawn into troubles. I did this series while facing all these issues. It was my inspiration, a do-or-die situation. I also like Burmese dance and performance. The subject naturally fits with strokes of red and black. The colours were most important to me while I was working on this series. The subject is just there to assist them. Even now, the brush work and colour I use match my emotions on a subject. That’s my habit.

Has life for you as a painter changed in the past decade?

I want to talk about my private life. There were good and bad things. As I said before, I had to gain confidence to rebuild my life. Some of my friends helped me. And I sold a lot of paintings from this series. So I had some success. I was financially more secure. Although I went through a divorce, I won custody of my daughter. So everything just faded away. Now I’m doing a series on Myanmar ladies. I don’t live by ‘isms’. If modernist presentation is good, I’ll use it. If abstract presentation is better, I’ll use it. I choose what seems most effective.

18 February 2020

I

ကေမိုးကို

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ကျနော် အဲ့ကားတွေ ရေးတုန်းက ကျနော့်ပုဂ္ဂလဘဝမှာ ဒုက္ခသုက္ခတွေ ခံနေရတဲ့အချိန်ပါ။ အဓိကက အဲ့ကားတွေရေးတာက ကျနော်က အနီနဲ့အနက်နဲ့ကို ဦးစားပေးတာ။ အနီနဲ့အနက်နဲ့မှာ အနီက အောင်မြင်မှု၊ အနက်က ကျရှုံးမှု။ အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းကို ကျနော်က နှစ်ခုကို စီးခြင်းထိုးတာ။ အဲ့ဒီမှာ subject က အဓိက မဟုတ်တော့ဘူး။ အရောင်တွေက အဓိက။ ရေးချက်တွေလည်း ကျနော် ပြတ်ပြတ်သားသားရေးထားတယ်။ အဲ့ဒီနှစ်ပိုင်း ၂၀၁၃ က ကျနော် အိမ်ထောင်ရေး အဆင်မပြေဘူး။ ကျနော့် အမျိုးသမီးနဲ့ ကျနော် ဘဝကို တည်ဆောက်လို့မရဘူး။ အဲ့မှာ ကျနော် တော်တော်လေး ဒုက္ခ သုက္ခရောက်သွားတယ်။ အဲ့ကြားထဲကမှ ပေါက်ထွက်ပြီးတော့ ဒီစီးရီးကို ရေးဖြစ်တာ။ တွန်းအားပေးသွားတာပေါ့။ နေမလားသေမလား do or die ပေါ့။ နောက် မြန်မာမင်းသားမင်းသမီးရဲ့အငြိမ့်တွေ ဇာတ်တွေကိုလည်း သဘောကျတယ်။ အနီအနက်ရေးချက်ထဲမှာ subject က အလိုလိုပါသွားတဲ့သဘောပါပဲ။ အဲ့ဒီစီးရီးရေးတုန်းက အဲ့အရောင်က ကျနော့်အတွက်အရေးကြီးဆုံးပဲ။ subject က သူ့ကို ကူညီသွားတဲ့သဘောလေးပဲ။ ကျနော် အခုရေးနေတာတွေဆိုရင် အကြောင်းအရာတွေအပေါ်ခံစားမိပြီး သူနဲ့လိုက်ဖက်မယ့် အလျဥ်းသင့်တဲ့ ကျနော့်ရဲ့ brush work တွေ အရောင်တွေ ကျနော်က သုံးပြီးရေးတယ်။ အဲ့ဒါ ကျနော့်ရဲ့ အကျင့်ပဲပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ကျနော့်ရဲ့ တစ်သီးပုဂ္ဂလဘဝပဲ ပြောရမှာပဲ။ အဆင်ပြေတာမပြေတာတွေရှိတယ်။ အဲ့ဒါကလည်း ကျနော် ခုနပြောသလို ကိုယ့်ဘာသာ confidence ယူပြီး တည်ဆောက်လာတာ။ မိတ်ဆွေအပေါင်းအသင်းတွေ ကျနော့်ကို ကူညီတာတွေရှိတယ်။ အဲ့ဒီ အနီနဲ့ စီးရီးရေးတော့ အရောင်းအဝယ်ဖြစ်တယ်၊ အောင်မြင်တာပေါ့။ ငွေရေးကြေးရေးလည်း အဆင်ပြေလာပြီး အိမ်ထောင်ကွဲပေမယ့် ကျနော့် သမီးလေးကို ပြန်ပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်ဆိုတော့ အဲ့ကိစ္စတွေက တဖြည်းဖြည်းနဲ့ မှိန်ဝါးသွား တယ်။ အဆင်ပြေပြေနဲ့ နောက်ထပ် Myanmar ladies စီးရီးတွေ ရေးဖြစ်တယ်။ ကျနော်စိတ်ခံစားမှုနဲ့ အာရုံရရင်ရသလို၊ ism အစွဲကို မထားဘူး။ မော်ဒန်နည်းနဲ့ပြသင့်တယ်ဆို မော်ဒန်နဲ့၊ abstract နဲ့ပြသင့်တယ်ဆို abstract နဲ့ပြတယ်။ ထိရောက်မယ့်နည်းကို အသုံးပြုတယ်။

