Why did you create this painting?

This is a painting of monks, which is my usual subject. In it, monks and novices are walking with umbrellas under the sun. The reason why I show their backs is because monks turn their backs on the human realm to achieve nirvana. Most of my shows are about monks. Before I went abroad, I painted many subjects. When I studied overseas, I noticed artists developing their own style and working on a series. Then I realized I should paint monks. When I was young, I was a pupil at a monastery. My uncle and grandfather are monks. As our house is next to a monastery, I began to paint monks.

Has life for you as a painter changed in the past decade?

In the past decade, I painted people travelling on roads and landscapes as well as monks. I also made watercolours. There were many changes from the 1990s to the 2010s. In the 1990s, there were few galleries and exhibitions. In the 2010s, many galleries rented out space. There were lots of exhibitions featuring both artists and amateurs. In the 1990s, we had one or two exhibitions a year. In the 2010s, there were three or four a day. There’s been a decline in quality because there’s so much quantity. In the 1980s and 1990s, artists had to rely on diplomats. They were the only ones who bought paintings. Very few Burmese bought. But in the 2010s, there were art traders. Some wealthy Burmese started to buy paintings.

Has Myanmar changed in the past decade?

Monks are very important for our country. Religious faith is needed to civilize our minds. Religion guides our ethics. In the past, monks were highly respected and admired. People wouldn’t even step on a monk’s shadow. These habits became lax as a result of lifestyle changes. Now some people don’t even know how to speak to a monk. You could say they’re ruder because they have fewer opportunities to learn in monasteries.

12 June 2020

I

မင်းဝေအောင်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဒီပန်းချီကားက ကျနော်ရေးနေကျ ရဟန်းသံယာတွေ အကြောင်းပေါ့။ ပန်းချီကားက ကိုရင်တွေ ဦးဇင်းတွေ နေပူထဲမှာ ထီးနဲ့ လမ်းလျှောက်ကြွသွားနေတဲ့ ပုံကို ဆွဲထားတာပါ။ နောက်ကျောဘက်ကနေ ဆွဲထားတဲ့အကြောင်းကတော့ ရဟန်းသံယာတော်တွေက လူ့ဘောင်ကို ကျောခိုင်းပြီး ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ကို သွားတဲ့ ပုံစံမျိုးပေါ့။ ဘုန်းကြီးကားတွေပဲ ပြပွဲတွေ တော်တော်များများလုပ်ဖြစ်ပါတယ်။ ဟိုးအရင်တုန်းက နိုင်ငံတကာကို မထွက်ခင်တုန်းက ပန်းချီဆွဲတာ subject အစုံဆွဲတယ်။ နိုင်ငံခြားမှာ သွားလေ့လာတော့ ပန်းချီဆရာတွေက ကိုယ့်စတိုင်နဲ့ကိုယ် စီးရီးလိုက်ရေးကြတာတွေ ကို သတိထားမိတယ်။ အဲ့ဒါနဲ့ ဘုန်းကြီး ရဟန်းသံဃာတော်တွေကို စီးရီးအလိုက်ရေးမယ်ဆိုတဲ့ စိတ်ကူးပေါ်လာတာ။ ကျနော့်ငယ်ငယ်က ဘုန်းကြီးကျောင်းသားဘဝနဲ့ နေခဲ့ရတယ်။ ကျနော်ရဲ့ ဦးလေးတွေ အဘိုးတွေကလည်း ဘုန်းကြီးတွေပေါ့နော်။ ကျနော်တို့အိမ်ကလည်း ဘုန်းကြီးကျောင်းဘေးမှာရှိတော့ ရဟန်းသံဃာတွေကို ရေးဖို့ဖြစ်လာတာပါ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

