Why did you choose this painting?

It’s quite important for me and it’s in my favorite series. It’s also one of the first series I did in my life, so I like it very much. I painted the Ayeyarwady River for a simple reason. Shwedaung, the town where I live, is beside the river so I sympathize with the people who work at the harbour. I wanted to depict their daily life. I also wanted to capture something about the river and its beauty. So I started this project. In the painting, local people are bathing in the river in the evening. In the Ayeyarwady River, people who work on sand-sucking boats come here to relax at this time. Like wealthy people who go to beaches like Chaungtha and Ngwesaung, they wash their clothes and bathe. This is their time to relax. I painted what was a charming scene for me.

Has life for you as a painter changed in the past decade?

I painted the Ayeyarwady in my first series, and almost everything I worked on was related to the river. I did a solo exhibition entitled ‘Shimmering Irrawaddy’, and in my next series I continued to work on the river. It was my subject from 2011 to 2015-16. As I said before, I first wanted to capture the moments enjoyed by local people. Later I sought to depict them through colour and line rather than through direct representation. Now I’ve changed my subject. Today my paintings are about culture, as in the old Buddhist monasteries. I want them to be preserved as most of them have already been destroyed.

Has Myanmar changed in the past decade?

I think people will continue to come down to use the river as long as it exists. You can see it now. I often use the road near the river. As I travel from Shwedaung to Pyi, I always stop and watch the people. There are not many differences in how they spend their evenings, maybe because this is a rural area.

4 February 2020

I

အောင်ကို

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဒီပန်းချီကားက ကျနော့်အတွက် မှတ်မှတ်ရရရှိတာရယ်။ ကျနော် အရမ်းကြိုက်တဲ့ series ထဲမှာလည်း ပါတာကြောင့်ပါ။ နောက်ပြီးတော့ ကျနော့်ဘဝမှာ ပထမဦးဆုံး စပြီးတော့ ပြန်လုပ်ဖြစ်တဲ့ series တွေထဲက တစ်ခုလည်း ဖြစ်နေတော့ ကျနော်တော်တော်ကြိုက်တဲ့အထဲမှာပါပါတယ်။ ဧရာဝတီအကြောင်းကို ရေးတာ တော်တော်လေး ရိုးရှင်းတယ်ဗျ။ ကျနော်နေတဲ့မြို့ ရွှေတောင်က မြစ်ဘေးမှာဆိုတော့ နေ့တဓူဝ ဆိပ်ကမ်းမှာ လုပ်နေကြတဲ့ လုပ်သားတွေရဲ့ ဘဝကို ကျနော် စာနာ သနားတယ်။ သူတို့တွေ နေ့စဥ်ဘဝမှာ ဖြတ်သန်းနေရတာတွေလည်း ကျနော် ရေးချင်တယ်။ နောက် ဒီမြစ်နဲ့ ပတ်သက်တဲ့ ကျနော်တို့ ဒီဧရာဝတီမြစ်ကြီးနဲ့ ပတ်သက်တဲ့ အလှတွေလည်း ကျနော် ရေးချင်တာလည်း ပါတာပေါ့။ အဲ့ဒါနဲ့ စရေးဖြစ်တာပါ။ အခုကားမှာ ညနေပိုင်းလေးမှာ ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတွေက ရေလာချိုးကြတယ်။ နောက် ကျနော်တို့ ဧရာဝတီမှာ  ဒီလိုမျိုး သဘေင်္ာလေးတွေ မော်တော်လေးတွေရှိတယ်။ လာသဲစုပ်ကြတယ်ပေါ့။ အဲ့လိုလူတွေက ဒီအချိန်ရောက်ရင် အနားယူကြတယ်။ အနားယူတော့မှ သူတို့မှာလည်း အခု ချောင်းသာတို့ ငွေဆောင်တို့မှာ ပိုက်ဆံရှိတဲ့သူတွေ သွား ဇိမ်ခံအနားယူသလိုမျိုး သူတို့ကလည်း ဒီအချိန်လေးကျမှ မြစ်ကလေးထဲမှာ အဝတ်လျှော်ကြတယ်။ ရေချိုးကြတယ်၊ အနားယူကြတယ်။ သူတို့ အနားယူနေတဲ့ အချိန်လေးပေါ့။ အဲ့ဒါမျိုးလေးကို ကြည်ကြည်နူးနူးလေးဖြစ်အောင်လို့ ဆိုပြီး ကျနော်က ရေးလိုက်တာ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ဧရာဝတီမြစ်ထဲက ရှေ့ပိုင်းတွေပေါ့ တောက်လျှောက်ပိုင်း ကျနော်ရေးဖြစ်တာတော့ ဧရာဝတီနဲ့ ပတ်သက်တာတွေ များတယ်။ နောက် ကျနော် first solo လုပ်ဖြစ်တာလည်း ရှားပါးတဲ့ ဧရာဝတီဆိုပြီးတော့ လုပ်ဖြစ်တော့ အဲ့ ရှေ့ပိုင်းတွေ တောက်လျောက်မှာ ဧရာဝတီနဲ့ ပတ်သက်တဲ့ series တွေ ရေးဖြစ်တယ်ဗျ။  ၂၀၁၁ ကနေပြီးတော့ ရေးတာပေါ့ ဧရာဝတီ series ကနေ ၂၀၁၅−၁၆ လောက်အထိကို ရေးဖြစ်တယ်။ ခုနပြောသလိုပါပဲ။ ပထမတော့ ပတ်ဝန်းကျင်မှာရှိနေတဲ့ သူတွေအကြောင်း တိုက်ရိုက်ပြန်ပြီးတင်ပြချင်တာ။ အခုနောက်ပိုင်းတော့ တိုက်ရိုက်ရေးပြတာထက် လူတွေကို အရောင်တွေနဲ့ လိုင်းတွေနဲ့ ပြချင်လာတယ်။ အခုနောက်ပိုင်းရေးတာမှာ ကျနော် subject ပြောင်းလိုက်တယ်။ အခုတော့ culture နဲ့ပတ်သက်တဲ့ ဘက်ကို ရွှေ့လိုက်တော့ ဘုန်းကြီးကျောင်းအဟောင်းတွေကို ရေးနေတယ်။ ဒါတွေကိုလည်း ကျနော်က ထိန်းသိမ်းစေချင်တယ်။ တော်တော်များများက ပျက်စီးနေပြီ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ကျနော်ထင်တယ်ဗျ။ ဒီမြစ်ကြီးရှိနေသမျှ သူတို့တွေ ဒီလိုပဲ လုပ်နေကြရဦးမှာပဲ။ အခုလည်း မြင်နေရသေးတာပဲ။ ကျနော်က အမြဲတမ်း မြစ်ဘေးပဲ သွားနေတာလေ။ ပြည်နဲ့ ရွှေတောင်သွားရင်း ကျနော် အမြဲတမ်း သတိတရပဲ ကြည့်ဖြစ်နေတုန်းပဲ။ ညနေပိုင်းဆို သူတို့ အများကြီး ပြောင်းလဲသွားတာ သိပ်မရှိဘူး။ နယ်ဆိုတော့လေ။

၂၀၂၀ ဖေဖော်ဝါရီ ၄