Why did you choose this painting?

This picture depicts female fashion in Yadanapon, Myanmar’s last royal dynasty. I mainly wanted to show that time. There are two women and one child. I always wanted to have a daughter, so I put a girl in the picture. I created this painting because the image of a woman, dressed in classical Burmese attire and smoking a cheroot, looks unique to me. I studied Myanmar culture as much as I could. I asked elders like my grandfather. Smoking is no longer fashionable for health reasons. In the past, though, smoking cheroots was part of our tradition. I’m also a smoker. I began ‘The Women’ series at the end of 2015. It has so many paintings that I forget how many I did.

Has life for you as a painter changed in the past decade?

I started my career as an artist in the past decade. In 2010, I was working as a reporter for TODAY Media and was assigned to interview gallery owners about the art market in Myanmar. I became familiar with the art industry through that. I’m also a neighbour of the artist Co Thiee. He taught me how to paint. In 2011, I decided to give it a go. In these years, something had an impact on my thinking, though not directly. Since 2015, I’ve been sexually harassed. Right up until now, there’s still sexual harassment from time to time. You could say everyone takes part in it. That feeling contributed to some of my paintings. I wanted justice. I still want that. But I live in this society, so I can only express my feelings through art. As artists, we can only present. To have real change, people in our country need to have better education and attitudes, as well as the ability to judge right from wrong and be willing to stand up for what’s right. We also need laws to protect us. I tried to stand up. I’m still doing that. But there won’t be any change if I’m the only person who defends his rights.

27 April 2020

I

မြို့ပြ

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

မြန်မာနိုင်ငံရဲ့ နောက်ဆုံးနန်းဆက် ရတနာပုံခေတ်က အမျိုးသမီးတွေရဲ့ ဆင်ယင်ထုံးဖွဲ့မှုပုံစံပါ။ အဓိကကတော့ အဲ့ဒီခေတ်ကို ရေးတာ။ ဒီပုံထဲမှာ မိန်းမနှစ်ယောက်နဲ့ ကလေးတစ်ယောက်ပုံထည့်ထားပါတယ်။ ကျနော့်မှာ သမီးလေးတစ်ယောက်လိုချင်လို့ ကောင်မလေးပုံထည့်ထားတာပါ။ စဆွဲတုန်းက မြန်မာဆန်တဲ့အမျိုးသမီးတစ်ယောက်က ဆေးပေါလိပ်သောက်နေတဲ့ဟန်က ထူးခြားတယ်လို့ ယူဆလို့ ကျနော်ဆွဲဖြစ်တာဗျ။ မြန်မာမှုတွေကို လက်လှမ်းမှီသလောက် လေ့လာတယ်။ ကျနော့်အဖိုးလို လူကြီးတွေကို လိုက်မေးတယ်။ ခေတ်ပြောင်းလာလို့ ကျန်းမာရေးအရ ဆေးလိပ် မသောက်ကြတော့ဘူး။ ဒါပေမယ့် ဟိုးအရင်ခေတ်ကတော့ ကျနော်တို့ဆီမှာ ရိုးရာတစ်ခုလို ဆေးပေါလိပ်သောက်ကြတယ်။ နောက်ကျနော်ကိုယ်တိုင်လည်း ဆေးလိပ်သောက်တယ်။ ၂၀၁၅ ကုန်ခါနီးလောက်မှာ ဒီ Women စီးရီးကို ရေးဖြစ်တယ်။ women စီးရီးက ပန်းချီကားတော်တော်များလို့ ဘယ်နှစ်ကားလဲတောင် ကျနော်မမှတ်မိတော့ဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ကျနော့် အသက်မွေးဝမ်းကြောင်းကို ပန်းချီဆရာတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ စတင်ခဲ့တာပေါ့။ ၂၀၁၀ မှာ တူဒေး မီဒီယာမှာ သတင်းထောက်လုပ်တော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနုပညာ‌ဈေးကွက်အကြောင်း ပန်းချီပြခန်းတွေကို အင်တာဗျူးခဲ့ရတယ်။ အဲ့တော့ အင်တာဗျူးပြီး ပန်းချီလောကအကြောင်း အကျွမ်းဝင်လာတယ်။ နောက် ပန်းချီဆရာကိုယ်သီးနဲ့ အိမ်နီးချင်းဖြစ်တော့ သူ့က ကျနော့်ကို ပန်းချီသင်ပေးခဲ့တယ်။ ၂၀၁၁ လောက်မှာ ပန်းချီရေးမယ်လို့ ဆုံးဖြတ်ပြီးရေးလာတာ။ ဒီကြားထဲမှာ ကျနော့်အပေါ်ကို တိုက်ရိုက်မဟုတ်ပေမယ့် ကျနော့်စိတ်အပေါ်ကို ရိုက်ခတ်ခဲ့တဲ့ အရာတစ်ခုရှိတယ်။ ၂၀၁၅ လောက်ကစပြီးတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုခံခဲ့ရတယ်။ အခုအချိန်ထိ တခါတလေ အနှောင့်ယှက်ခံနေရတုန်းပဲ။ အကုန်လုံးပါဝင်တယ်လို့ပဲပြောရမယ်။  အဲ့ခံစားချက်က ကျနော့်ရဲ့ တချို့ပန်းချီကားတွေမှာ သက်ရောက်တယ်။ တရားမျှတမှုရှိအောင် ကျနော်ကြိုးစားခဲ့တယ်။ အခုလည်း ကြိုးစားနေတယ်။ ဒါပေမယ့် ကျနော်တို့က လူ့အဖွဲ့အစည်းနဲ့ နေထိုင်တာဆိုတော့ ကျနော့်ခံစားချက်တွေကို ပန်းချီကနေ ဖော်ပြတာလောက်ပဲလုပ်လို့ရတယ်။ အနုပညာသမားတွေအနေနဲ့ ကျနော်တို့က တင်ပြလို့ပဲရတယ်။ တစ်ကယ်ပြောင်းလဲသွားဖို့အတွက် ကျနော်တို့နိုင်ငံက လူတွေမှာ ကောင်းမွန်တဲ့ အသိစိတ်ဓာတ်၊ ပညာရေး၊ အမှားအမှန်ကို ဆုံးဖြတ်နိုင်ပြီး မှန်တဲ့ဘက်က ရပ်တည်ရဲတဲ့ စိတ်ရှိရမယ်။ ကျနော်တို့ကို ကာကွယ်ပေးနိုင်မယ့် ဥပဒေရှိရမယ်။ ဒါတွေကို တွန်းကန်ဖို့ လုပ်ခဲ့ဖူးတယ်၊ အခုလည်း လုပ်နေတယ်။ ဒါပေမယ့် ကျနော်တစ်ယောက်တည်း ကိုယ့်အခွင့်အရေးကိုယ် ကာကွယ်နေလို့ကတော့ ပြောင်းလဲမှာမဟုတ်ဘူး။

၂၀၂၀ ဧပြီ ၂၇