၂၀၂၀ ဖေဖော်ဝါရီ ၁၈

Dawei Lay

Why did you choose this painting?

I painted this painting to describe my feelings about land-grab protests. Under the U Thein Sein government in 2013, there were confrontations because of military land grabs. There were protests all over the country. It was also based on what I felt when the lands of farmers and poor people were seized in Letpadaung. I feel at peace when I see people planting trees. They don’t have to be farmers, and it doesn’t matter what they’re planting. I just have a good feeling when I see people working on a farm. It’s peaceful to me. The painting reflects my mental state from those times. I also wanted to show my gratitude to farmers.

Has life for you as a painter changed in the past decade?

There are no interventions and censorship now. To tell you the truth, they can’t pay attention to us. They’re busy with other issues. You can do whatever you want at the moment. I can’t say there are any other good changes. The art market suffered a nosedive when tourists stopped coming. It has a lot to do with the black spot on our country’s reputation. To be honest, our artworks don’t have a domestic market. We just depend on tourists and foreign collectors. So there’s been a large decline in the past five years. It used to be pretty good.

Has Myanmar changed in the past decade?

There are fewer men in the villages now. They went to foreign countries such as Malaysia to find jobs. So today there are no real workers in the villages. Instead, their wives have to manage the farms. That’s why my paintings usually feature women. I think there have been some changes. The government supports agriculture to some extent. It gave some compensation to farmers for their land. But the farmers continue to have a hard time making ends meet. We’re a family of farmers, including my grandparents. They keep themselves occupied with farming. They hardly ever have a good year. They just keep working for their bellies.

