Why did you create this painting?

I graduated from art school in 1997. After that I didn’t have a stable job. Sometimes I drew illustrations and created short comics for Tay Za, Shwe Thwe and Ngwe Tar Yi. Two years later, I got a job through my connection with Orient Gallery. Each day I took a bus from home to work. In the evening, though, you couldn’t find any buses. During the rush hour they were full, with some people hanging outside. I remember hanging onto the bus every evening. I got inspiration for my painting from that. After three years at that job, I began to work as a caricature artist. That was in Bayint Naung. So I had to hang onto the crowded buses as usual. Up till now, I’ve painted cars and tractors. I want to show the daily life and troubles of lower-class and informal workers.

Has Myanmar changed in the past decade?

There were no big changes from 2010 to 2019. Most so-called change didn’t affect the lower class. There are good things such as being able to use mobile phones and the internet. But there are also bad things associated with them. There are still areas with crowded buses. There are deeply corrupted minds. And there are people who prey on the vulnerable. I just want to spend my time focusing on what I’m good at as an artist.

1 May 2020

I

ရဲအောင်မြတ်

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

၁၉၉၇ ခုနှစ်မှာ ပန်းချီ​ကျောင်းဆင်းတယ်​။ ကျောင်းပြီး​တော့အလုပ်​မယ်​မယ်​ရရမရှိတော့ တခါတ​လေမှ​ရေးရတဲ့ ​တေဇ၊​ ရွှေ​သွေးနဲ့ ငွေတာရီမှာ သရုပ်​​ဖေါ်ပုံနဲ့ ဇာတ်​လမ်းတို​ကာတွန်းလေး​တွေ​ ရေးတယ်။ ၂နှစ်​​ လောက်​ကြာ​တော့ orient gallery နဲ့ပတ်​သက်​ဆက်​စပ်​ပြီး အလုပ်​တစ်​ခု ရတယ်။ အိမ်​နဲ့အလုပ်​ကိုလိုင်းကားစီးသွားရတယ်​။ ည​နေဆိုကားအဆက်​ပြတ်​ပြီ။ လာတဲ့ကားက ရုံးဆင်းချိန်​ဆို​တော့ ငါးပိသိပ်​၊ ငါးချဥ်သိပ်၊ လူ​တွေတိုးလို့တွဲ​လောင်းနဲ့။ မှတ်​မိသ​လောက်​က ည​နေတိုင်း ကားတွယ်​စီးဖြစ်​​နေတာ။ ပန်းချီ​ရေးချင်​စိတ်​က အဲမှာအစပျိုး​နေပြီ။ ၃နှစ်​​လောက်​လုပ်​ပြီး​တော့ ကယ်​ရီ​ကေးချား ကာတွန်းအလုပ်​တစ်​ခုကို​ပြောင်းတယ်။ အဲ့ဒီ အလုပ်​က ဘုရင့်နောင်​မှာ ရှိတယ်။  အဲ့တော့လည်း လူကြပ်ကြပ် ဘတ်စ်ကားကို ထုံးစံအတိုင်း တွယ်စီးရတာပါပဲ။ ​ဒီ​နေ့အထိ​တော့ ကား​တွေ၊ ​ထော်​လာဂျီ​တွေ ​ရေးဖြစ်​​နေတယ်​။ အဓိကပြချင်​တာက အ​ခြေခံလူတန်းစား လက်​လုပ်​လက်​စား​တွေရဲ့​နေ့စဉ်​ဖြတ်​သန်းနေရတဲ့ ဘဝ​တွေ အခက်​အခဲ​တွေ တစိတ်​တပိုင်းမြင်​​စေချင်​လို့ပါ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

၂၀၁ဝ က​နေ ၂၀၁၉ ကြားကာလ​တွေကို တိုးတက်​မူကြီးကြီးမားမား သိပ်​မ​တွေ့ရဘူး။ တိုးတက်​တယ်​ထင်​ရတဲ့အ​ကြောင်းအရာ​ တော်​​တော်​များများကလည်း အ​ခြေခံလူတန်းစား​တွေအတွက် ​မထိ​ရောက်​သလိုပါပဲ။ ကောင်းတာ​တွေက မိုဘိုင်ဖုန်း၊ အင်​တာနက်​ သုံးနိုင်​လာတာပဲ။ ဒါ​တောင်​ အဆိုးကတွဲပါလာတာ။ ကား​တွေ​တောင်​ တိုးစီး​နေတဲ့​နေရာ​တွေ ​ဒေသ​တွေရှိ​နေ​သေးတယ်​​။ ဟိုးတုန်းကတည်းက အရိုးစွဲ​နေတဲ့ စိတ်​ဓါတ်​ပျက်​ဆီးမှုတွေရှိ​နေ​သေးတယ်​။

ကြီးနိုင်​ငယ်​ညှင်း နိုင်​ရာကျက်​စား​နေတဲ့လူ​တွေလည်း ရှိ​နေ​သေးတယ်​။

ကိုယ်​ကပန်းချီဆရာလုပ်​​နေတာမို့ ကိုယ်​ကျွမ်းကျင်​ရာ ​ကိုအာရုံစိုက်​ရင်း ရိုးသားစွာ ဘဝ ကိုကုန်​ဆုံးချင်​ပါတယ်​ဗျာ။

၂၀၂၀ မေ ၁