Why did you create this painting?

I based this painting on a mental image of a monastery at the outskirts of a village. There’s also a plantation. By passing through the plantation, we reach the monastery. I emphasized the composition and strong colours. I also wanted to describe the Burmese monastic tradition from a Burmese perspective. I started using this technique in 2013. I’ve used it for bullock carts in Mingun, Sagaing Region and U Bein Bridge in Mandalay Region. Before I painted simple pictures. But people told me they didn’t have texture. So I looked around and found this technique.

Has life for you as a painter changed in the past decade?

In the past, artists didn’t like to be asked about their paintings. They’d say, I painted it because I felt like it. In 2000, I worked as a coordinator for a foreign group that came to meet with Burmese artists. We arranged events and workshops. We discovered that for Burmese artists there was no real difference between concept and presentation. I learned that concept is important. I started to understand that both concept and presentation have to be strong. We had a big debate. Within 10 years, people started to accept that concept is central and based their paintings on that. So our paintings look more contemporary. Now we have statements for paintings, and we have to read the statements before looking at the paintings. I think this is a change that’s taken place in our time.

16 April 2020

I

ညိုဝင်းမောင်

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ရွာအစွန်မှာရှိတဲ့ တောဘုန်းကြီးကျောင်းကို စိတ်ကူးအခြေခံပြီး စွဲလိုက်တာပါ။ ဘေးမှာ ရွာအပြင်ဘက်က စိုက်ခင်းလေးရှိတယ်။ ရွာအစွန်က စိုက်ခင်းလေးတွေကိုဖြတ်တော့ ဘုန်းကြီးကျောင်းရောက်တယ်။ ဒီရှုခင်းလေးကို အဓိက composition အထားအသိုနဲ့ အရောင်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် ရေးထားတာ။ ဗမာ့ငွေ့လည်းပါအောင်လို့ဆိုပြီး ဗမာ့ရိုးရာနဲ့ပတ်သက်တဲ့ ဘုန်းကြီးကျောင်းပုံလေးရေးချင်တယ်။ နောက် အရောင် ခပ်ပူပူ ပြင်းပြင်းလေး ရေးချင်လို့။ ၂၀၁၃ မှာ အဲ့ဒါမျိုးလေးတွေကို စတိုင်တစ်ခုအနေနဲ့ ရေးလာတာပါ။  စစ်ကိုင်းဘက်က မင်းကွန်းကိုသွားတော့ လှည်းတွေနဲ့ မန္တလေးက ဦးပိန်တံတားကိုလည်း ဒီပုံစံအတိုင်း ရေးထားတာရှိတယ်။ အရင်တုန်းက ရှင်းရှင်းတွေပဲရေးတော့ သူများတွေက ပြောတယ်။ ကျနော့် ပန်းချီကားက texture မရှိဘူးတဲ့။ အဲ့လိုပြောတော့  ရှာရင်းနဲ့ ဒီနည်းကိုတွေ့တာ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ဟိုအရင်တုန်းကဆိုရင် ပန်းချီဆရာတွေက ဘာရေးတာလဲ မေးရင်မကြိုက်ကြဘူး။ ကိုယ့်ဘာသာရေးချင်လို့ ရေးတယ်လို့ ပြောတတ်ကြတယ်။ ၂၀၀၀ ခုနှစ်လောက်မှာ နိုင်ငံခြားက အဖွဲ့အစည်းတစ်ခုကနေ ဗမာပန်းချီဆရာတွေနဲ့ ပေါင်းပြီးလုပ်တော့ ကျနော်က coordinator လုပ်ရတယ်။ ပွဲတွေ၊ ဆွေးနွေးပွဲတွေ စီစဥ်ပေးရတယ်။ အဲ့လို ဆွေးနွေးပွဲ တွေလုပ်တော့ ဘာသွားတွေ့လဲဆိုတော့ concept နဲ့ တင်ပြပုံ ကို ဗမာပန်းချီဆရာတွေက မခွဲခြားဘူး။ အဲ့မှာ သိလိုက်တာက concept က အရေးကြီးတယ်။ concept ရော၊ တင်ပြပုံရော အားကောင်းရမယ်လို့ စပြီး ပြောင်းလဲလာတယ်။ အဲ့ထဲမှာ တော်တော်ပြောယူရတယ်။ ဆယ်နှစ်အတွင်း လူတွေက concept ဆိုတာ အဓိကဆိုတာ သိပြီး ပန်းချီကားတော်တော်များများကို concept တွေနဲ့ ရေးလာတာ တွေ့တယ်။ concept တွေပါလာတော့ contemporary ပိုဆန်လာတာပေါ့။ အခုဆိုရင် ပန်းချီကားရှင်းလင်းချက်တွေပါတယ်။ အခုပန်းချီကားတောင်မမြင်ရသေးဘူး ရှင်းလင်းချက်ကို အရင်ဖတ်နေရတယ်။ ဒီခေတ်မှာ ပြောင်းလဲတာ တစ်ခုအနေနဲ့ တွေ့ရတယ်။

၂၀၂၀ ဧပြီ ၁၆