Why did you choose this painting?

I chose this painting because the subject matter is directly related to me. As a Kachin who grew up in Myikyina, I made this artwork to depict the troubles of war and the people fleeing warfare. My solo exhibition ‘No More Life’ was held in 2016 for the second time. The entire series was dedicated to internally-displaced persons. I faced civil war when I was young. I did not have first-hand experience of fleeing, but it influenced my childhood. My parents, uncles and grandparents told me about their experiences. Some of my relatives served as revolutionary soldiers in the Kachin Independence Army and lost their lives. When I was young, I heard so much about this. Now I’m an adult and the war has come back.

Has Myanmar changed in the past decade?

I haven’t seen any change at all. It just becomes worse. Conflict areas used to be confined to Kachin, Kayah and Kayin States. Now there are new conflicts with Rakhine and Rohingya. The problems have not gone away. The more you watch, the worse it gets. There’s been a change of government and there is a democratic transition, but there are no real changes. Peace is the most important thing in Myanmar. Once peace is secured, the country could have a lot of positive development. But so far there’s no peace agreement. They’ve been negotiating for years. I don’t know what the problem is because I’m not a politician. We failed to get peace and as a result more tensions emerged. There are also more armed groups. The democratic government will soon complete its five-year term, and there will be an election. So I’m hoping something will happen then. From a positive perspective, we have to welcome the ongoing peace negotiations. But the bad thing is that nothing has come of them yet. Negotiation is good, but getting no results is bad.

8 February 2020

I

ဘရန်လီ

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဒီပန်းချီကားကို ရွေးချယ်ရတဲ့အကြောင်းရင်းက ကျနော်နဲ့ တိုက်ရိုက်အပ်စပ် တိုက်ရိုက်ပတ်သက်တဲ့ ပန်းချီကားဖြစ်လို့ပါ။ ကျနော်က မြစ်ကြီးနားမှာကြီးတဲ့ ကချင်လူမျိုးဖြစ်တော့ စစ်ဘေးဒုက္ခတွေ စစ်ဘေး စစ်ရှောင်ပြည်သူတွေအကြောင်းကို ဒီပန်းချီကားမှာ ရေးဆွဲထားတာပါ။ အခုကျနော်ရေးထားတဲ့ No more life က ၂၀၁၆ မှာ ဒုတိယအကြိမ် ကျနော် solo ပြတယ်။ အဲ့ဒီက အဲ့ စီးရီးအကုန်လုံးက စစ်ရှောင်ဒုက္ခသည်တွေကိုပဲ အဓိက ရည်ညွှန်းတယ်။ ငယ်ငယ်ကတည်းက ဖြစ်လာတဲ့ ပြည်တွင်းစစ်ပြဿနာတွေကို ကြုံခဲ့ရပါတယ်။ ကျနော်ကိုယ်တိုင်က စစ်ရှောင်ကို လက်တွေ့ မကြုံခဲ့သော်ငြား ဒီပြဿနာတွေ ပြည်တွင်းစစ်ရဲ့ ရိုက်ခတ်မှုတွေက ကျနော် ငယ်ဘဝမှာ လွှမ်းမိုးမှုရှိတယ်။ ကျနော့် အဖေအမေ၊ ဦးလေးနဲ့ အဘိုးအဘွားတွေက သူတို့ ကြုံခဲ့ရတာတွေကို ပြန်ပြောပြတယ်။ ကျနော့် ဦးလေးတွေထဲမှာလည်း KIA တော်လှန်ရေးစစ်သားတွေပါတယ်။ သူတို့ကိုယ်တိုင်လည်း အသက်တွေ ဆုံးရှုံးသွားခဲ့ရတယ်။ ငယ်ငယ်ကတော့ သတင်းတွေလည်း မျိုးစုံကြားနေခဲ့ရတာပေါ့နော်။ အခု ကိုယ်အသက်ကြီးလာတော့ နောက်တစ်ကြိမ်ပြန်ဖြစ်လာတယ်။ 

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

တစ်ခုမှ ပြောင်းလဲတာ မတွေ့ရသေးဘူး။ ပိုပိုပြီးဆိုးလာတဲ့ သဘောပဲ ပြန်ဖြစ်လာနေတယ်။ အရင်တုန်းက ငြိမ်းချမ်းရေးနယ်မြေဆို ကချင်၊ ကယား၊ ကရင် ဒေသတွေလောက်ပဲရှိတယ်။ အခုက ရခိုင်နဲ့ ရိုဟင်ဂျာပါ ဖြစ်လာပြီ။ ဖြစ်တဲ့ ပြဿနာတွေက အခုထိ မပြီးဆုံးနိုင်သေးဘူး။ ကြည့်နေရင်းနဲ့ကို ပိုပြီးဆိုးလာတယ်။ အစိုးရတော့ ပြောင်းလဲတယ်ပေါ့နော်။ အစိုးရ ဒီမိုကရေစီအပြောင်းအလဲ အရွေ့တစ်ခုတော့ ရှိတယ်။ ဒါပေမယ့်လည်း တစ်ကယ့်တစ်ကယ် ကျနော်တို့ မြင်နေရတာတော့ ဘာမှလည်း တစ်ခုမှ ဖြစ်မလာဘူး။ မြန်မာနိုင်ငံမှာ အဓိကက ငြိမ်းချမ်းရေးရဖို့ပဲ။ ငြိမ်းချမ်းရေးရပြီးရင်တော့ မြန်မာနိုင်ငံရဲ့ အနေအထားက အများကြီးတိုးတက်ပြောင်းလဲသွားနိုင်တဲ့ အနေအထားပေါ့။ ဒါပေမယ့် အခုထိလည်း ဒီငြိမ်းချမ်းရေးဆိုတာကြီးက မရနိုင်သေးဘူး။ ဆွေးနွေးနေတာလည်း နှစ်ချီပေါက်နေပြီ။ ဘာဖြစ်လို့လဲဆိုတာကို နိုင်ငံရေးသမားတစ်ယောက်မဟုတ်တော့ မသိဘူး။ ငြိမ်းချမ်းရေး မရနိုင်တော့ ပိုပြီး တင်းမာလာတယ်။ လက်နက်ကိုင် အဖွဲ့အစည်းကလည်း ပိုများလာတယ်။ အခု ဒီမိုကရေစီ အစိုးရ သက်တမ်းငါးနှစ်ပြည့်တော့မယ် မကြာခင်မှာပဲ ရွေးကောက်ပွဲ ထပ်ပြီးတော့ လုပ်မယ်။ အဲ့လို ဆိုတော့ ကျနော်က တစ်ခုခုဖြစ်လာဖို့ မျှော်လင့်နေတယ်။ ကောင်းတဲ့ ဘက်က ကြည့်မယ်ဆိုရင်တော့လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို စဥ်ဆက်မပြတ် ဆွေးနွေးနေတာကို ကျနော်တို့က လက်ခံပေးရမှာပဲ။ ဆိုးတာကတော့ အခုထိ ဘာမှဖြစ်မလာဘူးဆိုတာကတော့ ဆိုးတာပေါ့။ ဆွေးနွေးတာကတော့ အကောင်းပဲ။ ရလဒ်ထွက်မလာတာကလည်း အဆိုးဖြစ်နေတယ်။ 

၂၀၂၀ ဖေဖော်ဝါရီ ၈