Why did you create this painting?

I usually paint taiyingtha (Myanmar’s national races). I created a series of paintings to present their traditions, and covered almost every group. But I didn’t use a realistic presentation and instead emphasized artistic aspects. Since I didn’t want to miss their remarkable features, I used photos. I’ve been painting since I graduated in 2004. Back then, I focused on Myanmar women, not taiyingtha costumes.

Has life for you as a painter changed in the past decade?

In the past, I used watercolour. I wanted my style to be different, but people didn’t like what I did. In 2003, a Frenchman was interested in my paintings so I gave him a CD of my work. I was quite encouraged, but he disappeared. I finally did my first solo show in 2013, having tried since 2004. Only then did artists and collectors start to like my paintings. In 2014, I had an exhibition at Yangon Gallery. In 2016, I received an award for the Mekong Region. I got first prize among the Myanmar artists. There are many artists coming up. I don’t want their career paths to be closed. I struggled between 2004 and 2013. But young people today have more opportunities. They can search whatever they like on social media. In our time, we couldn’t access the internet easily. We had to go to internet cafes.

6 April 2020

I

စောကျော်ဇော

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ကျနော်က တိုင်းရင်းသားပုံတွေကို ဆွဲတာများတယ်။ တိုင်းရင်းသားပုံတွေကို စီးရီးအလိုက် ဆွဲဖြစ်တယ်။ ကိုယ့်တိုင်းရင်းသားရဲ့ ဓလေ့ထုံးစံလေးတွေကို ကျနော်က တင်ပြချင်တာ။ တိုင်းရင်းသားမျိုးနွယ်စုတွေ စုံသလောက်ရှိပြီ။ သာမန် realism ပုံစံနဲ့ မတင်ပြဘဲ အနုပညာဆန်တဲ့အပိုင်းကို ဦးစားပေးပြီးဆွဲဖြစ်တယ်။ သူတို့ရဲ့ အမှတ်အသားတွေကို လွဲလို့မရဘူးဆိုတော့ ပန်းချီဆွဲတဲ့အခါ ဓာတ်ပုံကို အကိုးအကားယူပြီးဆွဲပါတယ်။ ကျောင်းပြီးတဲ့အချိန် ၂၀၀၄ ထဲက ပန်းချီစဆွဲဖြစ်တယ်။ အဲ့ဒီတုန်းက တော့ တိုင်းရင်းသားဝတ်စုံတွေမဟုတ်ဘဲ မြန်မာအမျိုးသမီးပုံတွေကို ပန်းချီဆွဲတာများတယ်။  

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

အရင်တုန်းက ကျနော် ရေဆေးရေးတာများတယ်။ သူများနဲ့မတူတဲ့ ပုံစံလေးတစ်ခုကို သွားချင်တယ်။ ဒါပေမယ့် လူမကြိုက်ကြဘူး။ ၂၀၁၃က ပြင်သစ်တစ်ယောက်က ကျနော့် ပန်းချီပုံစံကို စိတ်ဝင်စားလို့ ကျနော်ရေးထားတဲ့ ပန်းချီကားတွေကို CD ထဲ ထည့်ပေးလိုက်တယ်။ ကျနော့်ရဲ့ ပန်းချီတွေအပေါ် စိတ်ဝင်စားမှုရှိတယ်ဆိုတော့ နည်းနည်း အားတက်သွားတယ်။ ဒါပေမယ့် သူက CD ယူပြီးပျောက်သွားတယ်။ ၂၀၁၃ မှာ ပထမဆုံး solo show လုပ်ဖြစ်တယ်။ ၂၀၀၄ က ကြိုးစားလိုက်တာ ၂၀၁၃ မှာမှ solo show လုပ်ဖြစ်တာပေါ့။ အဲ့ကျမှပဲ ပန်းချီလောကသားတွေရော၊ ပန်းချီဝယ်စုဆောင်းတဲ့သူတွေရော၊ ကျနော်ကားတွေကို သဘောကျလာကြတာ။ ၂၀၁၄ မှာကျတော့ Yangon gallery မှာတစ်ပွဲလုပ်သေးတယ်။ ၂၀၁၆ လည်းရောက်ရော မဲခေါင်ဒေသ ဆုပေးပွဲမှာ ကျနော်က မြန်မာနိုင်ငံက ပန်းချီဆရာတွေထဲမှာ ပထမဆုရသွားတယ်။ နောက်တက်မယ့် အနုပညာသည်တွေက အများကြီးပဲရှိသေးတယ်။ သူတို့ရဲ့ တက်မယ့်လမ်းကြောင်းကို မပိတ်စေချင်ဘူး။ ကျနော်တို့တုန်းကတော့ ၂၀၀၄ ကနေ ၂၀၁၃ အထိ အရမ်း ရုန်းခဲ့ရတာ။ အခုနောက်ပိုင်း လူငယ်တွေအတွက် ပိုတောင် အခွင့်အလမ်းတွေရှိလာတယ်။ ဆိုရှယ်မီဒီယာတွေကြောင့် လိုချင်သမျှ ရှာနိုင်နေတာ။ အရင်တုန်းကဆို ကျနော်တို့က အင်တာနက်မှ သုံးလို့မရတာ။ အင်တာနက် ကဖေးဆိုင်မှာ သွားသုံးရတာ။

၂၀၂၀ ဧပြီ ၆