Why did you create this painting?

I often go to Shan State to paint. This place is called Shwe Indein. You get there by taking a boat from Inle. As we went through the old pagodas and ruins, I came across this scene of the morning sun spread across the landscape. So I painted it. Now I hear they’re repairing the old pagodas with donor money. There are fewer old pagodas.

Has life for you as a painter changed in the past decade?

I changed my style in 2014. I no longer want to rely on nature. Previously, I painted natural landscapes. In 2014 I started to rely on my feelings more than scenery.

Has Myanmar changed in the past decade?

I don’t like it so much. There haven’t been many changes under the NLD government. In terms of freedom of expression, artists still aren’t always free. A few days ago, a group of artists was charged with insulting religion. Last year, Htein Lin was criticized for his ‘Htamein’ project (htamein is a skirt-like cloth worn by women, believed to bring bad luck when worn by men). A Buddha painting in an exhibition at the American Embassy was also criticized. As I see it, this decade is not so different. I’m a Rakhine artist born and educated in Yangon. I’ve seen some change in Yangon. But despite the attempts at democratic reform, I don’t feel there’s been significant change.

6 April 2020

I

သန်းကျော်ဌေး

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ပန်းချီဆွဲဖို့ ရှမ်းပြည်ကို ခဏခဏရောက်တယ်။ ဒီနေရာကို ရွှေအင်းတိမ်လို့ ခေါ်တယ်။ အင်းလေးက လှေကလေးနဲ့သွားရတယ်။ အင်းတိမ်က ဘုရားအဟောင်းတွေ အပြိုတွေကြား လျှောက်သွားရင်း မနက်ခင်းနေရောင်လေး ဖြာကျနေတာ စိတ်ဝင်စားစရာကောင်းတယ်ဆိုပြီး ဆွဲလိုက်တာပါ။ အခုက အလှူရှင်တွေပေါ်တော့ ဘုရားတွေကို အသစ်ပြန်ပြင်နေတယ်ကြားတယ်။ အဟောင်းတွေ နည်းလာတာပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ပုဂ္ဂလိက အတွေ့အကြုံဆိုရင် ၂၀၁၄ မှာ အရင်ရေးတဲ့ ပုံစံကနေ ပြောင်းသွားတယ်။ သဘာဝကို အားမပြုတော့တဲ့ပုံစံမျိုးဖြစ်သွားတယ်။ အရင်တုန်းကတော့ အပြင်မှာရှိတဲ့ ရှုခင်းတွေကို မှီငြိမ်းပြီးဆွဲတာပေါ့။ ၂၀၁၄ မှာကျတော့ အပြင်ရှုခင်းထက် ကျနော့် စိတ်ခံစားမှုကိုပဲ ပိုရေးဖြစ်တယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

သိပ်တော့ အားမရဘူး။ NLD အစိုးရလက်ထက်မှာ သိပ်မထူးပါဘူး။ freedom of expression မှာ ပန်းချီဆရာတွေအနေနဲ့ တစ်ခါတစ်လေမှာ သိပ်တော့ မလွတ်လပ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ပန်းချီရေးတဲ့ လူတွေ သာသနာညိုးနွမ်းမှုနဲ့ တရားစွဲခံရတယ်။ ပြီးခဲ့တဲ့နှစ်က ကိုထိန်လင်းရဲ့ ထမိန်ပရောဂျက်ကို ဝေဖန်သံကြားရတယ်။ အမေရိကန်သံရုံးက လုပ်တဲ့ ပြပွဲတစ်ခုမှာ ဘုရားပုံ ပန်းချီဆွဲတာကို ဝေဖန်ကြတယ်။ ကျနော်မြင်တာ ဒီဆယ်နှစ်က မထူးပါဘူး။ ကျနော်က ရခိုင်ပန်းချီဆရာ ရန်ကုန်မှာပဲမွေးတယ်၊ ကျောင်းတက်တယ်။ ရန်ကုန်မှာ ပြုပြင်ပြောင်းလဲရေးတွေကို တွေ့တယ်။ ဒါပေမယ့် democratic reform လုပ်တယ်ဆိုပေမယ့် အသိသာကြီး ပြောင်းလဲသွားတယ်လို့ မခံစားရဘူး။

၂၀၂၀ ဧပြီ ၆