Why did you create this painting?

This painting is a collaboration between me and Ko Aung Cheimt. I created the painting and he contributed the text from his poem. When we had a flood disaster in Myanmar in 2015, I sent this painting to an exhibition dedicated to donating the entire sales revenue to flood victims. The two of us started to collaborate in 2009. We did a donation exhibition for victims of Cyclone Nargis. Ko Aung Cheimt said then that he envied artists and wanted to participate but didn’t know how. Later I gave him a canvas and told him to write something in a particular area. I wasn’t illustrating his text. It’s a combination of his poetic spirit and my artistic creation.

Has Myanmar changed in the past decade?

After 2010, the speed of change was very fast. These were changes rooted in the past. We all felt that between 2010 and 2019. Once censorship was lifted, people had a chance to know clearly through unrestricted publication, distribution and freedom of speech. As we gained full access to education and knowledge from abroad, the entire country had to get used to the speed of change. In the previous four or five decades, we’d vividly witnessed the impact of unjust rule. Now citizens know more and faster. I’m sure this is a change.

Has life for you as a painter changed in the past decade?

I had a chance to show my paintings at a peace project in Paris in 2014. I went there twice and stayed for several months to work on my art in a museum. They showed it for about six months. Next I went to Korea and Malaysia for collaborations.

27 May 2020

I

ချမ်းအေး

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ဒီကားက ကျနော်နဲ့ ကိုအောင်ခြိမ့်နဲ့ collaborate လုပ်ထားတာပါ။ ကျနော်က ပန်းချီကားကိုရေးပြီး သူက သူ့ရဲ့ ကဗျာထဲမှာပါတဲ့ စာသားအချို့ကို ထုတ်နုတ်ပြီး ရေးခဲ့တာ။ မြန်မာပြည်မှာ ၂၀၁၅ တစ်ဝိုက်လောက်မှာ ရေဘေးဖြစ်တော့ ရောင်းရငွေ ၁၀၀ ရာခိုင်နှုန်းကို လှူဒါန်းကြတဲ့ပွဲမှာ ဒီကားကို ပို့လိုက်တာပါ။ ကျနော်တို့ စတင်ပြီးတော့ collaborate လုပ်ခဲ့တာ ၂၀၀၉ မှာပါ။ နာဂစ်အတွက် မြန်မာတစ်ပြည်လုံးက ပန်းချီဆရာတွေစုပြီး လှူဒါန်းတဲ့ပွဲတစ်ပွဲလုပ်ခဲ့ဖူးတယ်။ အဲ့ပွဲမှာ ကိုအောင်ချိမ့်က သူငယ်ချင်းတို့ ပန်းချီဆရာတွေ လှူဒါန်းတာကို အရမ်းအားကျတယ်၊ သူလည်း ပါဝင်ချင်လိုက်တာ၊ ဘယ်လို လုပ်ရမှန်း မသိဘူးလို့ပြောတယ်။ အဲ့နောက်ပိုင်းမှာ ကျနော် သူ့ကို ကင်းဗတ်စ်ပေးပြီး ဒီ ဧရိယာအတွင်းမှာပဲ ရေးလာခဲ့လို့ ပြောလိုက်တယ်။ သူရေးလာတဲ့စာကို ကျနော်က သရုပ်ဖော်တာမဟုတ်ဘူး။ သူ့ကဗျာဓာတ်နဲ့ ကျနော့် ပန်းချီဖန်တီးမှု ပေါင်းစပ်တာပေါ့။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

၂၀၁၀ နောက်ပိုင်းမှာ ပြောင်းလဲတဲ့ အရှိန်က အရမ်းမြန်လာတာပေါ့။ ဟိုဘက်ကတည်းက အခြေတည်လာတဲ့ ပြောင်းလဲမှုတွေပေါ့။ ၂၀၁၀ နဲ့ ၂၀၁၉ ကြားမှာ မြန်ဆန်တဲ့ အရှိန်ကို ကျနော်တို့ အားလုံးခံစားရတယ်။ နောက် ဆင်ဆာတွေ ပြုတ်သွားတဲ့ နောက်ပိုင်းမှာ အဆီးအတားမရှိတဲ့ ပုံနှိပ်မှုတွေ၊ ထုတ်ဝေဖြန့်ချိမှုနဲ့ ပြောရေးဆိုခွင့်ရှိမှုတွေကတဆင့် လူထုက ပြတ်ပြတ်ထင်ထင် သိခွင့်ရလာတယ်။ ပြည်ပက အသိပညာပဲဖြစ်စေ ဗဟုသုတပဲဖြစ်စေ သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံရရှိနေတော့ တစ်ပြည်လုံးက အဟုန်ပေါ်မှာ အသားကျအောင် လုပ်နေရတဲ့ အနေအထားရှိတယ်။ ရှေ့မှာရှိသွားခဲ့တဲ့ ဆယ်စုနှစ်လေးငါးခုနှစ်လောက် အုပ်စိုးသွားခဲ့တဲ့ မတော်မတရားတဲ့ အုပ်ချုပ်မှုရဲ့ ဆိုးရွားတဲ့ဒဏ်ကို မျက်ဝါးထင်ထင် ကြုံတွေ့နေရတဲ့ ကာလပဲလေ။ ဒီဘက်နှစ်တွေထဲမှာ နိုင်ငံသားတွေ သိရှိရတာ ပိုပြီးတော့ များပြားလာတယ်၊ မြန်ဆန်လာတယ်။ ဒီဟာကတော့ ပြောင်းလဲမှုတစ်ခုဆိုတာ သေချာတယ်လေ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

၂၀၁၄ လောက်မှာ ပါရီက ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ ပရောဂျက်တစ်ခုနဲ့ပတ်သက်တဲ့ ကိုယ်ပိုင် ပန်းချီတွေကို တင်ပြခွင့်ရတယ်။ ပါရီကို နှစ်ခေါက်လောက်သွားပြီးတော့ အဲ့မှာလည်း လနဲ့ချီနေပြီးတော့ ပြတိုက်ထဲမှာပဲ ကိုယ်တင်ဆက်မယ့် အနုပညာအတွက် လုပ်ခဲ့ရတယ်။ သူတို့လည်း ခြောက်လလောက် ပြသပေးတယ်။ အဲ့နောက်ပိုင်းမှာ ကိုရီးယားတို့ မလေးရှားတို့မှာ တွဲဖက်ပြီး လုပ်ကိုင်ရတာမျိုးတွေရှိပါတယ်။

၂၀၂၀ မေ ၂၇