Why did you choose this painting?

I live in Yankin Township, Yangon. While walking near my home, I found this place in Mi Chaung Kan Quarter near Baut Htaw. I took a photo and created this painting. I don’t have a fixed style. If I want to paint, I do. In this painting, I used a palette knife. Then the colour comes out best. Sometimes I also use a brush when necessary. There are lots of huts like this in Myanmar. In Yangon, there are still huts in some areas. My paintings reveal my feelings about the essence of reality.

Has life for you as a painter changed in the past decade?

As I paint full-time, my views keep changing. They change on a daily basis. My interpretation of nature has changed and I’ve begun to understand its beauty and depth. Mostly my paintings are realistic. I’ve held five one-man shows. I had my own gallery for two years. But I couldn’t live there. I painted at home and went to the gallery when I felt like it. So I closed it later.

Has Myanmar changed in the past decade?

There are many changes in Myanmar. Art is also changing. Much has changed in the internet age. As everyone is on the internet, lifestyles and philosophies have changed to a greater or lesser extent. But there’s a lack of discipline and lots of jealousy in our country.

24 April 2020

I

သန်းနိုင်

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ကျနော်နေတာက ရန်ကင်းမြို့နယ်မှာပါ။ အိမ်နားမှာ လမ်းလျှောက်ရင်းနဲ့ ဘောက်ထော်နားက မိကျောင်းကန်ရပ်ကွက်ဆိုတာကို ရောက်သွားတယ်။ အဲ့ဒီမှာ မြင်တဲ့မြင်ကွင်းကို ဓာတ်ပုံရိုက်ပြီး ဓာတ်ပုံ အထောက်အထားကနေ ပန်းချီနည်းပညာနဲ့ပေါင်းစပ်ပြီး ဖန်တီးလိုက်တာပါ။ ကျနော်ကတော့ ဘယ်ဟာကိုမှ အစွဲမရှိပါဘူး။ စိတ်ထဲဆွဲချင်ရင် ဆွဲလိုက်တာပါပဲ။ ဒီကားမှာ ပန်းချီဆွဲတဲ့ဓား palette knife နဲ့ဆွဲထားတာပါ။ ဓားနဲ့ဆွဲတဲ့အခါမှာ ဆေးသားရဲ့အရသာက ကျနော့် စိတ်ကြိုက်ပေါ့။ စုတ်တံကို လိုအပ်ရင် အနည်းအကျဉ်း သုံးပါတယ်။ ဒီတဲပုတ်လေးတွေက မြန်မာပြည်မှာတော့ အများကြီးရှိတယ်။ ရန်ကုန်မြို့မှာလည်း အထိုက်အလျောက် တချို့နေရာတွေမှာ တဲပုပ်လေးတွေ ရှိပါသေးတယ်။ ဖန်တီးတဲ့အခါမှာ ကိုယ့်ရဲ့ ခံစားချက်နဲ့ သူ့ ဖြစ်တည်ချက်သဘောတရားတွေပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ကျနော့်က အချိန်ပြည့်ပန်းချီပဲဆွဲတယ်ဆိုတော့ အမြင်တွေတော့ ပြောင်းပြောင်းသွားတယ်။ အမြင်တွေက နေ့စဉ်နဲ့အမျှ အမြဲတမ်းပြောင်းလဲပါတယ်။ သဘာဝကို ရှုမှတ်ချက်ပြောင်းသွားပြီး သဘာဝရဲ့ အလှ၊ နက်နဲမှု သဘောတရားတွေကို သဘောပေါက်လာတယ်။ကျနော်က အများအားဖြင့် realism ပိုင်းကိုပဲ အခြေခံတာများပါတယ်။ ကိုယ့်ရဲ့ အိုင်ဒီယာလေးနဲ့ ရှုထောင်တစ်ခုကနေ တင်ပြတာပေါ့။ one-man show ကိုငါးခါလောက်လုပ်ပြီးသွားပြီ။ ကိုယ်ပိုင်ပြခန်းတောင် နှစ်နှစ်လောက်ဖွင့်လိုက်သေးတယ်။ ကျနော်ကလည်း အဲ့ဒီမှာ သွားမနေနိုင်ဘူး။ အိမ်မှာပဲဆွဲတယ်။ သွားချင်တဲ့အခါမှ သွားဆိုတော့ နောက်ပိုင်း မဖွင့်ဖြစ်တော့ပါဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

မြန်မာနိုင်ငံက အများကြီးပြောင်းလဲပါတယ်၊ အနုပညာပြောင်းလဲမှုလည်းပါတယ်ပေါ့။ အင်တာနက်ခေတ်မှာ တော်တော်ပြောင်းလဲသွားတယ်။ လူတိုင်းက အင်တာနက်သုံးလာတော့ အားလုံးက နေထိုင်မှု ပုံစံ၊ အတွေးအခေါ်တွေက အနည်းနဲ့အများပြောင်းလဲပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ စည်းကမ်းနည်းတာ၊ တစ်ယောက်နဲ့တစ်ယောက်မနာလိုမှုတွေ အထိုက်အလျောက်ရှိသေးတယ်။

၂၀၂၀ ဧပြီ ၂၄