9 February 2020

I

ထားဝယ်လေး

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

လယ်ယာမြေပြဿနာတွေနဲ့ ပတ်သက်တဲ့ဆန္ဒပြပွဲအကြောင်းကို ခံစားပြီး ဒီကားကို ရေးဖြစ်တာပါ။ အရင် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃တုန်းက စစ်တပ်က သိမ်းထားတဲ့ လယ်တွေနဲ့ပတ်သက်ပြီး ထိပ်တိုက်တွေ့တဲ့အချိန်။ အဲ့တုန်းက တစ်နိုင်ံလုံး ဆန္ဒပြပွဲတွေဖြစ်တယ်။ နောက်ပြီး လက်ပတောင်းကြေးနီနဲ့ပတ်သက်ပြီးတော့ လယ်သမား အခြေခံလူတန်းစားတွေဖြစ်တဲ့ စိုက်ပျိုးရေးသမားတွေရဲ့ မြေသိမ်းခံရမှုနဲ့ပတ်သက်ပြီး ခံစားမှုတွေဖြစ်လာလို့ ဒီကားကို ရေးဖြစ်တာပါ။ ကျနော်က အပင်စိုက်တဲ့လူတော်တော်များများကို တွေ့လို့ရှိရင် စိတ်ချမ်းသာတယ်။ လယ်သမားမှမဟုတ်ဘူး။ ဘာပင်ပဲဆိုက်ဆိုက် ဒီနှစ်ရှည်ပင်တွေပဲစိုက်စိုက်ပေါ့။ စိုက်ခင်းလေးတွေမြင်ရတယ်။ အဲ့စိုက်ပျိုးရေးသမားလေးတွေ အလုပ်လုပ်နေတာ တွေ့လို့ရှိရင် စိတ်တစ်မျိုးခံစားရတယ်။ ငြိမ်းချမ်းတဲ့ပုံစံမျိုးပေါ့နော်။ စိတ်ချမ်းသာသလို ဘာလိုလို။ အဲ့လိုခံစားရပြီးတော့ ဒီလိုမျိုးပန်းချီကားတွေ ထွက်လာတာပေါ့နော်။ သစ်ပင်စိုက်ပျိုးတဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့လည်းဖြစ်မှာပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ရွာတွေမှာက ယောင်္ကျားတွေက သိပ်မရှိတော့ဘူး။ မလေးရှားထွက် နိုင်ငံခြားထွက် အလုပ်လုပ်နေကြတယ်။ ရွာမှာကျန်ခဲ့ပြီး တစ်ကယ်အလုပ်လုပ်တဲ့လုပ်သားတွေ သိပ်မရှိတော့ဘူး။ အိမ်ထောင်ရှင်အမျိုးသမီးတွေပဲ ကိုယ့်လယ်ယာမြေကို ဦးဆောင်ပြီး စိုက်ပျိုးရေးလုပ်ကိုင်နေရတဲ့ အနေအထားမှာရှိတယ်။ ဒါကြောင့် ပန်းချီမှာ အမျိုးသမီးတွေကိုပဲ တော်တော်များများ ရေးဖြစ်တာများတယ်။ အခုအချိန်မှာ ဘယ်လိုကွာခြားလဲဆိုတော့ နည်းနည်းလေးတော့ ရွေ့သွားတယ်လို့ထင်ပါတယ်။ စိုက်ပျိုးရေးဘက်ကို အစိုးရကလည်း နည်းနည်းလေး ပံ့ပိုးပေးတဲ့အနေအထားမှာရှိတယ်။ လယ်ယာမြေပြန်လျော်ပေးတာရှိတယ်။ အဓိကကတော့ စိုက်ပျိုးရေးသမားတွေရဲ့ ဘဝတွေက အရင်တုန်းက တော်တော်များများက အဆင်မပြေကြဘူး။ စားဝတ်နေရေး ရုန်းကန်နေရတာချည်းပဲ။ ကျနော်တို့လည်း ကျနော့် ဘိုးဘွား လက်ထက်အကုန်လုံး လယ်သမားတွေပဲ။ လယ်ယာမြေနဲ့အလုပ်လုပ်ခဲ့တဲ့လူတွေဆိုတော့။ ပတ်ချာလည်လိုက်နေတာပဲ။ အဆင်ပြေတဲ့နှစ်တောင်သိပ်မရှိပါဘူး။ ဝမ်းစာအတွက် ကျောင်းနေရတဲ့ အနေအထားတွေပဲများတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

အတားအဆီးအနှောက့်အယှက်မရှိဘူး။ အခုလောလောဆယ်တော့ စိစစ်ရေးမရှိတော့ဘူး။ အမှန်အတိုင်းပြောရရင်တော့ ကျနော်တို့ဘက်ကိုလည်း သူတို့က အာရုံစိုက်ဖို့မရှိပါဘူး။ တခြားပြဿနာတွေဖြေရှင်းနေရတာနဲ့ သူတို့ဟာသူတို့ ရှုပ်ယှက်ခတ်နေတော့။ လောလောဆယ်မှာ လုပ်ချင်တာလုပ်လို့ရတဲ့ အနေအထားရှိပါတယ်။ အပြောင်းအလဲကတော့ တိုးတက်တယ်လို့ ပြောလို့မရဘူး။ စျေးကွက်အနေအထားအရတော့ အကုန်ထိုးဆင်းနေတာပဲ။ ခရီးသွားတွေက အကုန်လုံးရပ်တန့်ကုန်ပြီ။ ကျနော်တို့ နိုင်ငံပုံရိပ်က အမဲဆက်ထင်ထားတော့ အဲ့ဒါနဲ့ အများကြီးပတ်သက်တာပေါ့။   ကျနော်တို့သွားတဲ့ လမ်းကြောင်းတွေ ကျနော်တို့ရဲ့ အနုပညာတွေက အမှန်အတိုင်းပြောရရင် ပြည်တွင်းမှာ ဘယ်လိုမှ စျေးကွက်မရှိဘူး။ နိုင်ငံခြားသား ဧည့်သည်တွေ နိုင်ငံခြားက collector တွေ ဝယ်တဲ့ဟာလောက်ပဲ ကျနော်တို့က အမှီပြုပြီးသွားနေရတော့လေ လုံးဝကို ဒီလေးငါးနှစ်လောက်မှာ လုံးဝကို စံချိန်ကျသွားတာပေါ့နော်။ အရင်တုန်းကဆို အနေအထားက တော်တော်ကောင်းပါတယ်။

၂၀၂၀ ဖေဖော်ဝါရီ ၉