Why did you choose this painting?
This is our Burmese tradition. In my paintings, I mostly emphasize tradition. So I chose a painting showing a novitiation ceremony. Since I grew up in a rural area, I went through that myself. I still remember it. The boys are usually put on horses with golden umbrellas above their heads. Some use elephants if the elephants in timber production are out of work. Hundreds of people from the entire village participate and bring horses and elephants. In Yangon, though, people use cars. I usually create paintings that capture a feeling of serenity. I use Burmese traditions in my paintings so people can have this feeling. Most of my paintings are based on photos. But I also collect information and try to understand my subject before drawing from memory.
Has life for you as a painter changed in the past decade?
In Burma there’s more interest in art than before. There are more artists and more children want to learn. I’m working as an art teacher in a school managed by my friend. I’ve also arranged to teach at an international nursery school. But they’re closed because of the coronavirus so the plan has been postponed. In the past, there were restrictions on paintings. There’s no censorship anymore so there’s freedom. Sometimes they ordered paintings to be taken down from an exhibition. They also banned nudes. And we couldn’t show paintings about war. Now you can. I had an exhibition with paintings about war and peace earlier this year. I had a different perspective for those paintings, but kept my own style and vibe. I’m not an art school graduate and I rarely go out. So I’m little known. But now more people know me.
23 March 2020
I
ဆက်အောင်
ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။
ကျနော်တို့ မြန်မာရဲ့ဓလေ့ပေါ့။ များသောအားဖြင့် ရိုးရာဓလေ့တွေကိုပဲ ဦးစားပေးတာများပါတယ်။ အဲ့ဒါကြောင့် ဒီရှင်ပြုပွဲပုံကို ပြထားတဲ့ကားကို ရွေးလိုက်တာပေါ့။ ကိုယ်တိုင်လည်း ရှင်ပြုခဲ့ဖူးတယ်။ နောက်ပြီးတော့ ငယ်ငယ်က နယ်မှာ အနေများတော့ နယ်ဓလေ့ ရှင်ပြုပွဲကို စိတ်ထဲမှာ စွဲနေတာပေါ့။ မြင်းနဲ့ ရွှေထီးနဲ့လှည့်ကြတာ များတယ်။ အချို့ကျတော့ သစ်ထုတ်လုပ်ရေးက ဆင်တွေအားတဲ့အချိန်ကျ ဆင်နဲ့လှည့်တာလည်းရှိပါတယ်။ တချို့ဆိုရင် ရာနဲ့ချီ ရွာလုံးကျွတ် ဆင်တွေမြင်းတွေနဲ့ လှည့်ကြတယ်။ ရန်ကုန်မှာကျတော့ ကားတွေနဲ့ ပြုကြတယ်။ ကြည့်တဲ့လူကို စိတ်ထဲမှာ ကြည်လင်စေချင်တဲ့စိတ်လည်းပေါက်အောင် ကျနော်က ဆွဲတာ များပါတယ်။ မြန်မာမှုတွေဆိုရင် ကျနော်က ကြည့်တဲ့သူကြည်လင်အောင်လို့ ဒီလိုဟန်လေးတွေ ထည့်ထားတာ။ ကျနော်ဆွဲတဲ့ ကားတိုင်းက ဓာတ်ပုံ ကြည့်ဆွဲတာ များတယ်။ ဒါပေမယ့် အချက်အလက်တွေစုပြီးတော့ သဘောပေါက်အောင်လုပ်ပြီးမှ ကျနော် အလွတ်ဆွဲတာ များပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
မြန်မာပြည်အနေနဲ့ပြောရင်တော့ ပိုပြီးတော့ စိတ်ဝင်စားမှု တော်တော်များလာပါတယ်။ ဆွဲတဲ့လူတွေပါ များလာတယ်။ သင်တဲ့သူတွေ ကလေးတွေကအစ သင်လာကြတယ်။ ကျနော့်သူငယ်ချင်းဖွင့်ထားတဲ့ကျောင်းမှာ လက်တွေ့ဆွဲပြတာသွားသင်ပါတယ်။ အခု အင်္ဂလိပ် မူကြိုကျောင်းမှာလည်း သင်ဖို့ရှိတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်လိုက်တော့ ရပ်ထားတယ်။ အရင်က ပန်းချီတွေ ကန့်သတ်တာရှိတယ်လေ။ ဆင်ဆာအဖွဲ့ မရှိတော့ လွတ်လပ်သွားတာပေါ့။ အချို့ကားတွေဆို ပြဖို့မသင့်တော်ဘူးဆိုပြီး ဖြုတ်ရတာပေါ့။ တစ်ခါတစ်လေတော့ nude တွေပါတယ်။ နောက် စစ်နဲ့ပတ်သက်တာတွေ မပြရဘူး။ အခုနောက်ပိုင်းတော့ ပြရပါတယ်။ ဒီနှစ်အစောပိုင်းကဆို စစ်နဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တစ်ပွဲပြတယ်။ စစ်နဲ့ငြိမ်းချမ်းရေး ပန်းချီကားတွေမှာဆို ဟန်တစ်မျိုးပြောင်းသွားတယ်။ ပင်ကိုယ်လက်ရာအငွေ့အသက်တော့ပါတာပေါ့။ ကျနော်က ပန်းချီ ကျောင်းဆင်းလည်းမဟုတ်ဘူး။ အသွားအလာလည်းနည်းတော့ လူသိပ်မသိကြဘူး။ အခုနောက်ပိုင်းတော့ ပိုသိလာကြတယ်။
၂၀၂၀ မတ် ၂၃