Why did you choose this painting?

This painting is from my first solo show at Lokanat Gallery in 2015. When I visited Monywa, I took a photo of a child because I liked his look. I usually paint portraits, and I was intrigued by this child. When I’m travelling, I take photos of people who interest me. Once I’ve returned home, I create a painting based on the photo but adding in my own creativity. I choose them because I like their character or emotion in the moment when I’m watching them. I like the way this child looks at you.

Has life for you as a painter changed in the past decade?

We didn’t know a lot before 2010. We just knew what our teachers and seniors told us. We had no experience of international art. And we didn’t know what they were doing. There was no internet and we had no books to read. This was because of the political system. After 2015, the internet became widely accessible. The political system also changed somewhat. So now we can reevaluate ourselves. Every artist has their own preference. That hasn’t changed. But I think the way we approach our preference and express ourselves has altered. Now we know how to present something to make it clear. But in my view Myanmar art is not yet open and free. It’s still taking time to become free.

Has Myanmar changed in the past decade?

As the previous government was a dictatorship, education was way below standard. We suffered from that. We were taught in a constrained education system and had no habit of thinking freely. Since our training didn’t teach us to think from different perspectives, it became an obstacle to creative expression. We had to work hard to break away from the old philosophy rooted in us because we were brought up during that period. If the education system changes, it will be very good for future generations. For them, the Myanmar art scene will be open and improved.

6 April 2020

I

နန္ဒ

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဒီပန်းချီကားက လောကနတ် ပန်းချီပြခန်းမှာ ၂၀၁၅ ခုနှစ်က ပြခဲ့တဲ့ ကျနော့်ရဲ့ ပထမဆုံး solo show ထဲက တစ်ခုပါ။ မုံရွာဘက်ကို ရောက်တုန်းက လမ်းမှာတွေ့ခဲ့တဲ့ ကလေးတစ်ယောက်ကို သဘောကျလို့ ဓာတ်ပုံရိုက်လာတယ်။ ကျနော်က လူပုံအဆွဲများတော့ ဒီကလေးရဲ့ ကြည့်နေတဲ့ ပုံစံလေးကို သဘောကျသွားတယ်။ ခရီးသွားတဲ့အခါ သဘောကျတဲ့ ပုံစံလေးတွေ တွေ့ရင် ကင်မရာနဲ့ ရိုက်ခဲ့လိုက်တယ်။ ခရီးကပြန်ရောက်ရင် ဓာတ်ပုံကို အခြေခံပြီး ကိုယ့်ဘာသာ လိုတိုးပိုလျှော့ ပြန်ဆွဲဖြစ်တာများတယ်။ များသောအားဖြင့် ကျနော်မြင်လိုက်တဲ့အခါမှာ ဖြစ်နေတဲ့ သူတို့ရဲ့ ကာရိုက်တာ၊ သူတို့ရဲ့ စိတ်ခံစားမှုတွေကို ကြိုက်လို့ ရေးဖြစ်တာပါ။ ဒီကလေးရဲ့ လှမ်းကြည့်နေတဲ့ပုံကို ကြိုက်လို့ ရေးဖြစ်တာပါ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

