Why did you choose this painting?

After I graduated from the University of Culture in 2002, I started to create green paintings. When I was painting monks, I wondered if I would still recognize them if I gave them green robes instead of saffron. Later I used the same colour to paint teashops. We have a teashop culture. Back then, we had unemployed people with so much free time. They’d sit at street teashops, listen to songs and drink tea. Some would rest before going home. A teashop is a place for people to come together and chat. We’d talk about daily life. We’d talk about things that had gone well and things that had not. We’d talk about politics and business. We’d talk about everything.

Has life for you as a painter changed in the past decade?

In 2014, I went to a museum in Germany for an exhibition. In 2017, I went to Korea for a three-month art residency programme. I also participated in Yangon Art Expo in 2017. Now I’m creating abstract paintings. As I’ve created green paintings since 2007-08, I rarely do that now. But those paintings are the cornerstone of my life. They made me famous.

Has Myanmar changed in the past decade?

In my opinion, a lot has changed. People are more disciplined. They know they should fall in line to take a bus. These are changes from Daw Suu’s era. In the past, the military government controlled us. Now there’s some loosening. But people in uniform still have the same mentality. The country is rich with natural resources. We have timber, jewels and rice. But the downtrodden continue to be in the same position. Still, it’s much better than before. Then we had to treat people in uniform like kings. We dared not complain and we lived in fear. Now it’s far better. In Yangon, there’s still a teashop culture. But it’s not like in my paintings. They’ve been upgraded. Small teashops disappeared and big teashops popped up. And people prefer the big ones.

4 May 2020

I

ရန်နိုင်ထွန်း

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

အကိုက ယဉ်ကျေးမှုတက္ကသိုလ်ကနေ ၂၀၀၂ က ကျောင်းပြီးတော့ အစိမ်းနဲ့ရေးတဲ့ ပန်းချီကားတွေကို ပထမဦးဆုံး ရေးဖြစ်တယ်။ ဘုန်းကြီးတွေကို ပန်းချီရေးတော့ သင်္ကန်းကို အနီမဟုတ်ပဲ အစိမ်းနဲ့ရေးရင်ရော ဘုန်းကြီးမှန်းမသိနိုင်ဘူးလားဆိုပြီး စမ်းသပ်ရေးလိုက်တာ။ နောက်တော့ အဲ့အရောင်နဲ့ပဲ လက်ဖက်ရည်ဆိုင်ကိုရေးဖြစ်တယ်။ ကျနော်တို့ဆီမှာ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှုရှိတယ်။ အဲ့အချိန်တုန်းက အကိုတို့ဆီမှာ အလုပ်မလုပ်ပဲ အချိန်ပိုနေတဲ့လူတွေ များနေတယ်။ လမ်းဘေးမှာ လက်ဖက်ရည်ဆိုင်ထိုင်တယ်၊ သီချင်းတွေနားထောင်တယ်၊ လက်ဖက်ရည်သောက်တယ်။ တချို့ဆို အလုပ်လုပ်ပြီး အိမ်ပြန်လာတာရှိတယ်။ အလ္လာပ သလ္လာပပြောတဲ့လူတွေအတွက် ဆုံရပ်လေးပေါ့။ အဲ့မှာ တစ်နေ့တာအကြောင်း ပြောကြဆိုကြမယ်။ အဆင်ပြေတာပြောကြသလို အဆင်မပြေတာလည်းပြောကြမယ်။ လက်ဖက်ရည်ဆိုင်မှာ နိုင်ငံရေး၊ စီးပွားရေး အကြောင်းပြောမယ်။ နောက် ထွေရာ လေးပါး အစုံစုံပြောကြတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

၂၀၁၇ မှာ ကိုရီးယားက art residency တစ်ခုနဲ့ သုံးလသွားနေတယ်။ ၂၀၁၄ မှာ ဂျာမနီက museum မှာတစ်ပွဲပြခဲ့တယ်။ နောက်ဆုံးက ၂၀၁၇ မှာလုပ်တဲ့ Yangon Art Expo မှာပါခဲ့တယ်။ အခုနောက်ပိုင်းမှာ abstract ပန်းချီလိုမျိုး ရေးဖြစ်နေတယ်။ ၂၀၀၇-၂၀၀၈ ထဲက ရေးတာဆိုတော့ အစိမ်းရောင် ပန်းချီတွေကို သိပ်မရေးဖြစ်တော့ဘူး။ ဒါပေမယ့် အစိမ်းနဲ့က ဘဝတစ်ဆစ်ချိုး ပြောင်းခဲ့တာပေါ့။ ကျနော့်ကို လူသိများခဲ့တယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ကျနော်အမြင်တော့ တော်တော်ပြောင်းလဲလာတယ်။ စည်းကမ်းတွေရှိလာတယ်။ လိုင်းကားစီးမယ်ဆိုရင်လည်း တန်းစီတဲ့ စနစ်တွေလုပ်လာတယ်။ အမေစုခေတ်မှာ ပြောင်းလာတာပေါ့။ ကျနော်တို့ကို အရင်တုန်းက စစ်အစိုးရပဲ ချုပ်ကိုင်ထားတာ များတာကိုး။ အခုကတော့ နည်းနည်းလေး လျော့လာတယ်။ ဒါပေမယ့် ယူနီဖောင်းဝတ်တွေက အခုထိ ခေါက်ရိုးကျိုးနေတဲ့ အနေအထားလေးတွေ ရှိနေသေးတယ်။ တိုင်းပြည်က သယံဇာတလည်းပေါကြွယ်ဝတဲ့ တိုင်းပြည်ပဲ။ သစ်လည်းထွက် ကျောက်သံပတ္တမြားလည်းထွက်၊ ဆန်ရေ စပါးလည်း ပေါကြွယ်ဝတယ်။ ဒါပေမယ့် လူတွေက နင်းပြားက နင်းပြားဖြစ်နေတယ်။ အရင်ကထက်စာရင်တော့ အများကြီးကောင်းလာတယ်။ အရင်က ယူနီဖောင်းဝတ်ထားတဲ့ လူတွေကိုပဲ ရှင်ဘုရင်လိုမှတ်နေရတာ။ မပြောရဲမဆိုရဲ၊ အကြောက်တရားနဲ့နေရာကနေ အခုက ကောင်းလာတာပေါ့နော်။ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုရှိသေးတယ်။ အကိုဆွဲခဲ့တဲ့ ပန်းချီကားတွေလိုတော့ မဟုတ်ဘူး။ အဆင့်မြင့်သွားပြီ။ ဆိုင်အသေးလေးတွေ ပျောက်ကွယ်သွားပြီးတော့ ဆိုင်အကြီးကြီးတွေ များလာတယ်။ လူတွေကလည်း ဆိုင်ကြီးတွေမှာပဲ ထိုင်ကြတော့တယ်။

၂၀၂၀ မေ ၄