Why did you create this painting?

When I was a monk, the military opened fire on protesters in Mandalay. The monks from our neighbouring monasteries were injured. When they were sent to hospital, the military followed to arrest them. I lived in Sagaing then. From dawn to dusk, we were filled with anxiety. Even though we were monks, we were angry and despairing. It seemed to us our country’s future might end there, or we might overcome the ordeal. We couldn’t eat or sleep. We spent all the time talking about it. We said prayers together. None of us shed tears publicly, but inside we were crying. After I disrobed, people held ceremonies to honour the Saffron Revolution. So I created this paining in my free time at Nawaday Tharlar Gallery based on my memory of what happened in Mandalay. That’s why I named it ‘Tears’.

Has life for you as a painter changed in the past decade?

Censorship was quite bad until 2012. Whether it was literature, film or art, you needed to get their approval. You could only hold an exhibition with their approval. After that they loosened censorship, but not on everything. Just pre-publication censorship. You needed to show them the book before going to press. If there was the colour red, they’d say it was provocative or ominous. They didn’t understand abstract art. They thought there might be a secret message. If there was nudity, it was against Burmese culture. They also didn’t allow anything containing a message or commentary.

Has Myanmar changed in the past decade?

I mostly see things from a good perspective. Yes, there are things that haven’t changed. But there have been changes. Among the unchanged, the most obvious example is the constitution. Just yesterday, they tried to reduce the number of military representatives in parliament. It must be changed. But it was rejected. The major change during the decade was the election in 2015. There are still things that haven’t changed even now. And there is the peace process. No matter how much they talk, we don’t see any actual change.

11 March 2020

I

ပြည့်ဝေ

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ကျနော် ရဟန်းဘဝတုန်းက မန္တလေးမှာ ဆန္ဒပြကြတော့ စစ်တပ်က သေနတ်နဲ့ပစ်တယ်။ နီးစပ်ရာ ကျောင်းတိုက်က ရဟန်းသံဃာတွေ ဒဏ်ရာရကြတယ်။ နောက်ဆေးရုံတွေမှာပို့လိုက်ပြန်လည်း လိုက်ဖမ်းတယ်။ ကျနော်က စစ်ကိုင်းမှာသတင်းသုံးနေတာ။ မိုးလင်းက မိုးချုပ် ဒီစိတ်နဲ့ ရဟန်းသံဃာဆိုပေမယ့် ငြိမ်းငြိမ်းချမ်းချမ်းမနေနိုင်ဘူး။ ဒေါသတွေထွက်၊ မကျေမချမ်းတွေဖြစ်။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်က အခုပဲ အဆုံးသတ်တော့မှာလိုလို။ ဒီစနစ်ဆိုးကြီးက အခုပဲ ကျော်လွှားနိုင်တော့မှာလိုလို။ မစားနိုင်မသောက်နိုင် ကျောင်းထဲမှာ ဒါပဲပြောကြ။ ကျနော်တို့လည်း ပရိတ်တွေဘာတွေ ဝိုင်းရွတ်။ ကျနော်တို့တွေအားလုံးက အပြင်ဘက်မှာ မျက်ရည်မကျပေမယ့် အတွင်းဘက်မှာ မျက်ရည်ကျနေတယ်လို့ ခံစားရတယ်။ ကျနော်လူထွက်ပြီးတော့ ၂၀၀၇ ရွှေဝါရောင်အမှတ်တရဆိုပြီး ပွဲတွေ လုပ်ကြတယ်။ ပန်းချီပြခန်းမှာ အားနေတဲ့အချိန် ရဟန်းဘဝတုန်းက မန္တလေးမှာဖြစ်ပျက်ခဲ့တဲ့ ကျနော်ခံစားခဲ့ရတဲ့အကြောင်းအရာလေးကို သတိရပြီး ဒီကားလေးကို ကိုယ့်ပန်းချီပြခန်းမှာ ထိုင်ရေးလိုက်တယ်။ အဲ့ဒါကြောင့် ကျနော် Tears လို့ပေးထားတာ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

၂၀၁၂ မတိုင်ခင်အထိ ဆင်ဆာပြဿနာက တော်တော်ဆိုးတယ်။ စာပေပဲဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ပန်းချီပဲဖြစ်ဖြစ် သူတို့ကို ခွင့်ပြုချက်တင်ရတယ်။ သူတို့က ခွင့်ပြုချက်မေးမှ ပြရတယ်။ အဲ့ဒီနောက် သူတို့က ဆင်ဆာလျှော့လိုက်တယ်ဆိုတယ်ဆိုပေမယ့် အကုန်လုံးမဟုတ်ဘူး။ Pre-press ဆင်ဆာလောက်ပဲ။ စာအုပ်ဆိုရင် မထုတ်ခင်သူတို့ကို အရင်ပြရတယ်။ အရင်တုန်းက အနီရောင် အရမ်းများလို့ရှိရင် မင်းဟာ provoke ဖြစ်တယ်။ မကောင်းတဲ့အတိတ်နမိတ်လား။ abstract art ဆိုလည်း သူတို့နားမလည်။ တစ်ခုခု လျှို့ဝှက်တဲ့ မက်ဆေ့ချ်ပေးချင်လို့လား။ nudity ဆို မြန်မာ့ယဥ်ကျေးမှုနဲ့ဆန့်ကျင်တယ်။ message သို့မဟုတ် commentary ပါတာဆိုလည်း ပိတ်တယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ကျနော်ကတော့ အကောင်းဘက်မြင်တာများပါတယ်။ ဟုတ်တယ်ကျနော်တို့ မြင်နေရတဲ့ မပြောင်းလဲတဲ့ဟာလည်းရှိတယ်။ ဒါပေမယ့် ပြောင်းလဲတာလည်းရှိတယ်။ မပြောင်းလဲတဲ့ဟာဆိုရင် အထင်ရှားဆုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပဲ။ မနေ့ကတင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်မတော်သားပါဝင်မှု လျှော့ချဖို့ လုပ်တယ်။ ဒါမျိုးတွေက မဖြစ်မနေ ပြောင်းလဲရမယ့် ကိစ္စလေ။ ဒါပေမယ့် မပြောင်းလဲဘူးပေါ့။ အဓိက အပြောင်းအလဲကတော့ ၂၀၁၅ ရွေးကောက်ပွဲပေါ့။ အခုအချိန်ထိ မပြောင်းသေးတာတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဥ်ပေါ့။ ဘယ်လောက်ပဲ ဆွေးနွေးပွဲတွေထိုင်ထိုင် တစ်ကယ့်လက်တွေ့မှာ ပြောင်းလဲတာတွေ မမြင်ရဘူး။

၂၀၂၀ မတ် ၁၁