Why did you create this painting?

Three of my paintings were displayed at a group show in Lokanat Gallery in 2013. I sent this one to Ko Pyay Way for a fund for flood victims. I did it without brushes, only sponges. I used sponges in place of big brushes. I’ve been making abstract art for over 10 years. I like abstraction so much. It’s free. I might change based on my age and experience. But I’ll always paint abstract art.

Has life for you as a painter changed in the past decade?

You no longer need to go through the censorship board for exhibitions. In the past, you had to apply to the censorship office on Pansodan Street. If there was something they didn’t understand, they’d ask you to remove it. They didn’t like too much red. They’d ask questions. If you couldn’t answer, they wouldn’t approve the painting. My friend’s painting had to be moved to the toilet at Lokanat Gallery. Anyone who wanted to see it had to sneak in there. Every artist has their own difficulties. For us, it’s very tough. It’s hard to sell abstract paintings. It’s a dream to sell two paintings a year. That’s not just in this decade. In the past too it was hard to make a living through art. It’s even harder with Covid-19. All the galleries are closed. Only people from artistic circles are interested. Most artists, poets and writers come to art shows. When I tell people I’m a painter, they ask me where my shop is. It’s hard to answer. People only think of those who paint car license plates as painters. So I have to explain a lot.

12 June 2020

I

ကိုနောင်

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

၂၀၁၃ လောက်က ကျနော်တို့ လောကနတ်မှာ လုပ်တဲ့ group show မှာ သုံးကားတင်တယ်။ ရေဘေးဖြစ်တော့ ကိုပြည့်က အလှူခံတော့ ကိုပြည့်ဆီကို သွားပေးလိုက်တာ။ ကျနော်ရေးထားတာ စုတ်တံမပါဘူး၊ ရေမြုပ်တုံးနဲ့ပဲ ရေးထားတာ။ stroke တွေကို စုတ်တံအကြီးကြီးတွေနဲ့မဟုတ်ပဲ ရေမြုပ်နဲ့ပဲ ရေးထားတာ။ abstract ပဲအဓိက ထားရေးတာ ဆယ်နှစ်ကျော်ပြီ။ abstract ကို အရမ်းကြိုက်တယ်။ အရမ်းလွတ်လပ်လို့။ အတွေ့အကြုံအရ ဖြတ်သန်းလာတဲ့ နှစ်တွေအရ ပြောင်းသွားမှာပေါ့။ ဒါပေမယ့် ကျနော်က abstract ထဲမှာပဲ အမြဲတမ်း ရှိနေမှာပါ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ပြပွဲလုပ်ရင် စိစစ်ရေးမတင်ရတော့ဘူးပေါ့။ အရင်က ပြပွဲလုပ်ရင် ပန်းဆိုးတန်းက စိစစ်ရေးကို သွားလျှောက်ရတယ်။ သူတို့ နားမလည်တာဆို ဖြုတ်ခိုင်းတယ်။ အနီရောင်တွေ အရမ်းများရင် သူတို့ မကြိုက်ဘူး။ မေးခွန်းထုတ်ပြီ။ ကိုယ့်ဘက်က မဖြေတတ်ရင် သူတို့က အဲ့ကားကို ချိတ်ဆွဲခွင့်မပေးဘူး။ ကျနော်သူငယ်ချင်းတွေကားဆို လောကနတ်မှာ ပြတုန်းက အိမ်သာထဲမှာ သိမ်းထားရတယ်။ ဧည့်သည်က ကြည့်ချင်ရင် ခိုးပြရတယ်။ ပန်းချီဆရာတိုင်းမှာ အခက်အခဲရှိတယ်။ ကျနော်တို့ကျတော့ အရမ်းခက်ခဲတယ်။ ကျနော်တို့ ရေးတဲ့ abstract လိုင်းကျတော့ ရောင်းရဖို့လည်း ခက်ခဲတယ်။ တစ်နှစ်ကို နှစ်ကားလောက်ရောင်းရဖိုက တော်တော် အိပ်မက်ဆန်တယ်။ ဒီဆယ်စုနှစ်မှမဟုတ်ပါဘူး ဟိုးအရင်တုန်းကလည်း ပန်းချီနဲ့ရပ်တည်ဖို့ အရမ်းခက်ခဲတယ်ဆိုတာ ကျနော်သိတယ်။ အခုကိုဗစ်ကာလဆို ပိုခက်ခဲတယ်။ ပြခန်းတွေလည်း အကုန်ပိတ်။ ပန်းချီအပေါ် စိတ်ဝင်စားတာက အနုပညာအသိုင်းအဝိုင်းလောက်ပဲ စိတ်ဝင်စားတာဗျ။ ပန်းချီပြပွဲတစ်ပွဲလာရင် ပန်းချီဆရာအများစုလာတယ်၊ ကဗျာဆရာအများစုလာတယ်၊ စာရေးဆရာအများစုလာတယ်။ ပန်းချီဆရာလုပ်တယ်ဆိုရင် ဘယ်မှာဆိုင်ဖွင့်ထားတာလဲမေးတော့ တော်တော်အဖြေရကျပ်တယ်။ ပန်းချီဆရာဆိုရင် ဟိုးတုန်းကလို ကားနံပါတ်ရေးတာလောက်ပဲ သိကြတာ။ တော်တော်ရှင်းပြရတယ်။

၂၀၂၀ ဂျွန် ၁၂