Why did you choose this painting?
As war and displacement persist, I continue to paint this subject to this day. Mostly I have more emotion for children. I wonder what happens to their education and well-being. Back then, I thought about the clashes in Kachin and Kayin States. It’s easy for me to travel to Kayin State, so I feel close to it. I feel for the people there. To my mind, they suffer from both sides. The army takes them as porters when they become adults. The rebels take them as soldiers for the revolution. I know that’s why Kayin teenage boys flee and become monks. There are too many land mines. So even if there’s no actual fighting, people always face the danger of mines when they collect firewood or fetch water. That’s why I put people on crutches in my paintings. The land mines still haven’t been cleared. I don’t know who planted them. But it’s the people who suffer. There’s virtually no development. On the other hand, in Rakhine, Chin and Kachin States, people can’t return to their villages. I saw some news yesterday about a schoolgirl who had her leg cut off. I’m moved by these events, so I still paint about them today.
Has Myanmar changed in the past decade?
My feelings are unchanged. I always direct my attention to politics, so I feel much the same way as before. The changes we see now are superficial. The essence hasn’t changed, so my feelings remain the same. The gap between the classes is growing. Despite the ongoing peace process, we don’t have peace. What’s worse is that there are two governments now. It’s harder to attain peace. New clashes make it worse. In the past, there were no Rakhine rebels. Now they’re there in Rakhine State. If we think about it properly, there are more things to worry about. I want a government that’s not dominated by the military. I want both sides of the armed conflict to deliver peace. But I don’t see us getting it. This will hinder the education of a new generation of children. Low levels of education will lead to the decline of the country as a whole. You can see it now. With Covid-19, we’ve been lucky to avoid bad consequences. People aren’t intelligent enough, so they don’t wear masks and they go wherever they please. Intelligence is necessary for health awareness. Most of them can’t follow health advice. And racial antagonism will grow bigger and bigger. This fire can’t be put out.
8 June 2020
I
မြင့်စိုး
ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။
