Why did you choose this painting?
I love Inle Lake. I wanted to paint a bird’s-eye view. Back then, no painting had that kind of perspective. Now people won’t feel it’s strange because drones are so popular. When I created this painting, I based it on my own imagination. Today the water has reached dangerous levels. The lake dries up so much during the summer season. Its depth is only about three feet.
Has life for you as a painter changed in the past decade?
There have been changes. In the past, I had to sell paintings like this one through galleries. Now I just stay home and have exhibitions and workshops in foreign countries. I’ve also joined overseas art camps. At times I was just trying to survive, like when this painting was bought in around 2010. Today it’s different. I don’t know what others think, but there are lots of differences between my generation and young artists. I can’t explain in detail, but I notice that. For me, I just paint what I have on my mind. Mostly I work in a studio. So I feel trapped and want to paint wide spaces. The difference between my past and current paintings is that I’m now releasing a feeling of suffocation. Previously I painted close-up, abstract forms of water, which people don’t notice in nature. Now I paint the high mountains in Inle, the light in water droplets that people rarely see, the reflection of light in small waves in the morning when fog lingers in the air as the sun comes out, and the life of fishermen in Inle.
26 March 2020
I
စောလင်းအောင်
ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။
ကျနော်က အင်းလေးကိုချစ်တယ်။ အပေါ်စီးကနေပြီးတော့ view တစ်ခုကို ရေးချင်တာ။ အရင်တုန်းက ပန်းချီကားတွေက အခုလိုမျိုး မြင်ကွင်းမရှိဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ drone တွေပေါ်လာတော့ ဒီမြင်ကွင်းမျိုးက လူတွေအတွက် ထူးဆန်းမယ်မထင်ဘူး။ အဲ့အချိန် ကျနော်ရေးတုန်းကတော့ ကိုယ့်စိတ်ကူးနဲ့ပဲ ကိုယ်ရေးရတာ။ အင်းလေးမှာ အခုနောက်ပိုင်းက ရေက စိုးရိမ်စရာဖြစ်လာတယ်။ ရေကနွေဆို တော်တော်ခမ်းတယ်၊ သုံးပေလောက်ပဲ နက်တော့တယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
ကျနော်အနေနဲ့တော့ ပြောင်းလဲလာပါတယ်။ အရင်တုန်းက အခု စားဝတ်နေရေးအတွက် ဒီပန်းချီကားလို ကားတွေကို gallery မှာသွားပြီးရောင်းခဲ့ရတယ်။ အခုဆိုရင် ကျနော့်ဘာသာအိမ်မှာနေတယ်။ နိုင်ငံခြားမှာ ပွဲလုပ်တယ်။ နိုင်ငံခြားမှာ workshop တွေသွားတယ်။ နိုင်ငံခြားမှာရှိတဲ့ art camp တွေ သွားတယ်။ အဲ့ဒီအချိန် ၂၀၁၀ လောက်က ဒီပန်းချီကားကို ဝယ်ခဲ့တဲ့နေရာမျိုးတွေမှာ ကျင်လည်ရတာပေါ့။ အခု ကျင်လည်တဲ့ ပုံစံက မတူတော့ဘူး။ အများအနေနဲ့တော့ ဘယ်လိုရှိမယ် မပြောတတ်ဘူး။ ကျနော်တို့ မျိုးဆက်နဲ့ လူငယ် အနုပညာရှင်တွေကြားမှာ တော်တော်ကွာသွားပြီ။ အသေးစိတ်တော့ မပြောတတ်ဘူး။ ကွာသွားပြီလို့ သတိထားမိတယ်။ ကျနော့်က ကျနော့်စိတ်ထဲရှိတဲ့ အတိုင်း ပန်းချီဆွဲတယ်။ ကျနော်က စတူဒီယိုထဲမှာ ရေးရတော့ စိတ်ကျဥ်းကျပ်တဲ့အတွက် space အကျယ်ကြီးတွေ ရေးဖြစ်လာတယ်။ အရင်ရေးတာနဲ့ အခုရေးတဲ့ပုံစံမှာ ကွာခြားတာက အခုလောလောဆယ်မှာ ကျနော် မွန်းကျပ်မှုကို ဖြေထုတ်နေတာပေါ့နော်။ အရင်တုန်းက ဟာတွေက သဘာဝမှာ လူတွေအမှုမဲ့အမှတ်မဲ့ဖြစ်တဲ့ abstract ဆန်ဆန် ရေအရိပ်တွေကို close-up လုပ်ပြီးရေးတယ်။ အခုကျတော့ အင်းလေးမှာပဲ တောင်အမြင့်ကြီးတွေ၊ လူတွေအမှုမဲ့အမှတ်မဲ့ဖြစ်တဲ့ ရေမှာ အလင်းစက်လေးတွေ၊ မနက်ပိုင်း နှင်းငွေ့ ရှိတဲ့အချိန်နဲ့ နေထွက်လာတဲ့အချိန် လှိုင်းကြပ်ခွပ်မှာဖြစ်တဲ့ အလင်းစက်လေးတွေနဲ့ အင်းလေးက ငါးဖမ်းတဲ့ လူတွေရဲ့ ဘဝတွေကို ကျနော် ရေးတယ်။
၂၀၂၀ မတ် ၂၆