Why did you choose this painting?

This is a view I’ve known since I was young. I started painting boats in 2008. My father’s a trader, and I travelled with him on boats from fourth grade. We’d travel overnight to make it in time for the morning markets. He’d put seasonal products such as umbrellas, slippers and clothes on the boat and sell at one market after another. At night and in the early morning, we’d travel along small streams. Boats are used everywhere. But what was special about us was making a sailcloth by sewing cloth together. We also used umbrella fabric. I’m still painting boats now.

Has Myanmar changed in the past decade?

I don’t know much. I don’t read the news. I’m not strong in that respect. The main difference is that we have conflict now. After the conflict in Rakhine State, sailboats disappeared. Before that, people used sailboats rather than motorboats to go from one village to another. Now they can’t do that. Sailboats take longer. You have to wait for good weather and tides. It’s probably because motors are readily available and cheap now. As roads are also better, water transport is not so popular. So sailboats have disappeared. Trading is slower. There’s almost no trading.

Has life for you as a painter changed in the past decade?

There haven’t been any big changes. My life revolves around painting, sending paintings to galleries and selling them to buyers. When the boat series was popular, my creativity and production were at a peak. There was demand. It could have been an opportunity for me. But it turned out to be bad timing, so I haven’t experienced much change.

16 June 2020

I

ရွှေသိန်း

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ဒီမြင်ကွင်းက ငယ်ငယ်ကတည်းက မြင်ဖူးတဲ့ မြင်ကွင်းပေါ့။ ကျနော်က လှေပုံတွေကို ၂၀၀၈  လောက်က စရေးတာ။ ကျနော်ငယ်ငယ်လေးတန်းထဲက ကျနော့်အဖေ ကုန်ရောင်းကုန်ဝယ်လုပ်ရင် အဖေနဲ့အတူ လှေပေါ်မှာ ခရီးသွားဖူးတယ်။ မနက်ဈေးတွေ လိုက်လိုက်ပြီးရောင်းရတော့ ညလုံးပေါက် လှေစီးရတယ်။ ထီးတွေ ဖိနပ်တွေ အင်္ကျီတွေ ရာသီပေါ်ပစ္စည်းတွေကို လှေပေါ်တင်ပြီး တစ်ဈေးဝင်တစ်ဈေးထွက် ရောင်းရတယ်။ ညဘက်ကြီးတွေ မနက်အစောကြီးတွေမှာ လှေနဲ့ ချောင်းကြိုချောင်းကြား သွားရတယ်။ လှေတွေကို နေရာတိုင်းမှာ သုံးပြီး ခရီးသွားကြတယ်။ ကျနော်တို့မှာ ထူးခြားတာက ရွက်တွေကို အရင်က ဖျင်စ၊ ပိတ်စတွေနဲ့ ချုပ်တာရှိတယ်။ ထီးအရွက်တွေနဲ့လုပ်တာတွေရှိတယ်။ အခုထိလည်း လှေစီးရီးကို ဆက်ရေးဖြစ်တုန်းပဲ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။

သိပ်တော့မပြောတတ်ဘူး။ ကျနော်က သတင်းတွေလည်း မဖတ်ဖြစ်ဘူး။ အဲ့ဘက်မှာ အားနည်းတယ် ။ ကွာခြားသွားတာက အခုက ကျနော်တို့ဆီမှာ ပဋိပက္ခတွေဖြစ်နေတယ်။ ရခိုင်မှာ ပဋိပက္ခဖြစ်ပြီးတော့ ရွက်လှေတွေ ပျောက်ကုန်တယ်။ ဘာလို့လဲဆိုတော့ တစ်ရွာနဲ့တစ်ရွာ သွားတဲ့အခါ အရင်ကဆို စက်မပါပဲ ရွက်လှေကို အားကိုးပြီး သွားကြတယ်။ အခုကျတော့ အဲ့လိုသွားလို့မရတော့ဘူး။ ရွက်လှေတွေနဲ့ သွားရတာ ကြာတယ်။ ရာသီဥတုကောင်းတာကိုလည်း စောင့်ရသေးတယ်။ ရေ အတက်အကျလည်း စောင့်ရသေးတယ်။ အခုက မော်တာစက်တွေပေါလာတာလည်းပါတာပေါ့။ အခုက ကားတွေလည်းပေါက်လာပြီဆိုတော့ ရေကြောင်းလမ်းကို သိပ်မသွားတာလည်း ပါတယ်။ ရွက်လှေတွေ ပျောက်ကုန်တယ်။ ပြီးရင် ကုန်ရောင်းကုန်ဝယ် တွေနည်းသွားတယ်။ မရှိသလောက်ဖြစ်သွားပြီ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

အပြောင်းအလဲက ကြီးကြီးမားမားမရှိသေးဘူးဗျ။ လောလောဆယ် ပန်းချီရေးလိုက်၊ ပြခန်းတင်လိုက်၊ လာဝယ်တဲ့လူရှိရင်ရောင်းလိုက် ဒါတွေနဲ့ပဲ လည်ပတ်နေတယ်။ လှေစီးရီးက စပေါက်နေတဲ့ အချိန်တုန်းက ထုတ်လုပ်မှုနဲ့ ဖန်တီးမှုက ကောင်းတယ်။ အဲ့အချိန်မှာ ဝယ်လိုအားလည်းရှိတယ်။ ပြောင်းလဲလို့ရတဲ့ အနေအထားတစ်ခု။ အခန့်မသင့်တဲ့အခါကျ‌တော့ အများကြီးလည်း မကြုံခဲ့ပါဘူး။

၂၀၂၀ ဂျွန် ၁၆