Why did you choose this painting?
Some people buy food when they go home in the evening. I liked this scene with people buying food from stalls on Pansodan Street, so I painted it. I always see the night market as I travel to and from the downtown area. In this painting, I describe my feelings through colour and line. I referred to a photo to draw outlines. Then I painted the rest from my imagination. I don’t want to create just one type of painting. I like to create new perspectives that are rarely seen in reality. I get bored if it’s the same.
Has life for you as a painter changed in the past decade?
There haven’t been many significant changes. I took part in over 20 group shows. Recently, I started to use fewer strokes to paint dark colours, and more strokes to paint light colours. So my paintings look livelier and better than before.
Has Myanmar changed in the past decade?
The night market no longer exists. A building was put in its place. The vendors moved to another area. But at the moment there’s no market because of Covid-19. I think we have more freedom now. In the past, you could get in trouble even for taking photos. When I took a photo of a market for a painting, a conductor on a bus that had stopped where it wasn’t supposed to had a problem with me. I had to run away. Now there are no bus conductors so it’s easy to do. In the past, there was more mess, so it was more interesting to paint. Now I feel there are better living standards, so it takes longer to find something to paint. Everything is clean. It’s not simple like before. In the past, street vendors were good to paint. If a lot of them work in a market building and there are fewer vendors on the street, they’re not a good subject. Then I have to come up with something.
28 May 2020
I
ခင်မောင်ဝင်း
ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။
ညဘက် အိမ်ပြန်တဲ့အခါ တချို့တွေက စားစရာသောက်စရာဝယ်ပြီး အိမ်ပြန်ကြတယ်။ ပန်းဆိုးတန်းက ပြန်လို့ရှိရင် ဝင်ဝယ်သွားကြတာကို တွေ့ပြီး ကြိုက်လို့ ရေးလိုက်တာ။ မြို့ထဲက ပြန်လာလို့ရှိရင် ဖြတ်သွားဖြတ်လာဆိုတော့ ကျနော်က ညဈေးကို နေ့တိုင်းမြင်နေကြ။ ဒီပန်းချီကားမှာ ကျနော်က အရောင်တွေ လိုင်းတွေနဲ့ ခံစားချက်ကို ပုံဖော်တာ။ outline လောက်တော့ ဓာတ်ပုံကို မှီငြမ်းရေးတယ်။ ကျန်တာ ကျနော့် စိတ်ကူးအတိုင်း ကိုယ့်ဘာသာကိုယ် ဆွဲလိုက်တာ။ ကျနော်က ပန်းချီကားတစ်မျိုးထဲမရေးချင်ဘူး။ အမြင်အသစ်ဖြစ်တဲ့ အပြင်မှာမြင်နေကြမဟုတ်တာတွေ ရေးချင်တာ။ စိတ်ကိုက ပုံစံတစ်ခုထဲဆိုငြီးငွေ့တယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
အပြောင်းအလဲတွေက သိပ်ထူးထူးခြားခြားမရှိဘူး။ ကျနော် group show နှစ်ဆယ်ကျော်ကျော်လောက်မှာ ပါခဲ့တယ်။ အခုနောက်ပိုင်းကျတော့ ပန်းချီရေးတဲ့အခါ အမှောင်ပိုင်းမှာ ရေးချက်တွေ လျှော့လိုက်တယ်။ အလင်းပိုင်းမှာပဲ အားထည့်ပြီးရေးတာ။ အဲ့တော့ ပုံက ပိုကြွပြီး အရင်ကထက် ပိုကြည့်ကောင်းလာတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။
ညဈေးက မရှိတော့ဘူး။ အခု အဆောက်အဦးဆောက်လိုက်ပြီ။ ဈေးသည်တွေက တခြားနေရာကို ရွှေ့ရောင်းကြတယ်။ အခုလောလောဆယ်တော့ ဘယ်ဈေးမှ မရှိဘူး။ ကိုဗစ်-၁၉ ရောဂါဖြစ်နေလို့။ အခုကတော့ အရင်ကနဲ့စာရင် နည်းနည်းလွတ်လပ်သွားပြီလို့ ထင်တယ်။ အရင်က ဓာတ်ပုံလိုက်ရိုက်တာက အစ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ပန်းချီဆွဲဖို့ ဈေးကို ရိုက်တော့ မရပ်ရတဲ့နေရာရပ်ထားတဲ့ ဘတ်စကားပေါ်က စပယ်ယာက သူတို့ကားကို ရိုက်တယ်ဆိုပြီး ပြဿနာရှာတာ။ ထွက်ပြေးလာရတယ်။ အခုနောက်ပိုင်း စပယ်ယာတွေ မရှိလို့ ဆေးဆေး ဖြစ်သွားပြီ။ အရင်တုန်းက ပိုပြီးတော့ ရိုးရှင်းတဲ့သဘာဝတွေများတယ်။ အဲ့တော့ ပန်းချီဆွဲဖို့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ အခုနောက်ပိုင်းကျတော့ လူနေမှုအဆင့်အတန်းက မြင့်လာသလိုပဲ။ အဲ့တော့ ပန်းချီရေးဖို့ကို တော်တော်လိုက်ရှာရတယ်။ အကုန်လုံးက သန့်သန့်ပျံ့ပျံ့တွေ များသွားပြီ။ အရင်လို ဖရိုဖရဲ မဟုတ်တော့ဘူး။ အရင်တုန်းက လမ်းဘေးဈေးသည်တွေကို ပန်းချီဆွဲဖို့ တော်တော်ကောင်းတယ်။ ဈေးရုံကြီးထဲမှာ ရောင်းတာ များသွားရင် လမ်းဘေးမှာ ထွက်နေတဲ့ဟာတွေ နည်းသွားရင် subject က သိပ်မကောင်းတော့ဘူး။ အဲ့ကျရင် ကိုယ့်ဘာသာ ကြံဖန်ပြီး ရေးရတယ်။
၂၀၂၀ မေ ၂၈