၂၀၁၀ ဝန်းကျင်က ကျနော်တို့လည်း ဘာမှ သိပ်မသိသေးဘူး။ ဆရာတွေ ပြောဖူးတာတွေ၊ ကိုယ့်ရှေ့က လူတွေ ပြောဖူးတာလောက်ပဲ သိတယ်။ ကိုယ်ကိုယ်တိုင်က နိုင်ငံတကာပန်းချီနဲ့ ပတ်သက်လို့ အတွေ့အကြုံမရှိဘူး။ သူတို့ဆီမှာ ဘာတွေလုပ်နေတယ်ဆိုတာကို သိပ်မသိဘူးပေါ့။ အင်တာနက်မရှိဘူး၊ ဖတ်စရာ စာအုပ် သိပ်မရှိဘူး။ နိုင်ငံရေး စနစ်ကြောင့်လည်း ပါတာပေါ့။  နောက်ပိုင်း ၂၀၁၅ ပတ်ဝန်းကျင်လောက်ရောက်မှ အင်တာနက်တွေ အဆင်ပြေလာပြီ။ နိုင်ငံရေးစနစ်ကလည်း နည်းနည်းလေးပြောင်းလာပြီပေါ့။ ပွင့်လင်းလာတော့ ကိုယ့်ကိုယ်ကိုယ်လည်း သုံးသပ်ဖို့ အချိန်ရတာပေါ့။ ကိုယ့်မှာရှိပြီးသား ပင်ကိုယ် အကြိုက်တစ်ခု ပန်းချီဆရာတိုင်းမှာ ရှိကြတယ်။ အဲ့ဒါကတော့ မပြောင်းဘူး။ ဒါပေမယ့် အဲ့ဒီအကြိုက်ကို ဘယ်လိုချဥ်းကပ်မလဲ၊ ကိုယ့်မှာရှိနေတဲ့ ခံစားမှုတစ်ခုကို ဘယ်လိုဖော်ထုတ်မလဲ ဆိုတဲ့ ပုံစံကတော့ ပြောင်းလာတယ်လို့ စဥ်းစားမိတယ်။ ဘယ်လိုတင်ပြရင် လွယ်ကူရှင်းလင်းမလဲဆိုတာကိုတော့ သိလာတာပေါ့။ ဒါပေမယ့် ကျနော့်အမြင်ကတော့ ၂၀၂၀ အထိ မြန်မာ့ပန်းချီက လွတ်လပ်ပွင့်လင်းမှုမရှိသေးဘူးဗျ။ လွတ်လပ်ဖို့ အားယူနေတုန်းပဲ ရှိတာပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

အရင်က ရှိခဲ့တဲ့ အုပ်ချုပ်မှုပုံစံက အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာဆိုတော့ ပညာရေးက လုံးဝအဆင့်အတန်းမမှီခဲ့တာ။ အဲ့ဒါတွေရဲ့ ရိုက်ခတ်မှုကို ကျနော်တို့လည်း ခံရတာပဲ။ မလွတ်လပ်တဲ့ ပညာရေးစနစ်အောက်မှာနေခဲ့ရတော့ လွတ်လွတ်လပ်လပ်တွေးခေါ်တတ်တဲ့အကျင့်တွေ ကျနော်တို့မှာ မရှိတော့ဘူး။ အကြောင်းအရာတစ်ခုခုကို တခြားနည်းလမ်းနဲ့ လှည့်တွေးဖို့ ဖြန့်ပြီးတွေးဖို့တွေက ကျနော်တို့ သင်ခဲ့ရတဲ့ ပညာရေးမှာ မပါခဲ့တော့ အနုပညာဖန်တီးမှုအပိုင်းမှာ ဒါတွေက အနှောင့်အယှက်ဖြစ်တာပေါ့။ ကျနော်တို့လည်း ဒီကာလမှာ လူလားမြောက်လာတာဆိုတော့ တချို့နေရာတွေမှာ ဖန်တီးမှုအပိုင်းက အရိုးဆွဲလာတဲ့ အတွေးအခေါ်ပိုင်းတွေကို မနည်းဖောက်ထွက်လာရတယ်။ ပညာရေးမှာပြောင်းသွားတဲ့အခါ နောင်လာမယ့် မျိုးဆက်တွေအတွက် အရမ်းကောင်းသွားမှာပါ။ ကျနော်တို့ ခေတ်ပြီးနောက်ပိုင်း မျိုးဆက်တွေအတွက် မြန်မာပန်းချီလောကဆိုတာ ပွင့်လင်းပြီး တိုးတက်နေမှာပါ။

၂၀၂၀ ဧပြီ ၆