Why did you choose this painting?
I like this scene with girls sitting peacefully in the shade of a forest. They’re dressed like women from long ago. Burmese women in rural areas live like this till now. They laugh and talk frivolously when they meet. They represent the entire womanhood of Myanmar. I also like the colour and lighting. I knew I needed to have my own style ever since I graduated from art school and made my first steps in the art world. I was interested in Modigliani, so I created paintings like his. He influenced me a lot.
Has life for you as a painter changed in the past decade?
I created this painting in 2014. Later on I no longer wanted to paint long faces. So this year I made a decision not to do that anymore. Now I emphasize line. I’m studying the nature of lines to capture their softness and hardness. I continually make paintings to establish my own style using line. In the past, ordinary painters didn’t create modernist paintings. And ordinary painters didn’t make such distorted paintings. You could count the number of modernist painters in Burma on the fingers of one hand. Most just went for realism. Today most have accepted modernism. Young artists are accepting modernist paintings. It’s easy for painters using modernist techniques like impressionism to survive. Compared to previous decades, it’s not difficult to survive.
19 March 2020
I
စောစတား
ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။
ကောင်မလေးတွေ တောထဲက သစ်ပင်အရိပ်အောက်မှာ အေးအေးချမ်းချမ်း ထိုင်နေတဲ့ ရှုခင်းကို ကြိုက်တယ်။ အရင်တုန်းက ဗမာတွေရဲ့ ဝတ်ပုံစားပုံအတိုင်း ဝတ်ထားကြတယ်။ တောမှာ တောသူမလေးတွေ အခုအချိန်ထိ ဒီပုံစံမျိုး ဝတ်ကြတယ်။ သူတို့ အချင်းချင်းတွေ့တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါး ရယ်မယ်ပြောမယ်။ မြန်မာအမျိုးသမီးတစ်ရပ်လုံးကို ကိုယ်စားပြုရေးတဲ့ပုံစံမျိုးပေါ့။ ကာလာရော lighting ရော ကြိုက်တယ်။ ပန်းချီကျောင်းဆင်းလို့ အနုပညာလောကမှာ ခြေလှမ်းစတယ်ဆိုတာနဲ့ ပန်းချီဆရာကကိုယ်ပိုင်ဟန်တစ်ခုနဲ့ သွားမှအဆင်ပြေမှာဆိုတာ သိတယ်။ အဲ့အချိန်မှာ Modigliani ကို ကျနော်က စိတ်ဝင်စားတယ်။ အဲ့ဒါကြောင့် Modigliani ရဲ့ ကားမျိုး ဖန်တီးတာပေါ့။ သူ့ရဲ့ ဟန်အငွေ့အသက်လွှမ်းမိုးမှု ကျနော့်မှာ အများကြီးရှိတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
အဲ့ဒီကားကို ၂၀၁၄မှာ ရေးတာ နောက်ပိုင်းမှာ မျက်နှာရှည်ကို မရေးချင်တော့ဘူး။ အဲ့ဒါကြောင့် မျက်နှာရှည်နဲ့ပုံတွေကို ဒီနှစ် (၂၀၂၀) မှာ လုံးဝမရေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အခုကျတော့ လိုင်းတွေကို ဦးစားပေးလာတယ်။ လိုင်းရဲ့ အပျော့အမာအပေါ် ခံစားရေးရမယ်ဆိုပြီးတော့ လိုင်းရဲ့ သဘောတရားကို လေ့လာတယ်။ လိုင်းတွေကိုဆွဲတာ ကိုယ်ပိုင်ဟန် တစ်ခုဖြစ်အောင် နောက်ပိုင်း တောက်လျှောက်ဖန်တီးဖြစ်လာတယ်။ အဲ့ဒီတုန်းက မော်ဒန်ဆိုတာ တော်ယုံတန်ယုံလူတွေ မဆွဲဘူး။ ဒီလိုမျိုးအချိုးဖျက်ပြီးဆွဲတယ်ဆိုတာ တော်ယုံတန်ယုံ ပန်းချီဆရာတွေက မဆွဲကြဘူး။ မော်ဒန်ပန်းချီဆရာ ဗမာပြည်မှာ လက်ချိုးရေလို့ရတယ်။ တော်တော်များများက realism လောက်ပဲ သွားကြတာ။ အခုကျတော့ တော်တော်များများက လက်ခံတဲ့အနေအထားရှိလာပြီ။ လူငယ်ပန်းချီဆရာတွေဆို မော်ဒန်ကိုလက်ခံလာပြီ။ မော်ဒန်နည်းစနည်းကို သုံးပြီးရေးတဲ့ မော်ဒန်ပန်းချီဆရာတွေ ရပ်တည်ဖို့ နည်းနည်းလွယ်ကူသွားတယ်။ အရင် ဆယ်စုနှစ်လောက်နဲ့ ယှဥ်ရင် ရပ်တည်ဖို့ သိပ်မခက်ခဲတော့ဘူး။
၂၀၂၀ မတ် ၁၉