အဲ့ဒီကာလမှာက ရဟန်းသံဃာတွေအပြင် လူတွေ လမ်းမပေါ်တွေမှာ သွားလာနေတာတွေ၊ ရှုခင်းတွေ ဆွဲဖြစ်တယ်။ ဒီဆယ်စုနှစ်ထဲမှာကို ရေဆေးပန်းချီကားတွေ ဆွဲဖြစ်တယ်။ ၁၉၉၀ ခုနှစ်တွေကနေ ၂၀၁၀ ခုနှစ်တွေဆို တော်တော်လေးပြောင်းသွားပြီ။ ၉၀ ပတ်ဝန်းကျင်က ပန်းချီပြခန်းတွေ၊ ပွဲတွေ သိပ်မရှိသေးဘူး နည်းတယ်။ ၂၀၁၀မှာကျတော့ ပန်းချီပြခန်းတော်တော်များများက အခန်းငှားစားတာဖြစ်လာတယ်။ ပန်းချီဆရာတွေရော ပန်းချီဆရာမဟုတ်တဲ့ ဝါသနာရှင်တွေရော ပြပွဲတွေ အများကြီးပေါ်ပေါက်လာတယ်။ ပန်းချီလောကထဲမှာ ၉၀ ခုနှစ်တွေတုန်းက တစ်နှစ်မှ ပြပွဲတစ်ပွဲလောက်ပဲရှိတယ်။ ၂၀၁၀ လောက်ကျတော့ တစ်နေ့ထဲကို ပြခန်းတွေက သုံးလေးပွဲပြလာကြတယ်။ အရည်အတွက်ကြောင့် အရည်အချင်းတွေ လျော့လာတယ်ပေါ့။ ၈၀ခုနှစ်၊ ၉၀ ခုနှစ်လောက်က ပန်းချီဆရာတွေက သံတမန်တွေကိုပဲ အားကိုးရတယ်။ သံတမန်တွေပဲ ပန်းချီကားတွေကို ဝယ်ယူအားပေးကြတာ။ ဗမာတွေထဲက မဝယ်သလောက် နည်းလွန်းတဲ့အချိန်ပေါ့။ ၂၀၁၀ ကျတော့ ပန်းချီဝယ်ရောင်းသမားတွေ ပေါ်လာတယ်။ ဗမာထဲကလည်း ပိုက်ဆံရှိတဲ့ လူတွေ ပန်းချီဝါသနာပါတဲ့သူတွေက ပန်းချီကားတွေကို ဝယ်လာကြတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ရဟန်းသံဃာတွေကတော့ တိုင်းပြည်အတွက် အရမ်းအရေးကြီးတာပေါ့။ လူတွေစိတ်တွေ ယဉ်ကျေးဖို့ ကိုးကွယ်ယုံကြည်မှုတွေက အရမ်းအရေးကြီးပါတယ်။ ဘာသာရေးနဲ့ပဲ လူ့ကျင့်ဝတ်တွေကို ထိန်းကျောင်းသွားတာပါ။ အရင်တုန်းကတော့ ရဟန်းသံဃာတွေကို လူတွေက အရမ်း ရိုသေကိုင်းရှိုင်းကြတယ်။ လူ့အဖွဲ့အစည်းမှာ ရဟန်းသံဃာဆိုရင် အရိပ်တောင် မနင်းကြဘူး။ လူနေမှုဘဝတွေ ပြောင်းလာတော့ အဲ့ဒါတွေက ပေါ့ပျက်သွားတာပေါ့။ တချို့တွေဆို ရဟန်းသံယာတွေနဲ့တွေ့ရင် စကားတောင် မပြောတတ်တော့တဲ့ အနေအထားတွေ ဖြစ်ကုန်ကြတာပေါ့။ ဘုန်းကြီးကျောင်းတွေမှာ စာသင်ခဲ့ရတဲ့ အနေအထားတွေ နည်းလာတော့ ပိုရိုင်းလာတယ်လို့ပဲပြောရမှာပေါ့။

၂၀၂၀ ဂျွန် ၁၂