Why did you choose this painting?
This painting was in my fourth solo show, ‘Two Hearts of Myanmar’. Yangon and Mandalay are generally thought to be our most important cities. Both were once the capital. The show focused on heritage. I spent a month painting outdoors in Mandalay. I wanted to put more effort into some paintings, and felt satisfied with this one. I wouldn’t get the same feeling if I were to redo it now.
Has life for you as a painter changed in the past decade?
In 2010, I was studying at the National University of Arts and Culture, Yangon. Together with my seniors, I put my paintings into a school show. I continued to paint after I graduated in 2014. I struggled a lot. Initially my paintings were based on photos. In 2017, though, I began to paint outdoors. As our economy is spiraling down, it’s harder for artists to make a living. I run an art course to make ends meet and continue my art journey. It’s been going for two years now. I barely get by. It’s easier when I sell some paintings. Our country needs collectors to buy paintings by promising young artists like me. Then we can continue.
Has Myanmar changed in the past decade?
Many of the buildings I painted no longer exist. They’ve been demolished. Colonial buildings on Kanpat Road are no longer there. It’s now an empty field. In my opinion, that’s a loss. U Bein Bridge has changed since I painted it. Some teak pillars have been replaced by concrete, which is not beautiful. Some pillars have been damaged. The bridge has been maintained, but not as cultural heritage. I think that’s wrong.
27 June 2020
I
အောင်ထက်လွင်
ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။
ဒီကားက Two Hearts of Myanmar ဆိုတဲ့ လေးကြိမ်မြောက် ဆိုလိုပွဲမှာ ပြတဲ့ကားပေါ့။ ရန်ကုန်နဲ့ မန္တလေးဆိုတာ မြန်မာပြည်မှာ အဓိက အကျဆုံးလို့ပြောလို့ရတာပေါ့။ နှစ်ခုလုံးက တစ်ချိန်က မြို့တော်တွေ။ ပြပွဲမှာ အဲ့ဒီမြို့နှစ်မြို့ရဲ့ အမွေအနှစ်တွေကို ရေးထားတယ်။ တချို့ကားတွေမှာ ကိုယ့်ဘက်က ထပ်လုပ်ချင်သေးတာ ရှိတယ်။ ဒီကားမှာ တော်တော်လေး စိတ်ကျေနပ်မှု ရခဲ့တယ်။ ကျနော် မန္တလေးကို ခရီးထွက်ပြီး အောက်ဒိုးရေးတာ တစ်လကြာတယ်။ အခုလက်ရှိ အဲ့ဒီပုံကို ပြန်ရေးရင်တောင် အဲ့ဒီအရသာမျိုး မရတော့ဘူး။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
၂၀၁၀ မှာက ကျနော် ယဉ်ကျေးမှုတက္ကသိုလ်မှာ တက်နေတုန်း။ စီနီယာတွေနဲ့တွဲပြီး ပွဲတွေမှာ ပန်းချီကားတွေ ဝင်ပြတယ်။ ၂၀၁၄ မှာ ပန်းချီကျောင်းဆင်းပြီးတယ်။ တော်တော်လေး ရုန်းကန်ရတဲ့အနေအထားကနေ စခဲ့ရတယ်။ ဓာတ်ပုံကို အခြေခံပြီးရေးရာကနေ ၂၀၁၇ ကစပြီး အောက်ဒိုးရေးတာ တော်တော်များတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကာလက ကျတဲ့ဘက်ကို ဦးတည်နေတယ်။ အနုပညာသမားတွေအတွက် တော်တော်လေး ကျပ်တည်းလာတယ်။ ကျနော်က မိသားစု စားဝတ်နေရေးအတွက် ပန်းချီသင်တန်းနဲ့ရပ်တည်ပြီး ပန်းချီခရီးဆက်ဖို့ ရှာရတယ်။ အခုဆို သင်တန်းဖွင့်တာ ၂ နှစ်ရှိပြီ။ လောက်တယ်ဆိုယုံပါပဲ။ အဲ့ဒီကြားထဲ ကိုယ်ရေးတဲ့ ကားလေးတွေကို ဝယ်ရင် အသက်ရှုချောင်တာပေါ့။ စုဆောင်းသူတွေ ကျနော်တို့ နိုင်ငံမှာ လိုအပ်တယ်။ သူတို့က ကျနော့်လို အလားအလာရှိမယ်ဆိုတဲ့ ပန်းချီဆရာ အငယ်တွေကို ဝယ်ပေးတယ်။ အဲ့တော့ ဆက်ပြီးသွားလို့ရတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။
ကျနော်ရေးခဲ့တဲ့ အဆောက်အဦးတွေမရှိတော့ဘူး ဖြိုလိုက်ပြီ။ ကန်ပတ်လမ်းမှာ ရှိတဲ့ ရှေးကိုလိုနီခေတ်က အိမ်တွေ အခုမရှိတော့ဘူး။ ကွင်းပြင်ဖြစ်သွားပြီ။ ကျနော့်အမြင် ဒါက ဆုံးရှုံးမှုပဲ။ ဦးပိန်တံတားက ကျနော်ရေးပြီးတော့ ပြောင်းလဲတာတွေ တွေ့ရတယ်။ တချို့နေရာတွေမှာ ကျွန်းတိုင်တွေကနေ ကွန်ကရစ်တိုင်တွေပြောင်းသွားတယ်။ ကွန်ကရစ်ဆိုတာ ကြည့်လို့မလှဘူး။ တချို့နေရာတွေမှာ တိုင်တွေ ဆွေးနေတာတွေရှိတယ်။ ပြုပြင်ထိန်းသိမ်းရေး လုပ်သော်ငြားလည်း ဒါကို ယဉ်ကျေးမှု အမွေအနှစ်အနေနဲ့ ထိန်းသိမ်းရမှာ။ လွဲနေတယ်လို့ မြင်တယ်။
၂၀၂၀ ဂျွန် ၂၇