Why did you choose this painting?

I created this painting in 2012. The building is still there, though most others have changed. I remember this building on the corner of Anawratha Road and Pansodan Street – in the old days Fraser Road and Phayre Street. When I was a student, you got to see the entire Burmese film scene there. Back then, I wanted to draw movie posters and I got a job doing that. There used to be a wide pavement, not like today. It looked as though Burmese music spread across the road. Burmese literary circles also gathered there. In 1984, I worked as an illustrator for monthly periodicals. This was an area for art and culture. But it was hard to make a living through art alone. People who came to Yangon to become artists, as I did, worked as illustrators. After the 1988 uprising, the military government tore down the porticos and ripped up half the pavement to build an overpass. I miss that road. Gradually, the film, music and tea shops disappeared from the pavement. I still walk along there. There have been many changes at street level.

Has life for you as a painter changed in the past decade?

I started to paint a lot again in 2012. As acrylic became popular in 2008, more artists began to appear. There were more exhibitions, more galleries and more genres. I often painted the Pansodan area because I missed it. But I didn’t want to include the bottom parts of buildings because there’d been too many changes. The scenes in my imagination no longer existed. That’s why my paintings show the upper parts or roofs of buildings. From 2011 to 2013, my work was based on those old buildings. I no longer have my paintings of the Secretariat, the 38th Street church, and Lokanat Gallery. I miss them. I can no longer look at my paintings from that period because I don’t have them. My feelings and nostalgia are in my paintings. I think you can see that.

29 March 2020

I

ကိုကိုနိုင်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဒီပန်းချီကားကို ၂၀၁၂ခုနှစ် မှာဆွဲပါတယ်။ အခုထိ ဒီအဆောက်အဦးရှိသေးတယ်။ တော်တော်များများကတော့ ပြောင်းလဲသွားပါပြီ။ အနော်ရထာလမ်းနဲ့ ပန်းဆိုးတန်း လမ်းထောင့်က
ဒီအဆောက်အဦနဲ့ ဒီလမ်းကို ကျနော် မှတ်မှတ်ရရပါပဲ။ ကျနော်ကျောင်းသားဘဝက မြန်မာ့ ရုပ်ရှင် လောကအကြောင်းကို ထဲထဲဝင်ဝင်တွေ့နိုင်တဲ့လမ်းပါ။ အဲ့ဒီတုန်းက ကျနော်ကရုပ်ရှင်ရုံ ပိုစတာကြီးတွေ ဆွဲဘို့အားသန်နေခဲ့လို့ အားစမ်းခဲ့ရတယ်။ ပလက်ဖောင်းအကျယ်ကြီးရှိတယ်။ ခုလိုမဟုတ်ဘူး။ မြန်မာတေးဂီတကလည်းအဲ့ဒီလမ်းမပေါ် အထိုက်အလျောက်ဖြန့်ခင်းထားတာပေါ့။ ဒီလမ်းဒီဝန်းကျင်မှာပဲ စာပေအဝန်းအဝိုင်းကရှိပြန်တယ်။ ၁၉၈၄ လစဉ်ထုတ် စာအုပ်တွေမှာသရုပ်ဖော်ပန်းချီဆရာဘဝနဲ့ ရပ်တည်ခဲ့တာပေါ့။ ဒီလမ်းဒီဝန်းကျင်ဟာ အနုသုခုမနယ်မြေပဲ။ စားဝတ်နေရေးအရ ပန်းချီပညာနဲ့ ပန်းချီကားရေးဆွဲရပ်တည်ရ ခက်ခဲတဲ့ ကာလပါ။ နယ်ဘက်က ကျနော့်လို ပန်းချီပညာနဲ့လာရောက်ရပ်တည်သူတွေ သရုပ်ဖော်ပန်းချီဆရာအဖြစ်နဲ့နေကြတာပဲ။ ၁၉၈၈ အရေးအခင်းနောက်ပိုင်း စစ်အုပ်ချုပ်ရေး ကာလ အဲ့ဒီလမ်းပေါ်ဂုံးကျော်ကြီးဖောက်တော့တာပဲ ပေါ်တီဂိုကြီးတွေကိုဖြိုပြီး ပက်လက်ဖောင်းတွေကို တဝက်ဖြတ်လိုက်ကြတယ်။ ကျနော်ဒီလမ်းကိုလွမ်းတယ်။ တဖြည်းဖြည်း ဒီလမ်းမှာ အရင်ကမြင်ကွင်းတွေ ရုပ်ရှင်ဂီတတွေ ပလက်ဖောင်း လက်ဖက်ရည်ဆိုင်တွေ မရှိတော့ဘူး။ ကျနော်ကတော့ဖြတ်လျှောက်နေရတုန်းပဲ။ မြေညီထပ်တွေမှာ ပိုမိုပြောင်းလဲလာတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

၂၀၁၂ မှာ ကျနော် ပန်းချီကားတွေ တော်တော်ပြန်ရေးဖြစ်တယ်။ ၂၀၀၈ အခရိလစ်ဆေးတွေ တွင်ကျယ်လာပြီးနောက်ပိုင်းမှာ ပန်းချီကားရေးဆွဲသူတွေ အားကောင်းစ ပြုလာတယ်။ ပြပွဲတွေစိတ်လာတယ်၊ ပြခန်းတွေများလာတယ်၊ လိုင်းတွေလည်းစုံလာတယ်။ ကျနော်လွမ်းတဲ့ ပန်းဆိုးတန်းဝန်းကျင်ကိုလည်း ပန်းချီကားတွေ တော်တော် ဆွဲပစ်လိုက်တယ်။ အပြောင်းအလဲများတဲ့ တိုက်အောက်ခြေတွေ ထည့်မဆွဲချင်ခဲ့ဘူး။ ကျနော့်အာရုံထဲ လွမ်းကျန်ရစ်တဲ့ မြင်ကွင်းတွေမရှိတော့ဘူးလေ။ ကျနော့် ပန်းချီကားတွေမှာ တိုက်အပေါ်ပိုင်း ခေါင်မိုးတွေ ပဲပါတာ အဲ့ဒါကြောင့်ပါ။ ၂၀၁၁ ကနေ ၂၀၁၃ အထိ ရေးခဲ့တဲ့ကားပေါင်းများစွာဟာ အဲ့ဒီဝန်းကျင်ကအဆောက်အဦးတွေပဲများတယ်။ ဝန်ကြီးများရုံး၊ ၃၈လမ်းထိပ်ဘုရားကျောင်း၊ လောကနတ် ပြခန်းနားက ပတ်ဝန်းကျင်အကြောင်းရေးထားတာတွေ ကျနော်ဆီမှာမရှိတော့ပါဘူး။ ကျနော့်ပန်းချီကားတွေကျနော်လွမ်းပါတယ်။ အဲ့ဒီကာလက ဆွဲခဲ့တဲ့ကားတွေ ပြန်ကြည့်စရာ မရှိတော့ပါဘူး။ ကျနော့်ပန်းချီကားတွေထဲမှာ ကျနော့် ခံစားချက်နဲ့အလွမ်းတွေပါနေပါလိမ့်မယ်။ ခင်ဗျားတို့မြင်မိကြလိမ့်မယ်လို့ ထင်ပါတယ်။

၂၀၂၀ မတ် ၂၉