Why did you choose this painting?

I read religious books when I was working on this series in 2013. I talked with my friends about art as well as religion. And the subject was on my mind because I’d been discussing it with Ko Pyay Way, owner of Nawaday Tharlar Gallery. I adore the gratitude and the intelligence. I love the Buddha because of his method in the Dhamma Wheel. I don’t know Pali, but I know the Buddha avoided two extremes of life. His noble eightfold path, also known as eight Maggang, is reflected in this painting. There are about 16 paintings in the series. I felt that was enough. So I moved on to my next series with a different topic.

Has Myanmar changed in the past decade?

There have been changes in the past decade. There were so many social changes and challenges. In 2008, we had Cyclone Nargis. Then the military government led a political transformation. They also forced approval of their self-written constitution, even though people were facing troubles. The U Thein Sein administration was formed. Then power was transferred to another administration. There will be an election later this year. Even if we don’t actively engage with politics, we know about it. As the media are powerful in the internet age, we artists constantly hear and see what’s going on even if we don’t have time. In this country, artists have to survive on their own. Another change is that the art market is on the decline. But I noticed that, no matter how bad the timing, most artists just go ahead with their exhibitions. They’re trying their best.

27 March 2020

I

ရှိုင်းလူ

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ဒီကားတွေ ရေးတဲ့ ၂၀၁၃ ခုနှစ်လောက်က ဘာသာရေးစာအုပ်တွေ ဖတ်ဖြစ်တယ်။ အပေါင်းအသင်းမိတ်ဆွေတွေနဲ့လည်း အနုပညာအကြောင်း၊ ဘာသာရေး အကြောင်းပြောဖြစ်တယ်။ နောက် နဝဒေးသာလာ ပန်းချီပြခန်း ပိုင်ရှင်ဖြစ်တဲ့ ကိုပြည့်ဝေနဲ့ အဲ့ဒါလေးတွေ ဆွေးနွေးရင်းနဲ့ ခေါင်းထဲမှာရောက်နေတာပေါ့။ ဗုဒ္ဓရဲ့ ကျေးဇူးနဲ့ သူ့ရဲ့ဥာဏပိုင်းကို ကြည်ညိုဖြစ်တယ်။ ဗုဒ္ဓကိုကြည်ညိုရတာက သူ့ရဲ့ ဓမ္မစကြာနည်းလမ်းပေါ့။ ပါဠိတွေကျနော် မတတ်ပါဘူး။ ဒါပေမယ့် ကျနော်လေ့လာတီးခေါက်မိသလောက်မှာ လက်ဝဲစွန်းနဲ့ လက်ယာစွန်း အစွန်းနှစ်ခုကို လွတ်မြောက်ပြီးသွားတယ်ဆိုတာကိုး။ သူ့ရဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဥ်အရ ဒီပန်းချီကား အပေါ်မှာလာပြီး ထင်ဟပ်တာပေါ့။ ၁၆ကားလောက် စီးရီးမှာရှိတယ်။ ၁၆ ကားလောက်ရေးပြီးတော့ ရေးရတာ အာသာပြေသွားတယ်။ ပုံစံတစ်ခုနဲ့ နောက်စီးရီးတစ်ခုကို ဆက်ရေးဖြစ်သွားတယ်။ 

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

အဲ့ဒီဆယ်စုနှစ်မှာ အပြောင်းအလဲတွေဖြစ်ခဲ့တယ်။ လူမှုရေးရှုထောင့်က ကြည့်ရင်လည်း အပြောင်းအလဲတွေ စိန်ခေါ်မှုတွေ များတဲ့ခေတ်လို့ပဲ ပြောရမှာပဲ။ ၂၀၀၈က နာဂစ်နဲ့တွေ့တယ်။ ပြီးတော့ စစ်အစိုးရက နိုင်ငံရေးပုံစံတစ်ခုကို ဖော်နေတာပေါ့။ သူတို့ ရေးခဲ့တဲ့ အခြေခံဥပဒေကိုလည်း ဒုက္ခသုက္ခတွေကြားက ဖြစ်အောင် အတည်ပြုထောက်ခံခိုင်းတယ်။ နောက် ဦးသိန်းစိန်အစိုးရတက်လာတယ်။ နောက်အစိုးရတစ်ခုပြောင်းတယ်။ ၂၀၂၀ နောက်ပိုင်းမှာ ရွေးကောက်ပွဲတစ်ခုလုပ်မယ်။ ကျနော်တို့ကတော့ နိုင်ငံရေး ဆိုတာက မလေ့လာရင်တောင်မှ မြင်နေကြားနေရတယ်။ အင်တာနက်ခေတ်ဆိုတော့ မီဒီယာတွေကလည်း တအား အားကောင်းတဲ့အခါကျတော့ ကျနော်တို့ အနုပညာသမားတွေက တကူးတက လေ့လာဖို့ အချိန်မရရင်တောင်မှ ဒါတွေကို တစ်ချိန်လုံး မြင်နေကြားနေရတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ဆယ်စုနှစ်နှစ်ခုလောက် အတွင်းမှာ ပန်းချီအနုပညာအပေါ်ထားတဲ့ အမြင်၊ အယူအဆနဲ့ နည်းစနစ် တွေ ပြောင်းလဲလာတာ သိသိသာသာတွေ့နေရတယ်။ ပန်းချီကားတော်တော်များများက သက်သေ ခံနေတယ်။ ဒါဟာ ပုဂ္ဂလိက ပန်းချီပြခန်း နဲ့ ပန်းချီကားဝယ်ယူသူ  စုဆောင်းသူတွေ ကြောင့်လည်း ဖြစ်မှာပါ။ ဒီနိုင်ငံမှာ အနုပညာနဲ့ပတ်သက်လို့ ပန်းချီဆရာတွေက ကိုယ်ကျရာကြုံရာ ရှင်သန်နေကြရတယ်။ နောက်ဘယ်လိုပုံစံပြောင်းသွားလည်းဆိုတော့ အနုပညာ ဈေးကွက် အားမကောင်းဘဲ ကျလာတယ်။ ဒါပေမယ့် သတိထားမိတာတစ်ခုက ပန်းချီဆရာတော်တော်များများက ဘယ်လောက်ပဲ ခေတ်ပျက်ထဲရောက်နေပါစေ ပြပွဲတွေကို ဆက်တိုက်လုပ်နေတာ တွေ့ရတယ်။ အတတ်နိုင်ဆုံး ကြိုးစားအားထုတ် နေကြတယ်။

၂၀၂၀ မတ် ၂၇