စစ်ပွဲတွေ၊ စစ်ရှောင်ရတာတွေက ဒီနေ့ထက်ထိ အဆုံးမသတ်သေးတော့ ဒီနေ့ထက်ထိ အဲ့ဒီအကြောင်းကို ပန်းချီရေးနေတုန်းပဲ။ များသောအားဖြင့် ကလေးတွေအတွက်ဆို စိတ်က ခံစားမှုပိုများတယ်။ သူတို့ရဲ့ ပညာရေးတို့ စားဝတ်နေရေးတို့ကို တွေးမိတယ်။ အဲ့ဒီကာလတုန်းကတော့ ကျနော်က ကချင်နဲ့ ကရင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေ အကြောင်းတွေးမိတယ်။ ကရင်ပြည်နယ်ကို သွားလို့လွယ်တော့ ကရင်ပြည်နယ်က ကျနော့်အတွက် ပိုပြီးနီးစပ်တယ်။ အဲ့လူတွေအတွက် ခံစားရတယ်။ လေ့လာမိသလောက် မေးစမ်းကြည့်သလောက်ဆို နှစ်ဖက်လုံးရဲ့ ဒဏ်ကို ခံခဲ့ရတယ်။ အရွယ်ရောက်လာပြီဆိုရင် တပ်မတော်က ပေါ်တာခေါ်တယ်။ သူတို့လူမျိုးကလည်း တော်လှန်ရေးအတွက် စစ်သားခေါ်တယ်။ ဒါကြောင့် ကရင်ချာတိတ်တွေက ဘုန်းကြီးဝတ်ပြီး ရှောင်ရတယ်လို့ သိရတယ်။ ကရင်မှာ မြေမြုပ်မှိုင်းတွေက အများကြီးရှိတော့ ပြည်သူတွေက စစ်မဖြစ်တောင် ထင်းခွေရေခပ်သွားရင်း မြေမြုပ်မှိုင်းတွေဒဏ်ကို အမြဲကြုံနေရတယ်။ အဲ့ဒါကြောင့် ပန်းချီကားထဲမှာ ချိုင်းထောက်တွေ ထည့်ရေးဖြစ်တာ။ မြေမြုပ်မှိုင်းတွေကို အခုထိ ရှင်းလို့မရသေးဘူး။ နှစ်ဖက်လုံးက ဘယ်သူတွေ မြုပ်တယ်တော့မသိဘူး။ ခံရတာကတော့ ပြည်သူပဲ ခံရတာ။ ကရင်ပြည်နယ်ဘက်မှာ ဖွံ့ဖြိုးတိုးတက်မှုဘာမှမရှိသေးဘူး။ တစ်ဖက်မှာက ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်တွေမှာ ဒီနေ့ထက်ထိ လူတွေ ရွာမပြန်နိုင်သေးဘူး။ ရွာပြန်လို့မရသေးဘူး။ ရခိုင်မှာဆို မနေ့တနေ့က ကြည့်လိုက်ရတယ်။ ကျောင်းသူလေးတစ်ယောက်ခြေထောက်ပြတ်သွားတာ။ ကျနော်က အဲ့ဒါတွေကို အာရုံရပြီး ဒီနေ့ထက်အထိ ဆက်ရေးနေတုန်းပဲ။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။
ကျနော်မှာ စိတ်ခံစားမှုကတော့ အရင်အတိုင်းပါပဲ။ နိုင်ငံရေးအပေါ်မှာပဲ အာရုံကျနေတာဆိုတော့ ကျနော်ရဲ့ ခံစားမှုက အရင်အတိုင်းပဲခံစားတယ်။ အခု ပြောင်းလဲတယ်ဆိုတာ အပေါ်ယံလောက်ပဲ ရှိတာကိုး။ အနှစ်သာရက မပြောင်းလဲတော့ စိတ်ခံစားမှုကလည်း အရင် အခြေအနေအတိုင်းပဲ ရှိတယ်။ လူတန်းစားကလည်း ပိုပြီးကွာဟလာတယ်။ ငြိမ်းချမ်းရေးဆိုတာလည်း လုပ်သာနေတယ်၊ ဒီနေ့ထက်ထိ မရသေးဘူး။ ပိုဆိုးသွားတာက အစိုးရက နှစ်ဖွဲ့ဖြစ်နေတယ်။ ငြိမ်းချမ်းရေးရဖို့ ပိုခက်ခဲနေပြီ။ ပိုဆိုးတာက စစ်ပွဲ အသစ်တွေတောင် ပေါ်နေတယ်။ အရင်တုန်းက ရခိုင်မှာ သူပုန်မရှိဘူး။ အခုရခိုင်မှာ ပေါ်လာပြီ။ တစ်ကယ် နက်နက်နဲနဲ ခံစားမယ်ဆို စိတ်ညစ်စရာပိုတောင် များလာတယ်။ စစ်တပ်မလွှမ်းမိုးတဲ့ အစိုးရကို လိုချင်တယ်။ လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖက်လုံးကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တယ်။ ဆက်လက်ငြိမ်းချမ်းဖို့လည်း ကျနော့်အနေနဲ့တော့ မမြင်ဘူး။ မျိုးဆက်သစ် ကလေးတွေရဲ့ ပညာရေးမှာ အကုန် နှောင့်နှေးကုန်မှာ။ ပညာရေးနှိမ့်ကျလို့ရှိရင် တိုင်းပြည်က ဆက်ပြီး နှိမ်ကျသွားမှာ။ အခုပဲကြည့် ကိုဗစ်ဖြစ်တယ်ဗျာ။ ကျနော်တို့က ကံတရားကြောင့်သာ ဆိုးဆိုးရွားရွားမဖြစ်တာ။ ပြည်သူက အသိဥာဏ်ဖွံဖြိုးမှုမရှိတော့ mask ကို တပ်ချင်မှတပ်တယ်၊ သွားချင်သလိုသွားတယ်၊ လာချင်သလိုလာတယ်။ ကျန်းမာရေးအသိဆိုတာ ဥာဏ်ရေဖွံ့ဖြိုးမှ လိုက်နာနိုင်မှာပေါ့။ တော်တော်များများက အသိဥာဏ်မဖွံ့ဖြိုးတော့ ကျန်းမာရေးအကြံဥာဏ်တွေကို မလိုက်နာနိုင်ဘူး။ နောက်ပြီးတော့ လူမျိုးရေး နာကျည်းမှုတွေ ပိုပိုပြီး ကြီးလာမယ်။ ဒီမီးက ငြှိမ်းလို့ရမှာမဟုတ်ဘူး။
၂၀၂၀ ဂျွန် ၈