Why did you choose this painting?

I created this painting because I miss Myanmar’s vanishing culture. Before modern technology and communications, this would have been the life of mothers and babies. The mother would sing lullabies or tell bedtime stories and mythological tales as she put her baby to sleep. In the stories, there would be vicious ogres, cute angels and majestic heroes. I added some traditional artefacts. I’m interested in our heritage. I fear losing it. So I paint it using my skill. I read children’s storybooks to get inspiration. I also learn about Myanmar traditions and history.

Has life for you as a painter changed in the past decade?

There’ve been some small changes for me. I want to break away from my usual style. I want to paint freely instead of capturing the details of my subject. I want to use big strokes and get rid of unnecessary stuff. Regarding art, it’s not much of a change that most artists use a political leader as their subject. Instead of freely pursuing art, they paint a leader’s image in many different ways. I don’t think that’s change. There are encouraging changes from young artists, who have new philosophies and styles. They’ve made innovations like never before.

Has Myanmar changed in the past decade?

Our culture could be drowned out. As we’re a least developed country, not just a developing country, we don’t know that we should preserve our culture. We pursue materialism. I feel that our cultural heritage, which should be preserved, is in decline. There’s less support for preservation. A while ago, pagodas in Bagan were renovated. But there was no attempt to preserve our cultural heritage and traditions. I heard that lime wash was painted over mural walls.

26 June 2020

I

လှပ

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ကျနော်က ကွယ်ပျောက်လုဖြစ်နေတဲ့ မြန်မာ့ ယဉ်ကျေးမှုကို လွမ်းဆွတ်တဲ့ အနေနဲ့ ရေးတာပါ။ အခုလို ခေတ်မီ ဆက်သွယ်ရေးတွေ နည်းပညာတွေ မပေါ်ခင်က ကလေးငယ်လေးတွေနဲ့ မိခင်တွေရဲ့ ဘဝပေါ့။ မိခင်တွေက သားချော့တေးလေးတွေ၊ ညအိပ်ယာဝင်ပုံပြင်လေးတွေ၊ ရာဇဝင်အကြောင်းအရာတွေကို ပြောပြရင်း ကလေးချော့သိပ်ကြတယ်။ ပန်းချီကားမှာ မြန်မာ့အသုံးအဆောင်လေးတွေကိုလည်း သုံးထားပါတယ်။ ကလေးကို ပုံပြောတဲ့အခါ ကြမ်းကြုတ်တဲ့ ဘီးလူးလို ဇာတ်ကောင်မျိုးတွေ၊ ချစ်စရာ နတ်သမီး နတ်သားတွေ၊ ဂုဏ်ယူစရာကောင်းတဲ့ ရှေးက သူရဲကောင်းတွေ ပါမယ်။ ကျနော်က ရိုးရာအမွေအနှစ်ကို စိတ်ဝင်စားတယ်၊ ပျောက်ပျက်သွားမှာစိုးတယ်။ ဒါကြောင့် ကျနော်တတ်ကျွမ်းတာနဲ့ ပေါင်းစပ်ပြီး ရေးတာပေါ့။ ရေးဖို့အတွက် ခံစားမှုရဖို့ ပုံပြင်တွေဖတ်တယ်၊ မြန်မာ့ရိုးရာနဲ့ သမိုင်းအကြောင်း စာတွေ ဖတ်တယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ကျနော့်အတွက် အနည်းငယ်တော့ ပြောင်းလဲပါတယ်။ ကျနော်ပုံမှန်ရေးနေကျကနေ ခွဲထွက်ကြည့်ချင်တယ်။ အကြောင်းအရာကို အသေးစိတ် ရေးဆွဲတဲ့ အနေအထားကနေ စိတ်ထဲမှာ ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ်ရေးချင်လာတယ်။ ခပ်သွက်သွက်လေးရေးပြီး မလိုတာတွေကို ရှင်းထုတ်တဲ့ ပုံမျိုးကို ရေးချင်လာတယ်။ အနုပညာအကြောင်းဆိုရင် ပန်းချီဆရာ အများစုက နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကိုပဲ ပန်းချီလုပ်ရေးနေတာက မပြောင်းလဲဘူးလို့ ထင်တာပဲ။ လွတ်လပ်တဲ့ အနုပညာကို ရှာဖွေရမယ့်အစား ခေါင်းဆောင်တစ်ယောက်ရဲ့ပုံကိုပဲ နည်းမျိုးစုံနဲ့ဝိုင်းရေးနေကြတယ်။ အဲ့ဒါကိုတော့ ကျနော် ပြောင်းလဲမှုလို့ မမြင်ဘူး။ တချို့လူငယ်ပိုင်းတွေကျတော့လည်း အရမ်းအားရပါတယ်။ လူငယ်တွေထဲမှာ အတွေးအခေါ်တွေ လက်ရာတွေ ပြောင်းလဲလာတယ်။ အရင်ကနဲ့ မတူတဲ့ ဆန်းသစ်မှုတွေ တွေ့လာရတာပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ယဉ်ကျေးမှုတွေ တိပ်မြုပ်ပျောက်ကွယ်သွားနိုင်တယ်။ ကျနော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲတောင် မဟုတ်တော့ပဲ ဖွံ့ဖြိုးမှု နှေးကွေးတဲ့နိုင်ငံဆိုတော့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းရကောင်းမှန်းလည်း သိပ်မသိဘူးပေါ့။ ရုပ်ပိုင်းကို အရမ်း အားသန်ပြီး လိုက်ချင်တော့ တန်ဖိုးထားထိန်းသိမ်းရမယ့် ယဉ်ကျေးမှုအမွေအနှစ်တွေက လျော့သွားတယ်လို့ ခံစားရတယ်။ ပြည်တွင်းက အားပေးမှုနှုန်းလည်း နည်းတယ်။ တလောက ပုဂံဘုရားတွေကို ပြုပြင်မွမ်းမံတဲ့အခါ ယဉ်ကျေးမှု အမွေအနှစ်တွေ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းရကောင်းမှန်းမသိတာ တွေ့ရတယ်။ ပုဂံနံရံပန်းချီတွေကို ထုံးသုတ်ပြီး ပြုပြင်တာတွေ လုပ်တယ်လို့ ကြားသိရတယ်။

၂၀၂၀ ဂျွန် ၂၆