Why did you choose this painting?

My paintings of women are based on traditional Myanmar art. Such art doesn’t highlight what can be seen with the naked eye. It emphasizes the emotion behind superficial subjects. I create such paintings because I want to show the tender attitude, the soft and honest appearance, the modest and natural life of Burmese women. The soft, tender and paper-thin outlines, the simple and basic colours, the flat, non-3D paint draw inspiration from traditional Myanmar art. Later, I used this technique to draw male figures as well. With male figures, I often paint the emotions we find in our times. I paint people with no purpose who’ve lost their identity.

Has Myanmar changed in the past decade?

Many things are changing in different ways. Not good or bad in particular. But there are constant changes and we’re not on a fixed path. Artists, businessmen, and politicians all feel the impact. My entire generation grew up under the military government, so we’re used to their way of governing. Now that I think about it, we’re used to military rule because we grew up under it. We have some hope now, unlike in the past. But not so much difference. Our generation is just used to it. All our thinking became one with the system. The next generation will be different. Young people born after 1988 and those who don’t even know what happened in 1988 are so different from us in the way they think and believe. There’s no reason one generation should be the same as another.

23 March 2020

I

မင်းဇော်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ကျွန်တော့်ရဲ့အမျိုးသမီးပုံ ပန်းချီကားတွေဟာ မြန်မာ့ရိုးရာပန်းချီကို အခြေခံထားတာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာပန်းချီဟာ မျက်စိနဲ့ မြင်ရတဲ့ အမြင်ကို ဦးစားပေးရေးဆွဲတာမျိုးမဟုတ်ဘဲ အပေါ်ရံအကြောင်းအရာတွေထက် အဲ့ဒါတွေရဲ့နောက်ကွယ်မှာရှိတတ်တဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို ဦးစားပေးရေးဆွဲ ရတာမျိုးဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေရဲ့ နူးညံ့ပျော့ပြောင်း တဲ့စိတ်နေသဘောထား၊သိမ်မွေ့ ရိုးစင်းတဲ့ရုပ်ဆင်းအဂ္ဂါနဲ့ ဟန်ဆောင်မှူမရှိတဲ့ပကတိ ရိုသားဖြူစင်တဲ့ဘဝ တွေကို ပေါ်လွင်စေချင်လို့ ဒီလိုဖန်တီးမှူမျိုးကို ရေးဆွဲဖြစ်တာပါ။ နူးညံ့သိမ်မွေ့  ပျော့ပြောင်းပါးလွှာတဲ့ ကောက်ကြောင်း၊ ရိုးရှင်းပြီးအခြေခံကြတဲ့ အရောင်နည်းနည်း၊ ထုထည်သဘောမဆောင်တဲ့ ပြင်ညီပြားချပ်တဲ့ရောင်ပြင်တွေဟာ မြန်မာ့ရိုးရာပန်းချီကနေကျွန်တော် ဆင့်ပွားဖန်တီးရယူထားတာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကျွန်တော်ဟာ ဒီရေးဆွဲနည်း စနစ်နဲ့ပဲအမျိုသမီးပုံတွေအပြင် အမျိုးသားပုံတွေကိုပါ ရေးဖြစ်ပါတယ်။ အဲဒီအမျိုးသားပုံပန်းချီကားတွေမှာတော့ ကျွန်တော်တို့ဖြတ်သန်းရတဲ့ခေတ်ကာလ အခြေအနေတွေနဲ့ပါတ်သတ်တဲ့စိတ်ခံစားမှူ တွေကိုပိုပြီးခံစားရေးဆွဲဖြစ်ပါတယ်။ ပန်းတိုင် ဝေဝါးပြီးမျှော်လင့်ချက် ကင်းမဲ့ သလို ခံစားနေကြရပြီး identity ပျောက်ဆုံးနေကြရတဲ့ သူတွေကို ပုံဖေါ်ရေးဆွဲဖြစ်တာပါ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

ဖြစ်စဥ်တွေ ဖြစ်စဥ်တွေမှာ အမျိုးမျိုး ပြောင်းနေတာ။ ကောင်းလာတာလည်းမဟုတ်ဘူး၊ ဆိုးလာတာလည်းမဟုတ်ဘူး။ ဒါပေမယ့် လမ်းကြောင်းတစ်ခုက ပုံသေကြီးမဟုတ်ပဲ အပြောင်းအလဲတွေက ရုတ်ချည်းဖြစ်နေတယ်။ အဲ့ဒီဒဏ်တွေကို အနုပညာသမားရော၊ စီးပွားရေးသမားရော၊ နိုင်ငံရေးသမားရော ခံရတာပေါ့။ အကိုတို့ခေတ် တစ်ခေတ်လုံးက စစ်အစိုးရလက်ထက်အောက်မှာပဲ ကြီးပြင်းခဲ့ရတော့ သူတို့တွေရဲ့ အုပ်ချုပ်မှုပုံသဏ္ဌန်အတိုင်းပဲ အကိုတို့က သွားခဲ့ကြတာလေ။ အခု ပြန်သုံးသပ်ကြည့်တဲ့အခါကျတော့ တစ်ဘဝလုံးက စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာနေခဲ့ရတဲ့ ဘဝဖြစ်တော့ ဒီဟာတွေနဲ့ပဲ အရမ်းအသားကျနေတယ်။ အရင်တုန်းကနဲ့စာရင် မျှော်လင့်ချက်လေးတော့ ရှိလာတယ်။ ဒါပေမယ့်လည်း သိပ်ပြီး ထူးခြားမှုတော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ အကိုတို့ အရွယ်ကတော့ အရမ်းအသားကျသွားပြီ။ အကိုတို့ရဲ့အတွေးအခေါ်တွေ အကုန်လုံးက ခေတ်စနစ်ကြီးနဲ့ အရမ်းကို အသားကျနေပြီ။ နောက်ပိုင်းမျိုးဆက်ကတော့ ဖြစ်လာမှာပေါ့။ ၈၈ နောက်ပိုင်းလူငယ်တွေ၊ ၈၈ ကို မသိတဲ့လူငယ်တွေဆိုရင်တော့င် အကိုတို့နဲ့ အတွေးအများကြီးကွာသွားပြီ။ အတွေးအခေါ်တွေရော၊ အယူအဆတွေရော။ ဒါကတော့ generation တိုင်း တူနိုင်စရာ အကြောင်းမရှိဘူးလေ။

၂၀၂၀ မတ် ၂၃