Why did you choose this painting?

This is an oil painting. I used a palette knife and no brush. It was raining as I worked on it, so I painted round strokes to look like rain drops. Once when I visited Eain Aye Kyaw’s apartment near Kyimyindaing night market, we stayed up the whole night. In the morning, I saw a village in Hlaingthaya from one of his windows. I grew up on a paddy field and cut grass. When I saw that scene from the window, I felt like I was looking at my previous life. So I took a photo and made a painting from it. As I’d been living in towns and cities for a long time, I’d forgotten the life I once had. Back then, life was simple. It couldn’t happen now, but I saw that life that morning. If you look at the painting carefully, there are paddy fields, a boat and smoke coming from a rice mill. The smell of the city is not good. But I like the smell of a village.

Has life for you as a painter changed in the past decade?

I set foot in the art world in 2001. But I wasn’t on a path to true art. I made seashell paintings until 2004. Then I joined a Korean company making oil paintings for a year and a half. In 2007, I had a chance to study under Myint Swe. I started to paint seriously only in 2016. So there must have been positive changes. It became okay for me.

Has Myanmar changed in the past decade?

Myanmar can’t stop changing. That will never stop. There will always be change.

27 June 2020

I

ကျော်ရင်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဒါက ဆီဆေးပန်းချီကား။ ပန်းချီကားတစ်ချပ်လုံးမှာ စုတ်တံတစ်ချောင်းမှ မသုံးပဲ ဓားနဲ့ရေးတာ။ ပန်းချီကားရေးတဲ့အချိန်မှာ မိုးတွေရွာနေတော့ ရေးချက်လေးတွေကို မိုးရေစက်လေးတွေနဲ့ တူအောင် ခံစားရေးဆွဲထားပါတယ်။ ဆေးတွေက လုံးလုံးလေးတွေ ဖြစ်နေတယ်။ အိမ်အေးကျော်ရဲ့ ကြည့်မြင်တိုင် ညဈေးနားက တိုက်ခန်းလေးကို အလည်သွားတုန်းက နှစ်ယောက် တစ်ညလုံး မအိပ်ကြဘူး။ မနက်မိုးလင်းတော့ တစ်ဖက်ကမ်းက လှိုင်သာယာက ရွာတစ်ရွာကို ပြတင်းပေါက်ကနေ မြင်ရတယ်။ တစ်ချိန်တုန်းက လယ်ကန်သင်းရိုးမှာနေတယ်၊ မြက်ရိတ်တယ်။ အဲ့လိုပြတင်းပေါက်ကနေ ကြည့်လိုက်တော့တစ်ချိန်က ဘဝကို ပြန်တွေ့ရသလိုခံစားရပြီး ဓာတ်ပုံရိုက်ခဲ့ပြီးတော့မှ ပြန်ရေးထားတာ။ မြို့ပြမှာ နေတာကြာလာတော့ ဘဝတစ်ခုကို မေ့ခဲ့တယ်။ ဟိုအရင်က တစ်ကယ်ကို ရိုးရှင်းတဲ့ဘဝတွေ။ ဒီနေ့ဒီအချိန်ကျတော့ အဲ့လိုကြီး ဖြစ်မလာနိုင်တော့ဘူးဆိုပေမယ့် အဲ့ဘဝကို အဲ့မနက်က မြင်လိုက်ရတယ်။ ပန်းချီကားကို သေချာကြည့်ရင် လယ်ကွင်းတွေလည်း ရှိတယ်။ လှေလည်းရှိတယ်။ နောက်ဆန်စက်က ထွက်တဲ့ မီးခိုးလည်းရှိတယ်။ မြို့ပြရဲ့ အနံတွေက ရှုလို့မကောင်းဘူး။ တောရွာရဲ့ အနံက ရှုလို့ကောင်းတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

အကို ပန်းချီလောကကို စနင်းတာက ၂၀၀၁။ ဒါပေမယ့် အဲ့အချိန်တုန်းက စစ်မှန်တဲ့ ပန်းချီလမ်းကြောင်းပေါ် မရောက်ခဲ့ဘူး။ ၂၀၀၄ အထိ ခရုကမာ ပန်းချီတွေ ဖန်တီးတယ်။ နောက်တော့ ဆီဆေးပန်းချီလုပ်တဲ့ ကိုရီးယားကုမ္ပဏီတစ်ခုမှာ တစ်နှစ်ခွဲလောက် ရေးခဲ့တယ်။ ၂၀၀၇ မှာ ပန်းချီဆရာ ဦးမြင့်ဆွေဆီရောက်ပြီးတော့ ဆရာ့ဆီမှာ ပညာဆီးပူးတယ်။ ၂၀၁၆ကမှ ပန်းချီကို သေချာလေးရေးဖြစ်တာ။ အဲ့အချိန်မှာ အပေါင်းလက္ခဏာ မဆောင်စရာ မရှိတော့ ဘူး အဆင်ပြေသွားပြီ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

မြန်မာပြည်မှာ ပြောင်းလဲလို့ မဆုံးနိုင်ဘူး။ ဘယ်တော့မှလည်း ပြောင်းလဲခြင်းဟာ ရပ်တန့်မှာမဟုတ်ဘူး။ အမြဲတမ်း ပြောင်းလဲနေမှာပဲ။

၂၀၂၀ ဂျွန် ၂၇