Why did you create this painting?

Yenangyaung in Magway Region is my home town. I live in Yangon, but visit there every three months. I’m always going out to take photos. I mostly paint the landscape near my town. Here I painted the road you use to go from Yenangyaung to the villages. Far away, you can see a stream. The weather hasn’t changed much. It was hot when I was a child too. The town has extreme weather. It’s too cold in winter and too hot in summer. During winter, you can’t even take off your coat. During summer, you can barely wear anything. There aren’t many trees. We only have desert trees. Previously there were oil fields. Now there’s less oil.

Has life for you as a painter changed in the past decade?

I’ve painted since I was young. I went to art summer school when I was in grade 4 or 5. But I stopped painting when I passed the matriculation exam. In 2013, I retired from my job as an accountant and started painting. In 2015, I began doing it professionally. In 2018, I did a show together with a friend. He uses oil and I use watercolour. I participate in exhibitions four or five times a year. Now I own a small plantation. I paint while working on that business. In Myanmar, you can’t make a living through art alone.

16 April 2020

I

သက်ထွန်း

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ကျနော့်ရဲ့ ဇာတိက မကွေးတိုင်းက ရေနံချောင်းမြို့ပါ။ ရန်ကုန်မှာနေပေမယ့် ရေနံချောင်းကို သုံးလတစ်ခေါက်လောက် ပြန်တယ်။ ရေနံချောင်းမှာ ဓာတ်ပုံရိုက်ပြီး အပြင်ထွက် လျှောက်သွားနေဖြစ်တယ်။ များသောအားဖြင့် မြို့ဘေးက ပတ်ဝန်းကျင်ကိုပဲ ရေးဖြစ်တာများတယ်။ ဒီကားမှာ ရေနံချောင်းမြို့ကနေ ရွာတွေဘက်ကို သွားတဲ့လမ်းကို ရေးထားတာ။ တောင်ကုန်းလေးတွေနဲ့ ဟိုးအဝေးမှာ ချောင်းတစ်သွယ်ကို လှမ်းမြင်နေရတယ်။ ရာသီဥတုက သိပ်မပြောင်းလဲဘူး။ ငယ်ငယ်တုန်းကလည်း ရာသီဥတုက ပူတာပဲ။ ဒီမြို့မှာ ရာသီဥတုကြမ်းတယ်။ ဆောင်းတွင်းဆိုအရမ်းအေးတယ်။ နွေဆို အရမ်းပူတယ်။ ဆောင်းတွင်းကျ အနွေးထည်မချွတ်ရအောင်ကို အေးတယ်။ နွေကျတော့လည်း ဘာမှဝတ်မရအောင်ကို ပူတယ်။ သစ်ပင်တွေလည်း သိပ်မရှိဘူး။ သူက ကန္တရ အပင်ပဲပေါက်တာ။ အရင်တုန်းက ရေနံထွက်တဲ့နေရာတွေ။ အခုတော့ နည်းသွားပါပြီ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

လေးတန်းငါးတန်းထဲက နွေရာသီပန်းချီသင်တန်းကို တက်ရင်းနဲ့ငယ်ငယ်ကတည်းက ပန်းချီရေးတယ်။ ဒါပေမယ့် ဆယ်တန်းအောင်ကတည်းက မရေးဖြစ်တော့ဘူး။ စာရင်းကိုင်အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို ၂၀၁၃ လောက်မှာ နားပြီးတော့ ပန်းချီကို စရေးတာ။ ၂၀၁၅ လောက်မှ ပရော်ဖက်ရှင်လောကထဲကို စဝင်တာ။ ၂၀၁၈ ခုနှစ်ကျမှ သူငယ်ချင်းတစ်ယောက်နဲ့ ပန်းချီပြပွဲတစ်ခုလုပ်တယ်။ သူက ဆီဆေးရေးတယ်။ အကိုက ရေဆေးရေးတယ်။ တစ်နှစ်ကို လေးငါးကြိမ်လောက် တခြားသူတွေနဲ့အတူ ဝင်ပြဖြစ်တယ်။ အခုကျတော့ နယ်ဘက်မှာ စိုက်ပျိုးရေးလုပ်ငန်းလေးတစ်ခု လုပ်နေတယ်။ အဲ့ဒါလေး လုပ်ရင်းနဲ့ ပန်းချီဆွဲတာပေါ့။ ဗမာပြည်မှာ ပန်းချီတစ်ခုတည်းနဲ့ ရပ်တည်ဖို့ မလွယ်သေးဘူးလေ။

၂၀၂၀ ဧပြီ ၁၆