Why did you create this painting?

A photo was published in a book entitled Images of Ancient Myanmar. It was blurry and black-and-white. This painting is based on that photo. I changed the clothes a little. I also put the Shwedagon Pagoda of 2011 in the background. Then there weren’t too many buildings near the pagoda. Now it’s surrounded by buildings.

Has life for you as a painter changed in the past decade?

In the past decade galleries commissioned paintings from me. From 2008 to 2016, I created two or three paintings a month for galleries. Small galleries asked me to give them my paintings. As collectors are drawn to the world’s most famous paintings, there’s a market for copies of them. Mostly, they asked me to recreate impressionist paintings. In 2011, I had a solo show. Later I mostly participated in group shows. It takes time and energy to have a solo show. You need to have 50 paintings, so I haven’t done that lately. But a gallery wants to hold a one-man show for me, so I’m making paintings for that. When I paint, I don’t have just one subject. I paint figures, I also create abstract paintings. It depends on my inspiration. Some artists specialize in one subject. I don’t do that. It’s not okay to paint just one subject. Coming from a small town and struggling in Yangon, I can’t paint just one subject.

Has Myanmar changed in the past decade?

Art has developed somewhat. It’s hard to predict because we don’t know what’s going to happen with Covid-19. Every business has been affected. For me, I’ll continue to create paintings, fiction and poetry.

4 May 2020

I

ထွန်းဝေမြင့်

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

မြန်မာတို့ရဲ့ ခေတ်ဟောင်းက ပုံရိပ်များဆိုတဲ့ စာအုပ်မှာ ဒီဓာတ်ပုံပါဖူးတယ်။ ဓာတ်ပုံက ခပ်ဝါးဝါး၊ အဖြူအမဲဓာတ်ပုံ။ အဲ့ဒီဓာတ်ပုံအပေါ်မှာ အခြေခံပြီး ပန်းချီကားကို ဆွဲထားတာပါ။ အဝတ်အစားနည်းနည်း ပြောင်းလိုက်တယ်။ ၂၀၁၁ လောက်က ရွှေတိဂုံဘုရားပုံကို နောက်ခံထားထားတယ်။ ၂၀၁၁ လောက်က ရွှေတိဂုံဘုရားနားမှာ တိုက်တွေ သိပ်မရှိသေးဘူး။ အခုတော့ ရွှေတိဂုံအနားမှာ တိုက်တွေ အများကြီးပဲ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

အဲ့ဒီဆယ်စုနှစ်မှာ gallery တွေနဲ့ချိတ်ဆက်ပြီး ပန်းချီကားတွေ ရေးရတယ်။ ၂၀၀၈ လောက်ကစပြီးတော့ gallery တွေအတွက် တစ်လကို နှစ်ကားသုံးကားလောက် ပန်းချီကားတွေကို ၂၀၁၆ အထိ ရေးပေးရတယ်။ Gallery အသေးလေးတွေက ဘယ်နှစ်ကား ရေးပေးပါဆိုပြီး အပ်တာတွေရှိတယ်။ ပန်းချီကား စုဆောင်းတဲ့သူတွေက ကမ္ဘာကျော် ပန်းချီကားတွေ ကို စုချင်တော့ ကော်ပီရေးတဲ့ ဈေးကွက်ရှိလာတယ်။ များသောအားဖြင့် impressionist ပန်းချီကားတွေ ရေးခိုင်းလို့ ရေးရပါတယ်။ ၂၀၁၁ မှာ ဆိုလိုရှိုးတစ်ကြိမ်လုပ်လိုက်တယ်။ နောက်ပိုင်းကျတော့ group show တွေပဲများတယ်။ တစ်ကိုယ်တော်ပြပွဲက အချိန်ယူရတယ်၊ အလုပ်ရှုပ်တယ်။ ပွဲတစ်ပွဲအတွက် ပန်ချီကား ၅၀ လောက်ရေးရတော့ နောက်ပိုင်းမလုပ်ဖြစ်ဘူး။ ဒီနှစ်တော့ gallery တစ်ခုကနေပြီးတော့ one-man show လုပ်ပေးဖို့ရှိတယ်။ အဲ့ဒါအတွက် ပန်းချီကားစုနေတယ်။ ရေးတာက အကြောင်းအရာတစ်ခုတည်းမရေးဘူး။ လူပုံတွေလည်းရေးတယ်။ abstract လည်းရေးတယ်။ ကိုယ်စိတ်ကူးရရာကို အဓိကထားရေးတယ်။ တစ်လိုင်းတည်း အထူးပြုပြီး တချို့က ရေးကြတယ်။ ကျနော်ကတော့ အဲ့လိုမရေးဘူး။ ဗမာပြည်မှာတော့တစ်ခုတည်းကို ရေးလို့ အဆင်မပြေပါဘူး။ နယ်မြို့ကလာပြီးရန်ကုန်မှာရုန်းကန်ရတော့ အကြောင်းအရာတစ်ခုတည်းကို ရေးတာမလုပ်နိုင်ဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ပန်းချီကတော့ နည်းနည်းလေး ဖွံ့ဖြိုးလာပါတယ်။ ကိုဗစ်အခြေအနေကလည်း ဘယ်လိုဖြစ်မယ်မှန်းမသိတော့ ရှေ့အလားအလာကို မှန်းရတာခက်တယ်။ စီးပွားရေးအကုန်လုံးက အနုတ်လက္ခဏာပြနေတယ်။ အလုပ်ကတော့ ဒီအနုပညာအလုပ်ဖြစ်တဲ့ ပန်းချီဆွဲတာ၊ စာပေ၊ ကဗျာ ရေးတာ လုပ်သွားဖို့ ရှိပါတယ်။  

၂၀၂၀ မေ ၄