Why did you choose this painting?
I painted a group of people going to the Ananda Pagoda festival in Bagan. I was born in Anya (Upper Myanmar) and raised in urban areas, so I like the character of Anya. Bagan is there, so I like its spirit. We Bamar travel in groups for pagoda festivals. In the villages, they use bullock carts. This subject has been in my heart for a long time, so I painted it. In Myanmar, such scenes are not rare. You still find them in Bagan. In rural towns, they still travel by bullock cart, though people have started to use motorcycles. They’ve replaced the wooden wheels of bullock carts with car tyres to make life easier for the oxen.
Has Myanmar changed in the past decade?
Lifestyle changes as time changes. Modernity arrives and young people start to use mobile phones. But their traditional way of life hasn’t altered. They still work as farmers. It’s stayed the same for people in the villages because our country is poor and they have to look after themselves. No change. The government is trying to develop the country and generate prosperity. But they can’t do everything.
Has life for you as a painter changed in the past decade?
I came to Yangon in 2000 and painted for daily wages. I did pictures of fruit displayed in hotels. From there, I ran errands for galleries to get a chance to display my paintings. Artists don’t have anything behind their back. As we make a living through art, we always struggle. I want the art scene in Myanmar to improve. We have to distinguish between what we want to paint and what we need to paint. The former means freely creating art from your heart. The latter means making commercial art for a living. Development in the art world is slow because we still have to make commercial art.
16 June 2020
I
ဘခိုင်
ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။
ပုဂံ အာနန္ဒါဘုရားပွဲကို အနီးအနားကရွာတွေကနေ လှည်းအုပ်ကြီးတွေနဲ့ လာကြတာကို ရေးထားတာ။ ကျနော်က အညာမှာမွေးပြီး မြို့မှာ ကြီးတဲ့လူဆိုတော့ အညာရဲ့ အကျင့်စရိုက်တွေကို ကြိုက်တယ်။ ပုဂံဆိုတာလည်း အညာဒေသဆိုတော့ တောရဲ့ သဘောသဘာဝတွေကို နှစ်သက်တယ်။ ကျနော်တို့ ဗမာလူမျိုးက ဘုရားပွဲဆိုလို့ရှိရင် စုစုဝေးဝေးနဲ့သွားကြလာကြတာကိုး။ နယ်တွေမှာ လှည်းလိုက်ကြီးတွေ ချီပြီးသွားကြတယ်။ အဲ့ဒီအကြောင်းအရာက ရင်ထဲရောက်တော့ ရေးဖြစ်တာပါဗျာ။ မြန်မာပြည်မှာကတော့ ဒီမြင်ကွင်းမျိုးတွေက မရှားဘူး။ အခုအချိန်ထိ ပုဂံမှာလည်း ရှိသေးတယ်။ တောနယ်မြို့တွေမှာတော့ လှည်းတွေနွားတွေနဲ့ လာကြသေးတာပဲ။ အခုကျတော့ ဆိုင်ကယ်တွေ စီးလာကြတယ်။ လှည်းတွေမှာ နွားသက်သာအောင်ဆိုပြီး သစ်သားလှည်းဘီးအစား ကားတာယာတွေ တပ်လာကြတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။
ခေတ်ကပြောင်းတဲ့အခါကျတော့ အလေ့အထကတော့ ပြောင်းတယ်။ ခေတ်မှီ တိုးတက်တဲ့အခါကျတော့ လူငယ်တွေက ဖုန်းတွေသုံးလာကြတာပေါ့ဗျာ။ မိရိုးဖလာ လုပ်ကိုင်စားကြတာကတော့ မပြောင်းပါဘူး။ ဒီအတိုင်းပဲ တောင်သူ အလုပ်ကို လုပ်ကြတာပါပဲ။
တောနယ်လူတန်းစားကတော့ ဒီအတိုင်းပဲ ဘာလို့လဲဆိုတော့ တို့နိုင်ငံက ဆင်းရဲတော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ဘဝရပ်တည်ကြရတာ။ မပြောင်းလဲဘူး။ အစိုးရကတော့ တိုးတက်အောင် ကြီးပွားအောင် လုပ်နေတာပေါ့။ သူတို့လည်း အကုန်မလုပ်ပေးနိုင်ဘူးလေ။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
၂၀၀၀ လောက်မှ ရန်ကုန်ကို တက်လာပြီး သူများဆီမှာ နေ့စားအဖြစ် ရေးခဲ့ရတယ်။ ဟိုတယ်တွေမှာ ချိတ်တဲ့ သစ်သီးပုံတွေကို ရေးရတယ်။ အဲ့ကနေမှ ပြခန်းတွေမှာ တောက်တိုမယ်ရလုပ်ပြီး ပန်းချီကားလေးတွေ ပြခန်းမှာတင်တယ်။ ပန်းချီဆရာဆိုတာကတော့ နောက်က ဘာမှ မရှိဘူး။ ပန်းချီနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတာဆိုတော့ ရုန်းနေရတာပဲ။ ပန်းချီလောကကို တိုးတက်စေချင်ပါတယ်။ ရေးချင်တာနဲ့ ရေးသင့်တာ ခွဲရမှာပေါ့။ ရေးချင်တယ်ဆိုတာက ကိုယ့်ရင်ထဲက အနုပညာကို လွတ်လွတ်လပ်လပ် ဖန်တီးတာ။ ရေးသင့်တယ်ဆိုတာက စားဝတ်နေရေးအတွက် ရောင်းတန်းပန်းချီပေါ့။ ရေးသင့်တာ ရေးရတော့ တိုးတက်မှုနှေးတာပေါ့။
၂၀၂၀ ဂျွန် ၁၆