Why did you choose this painting?

I’ve liked lines ever since I started painting. I draw the lines first and add the colours later. In this painting, I used big brushes to create large rectangles with lines and colours on the canvas. When I attended Rangoon University, there was an association called Rangoon Art Association. I learned art there. First, we were taught how to draw straight lines and human figures as mentioned in the syllabus. Then we were told to produce a painting that was similar to the models. I felt this was suppression. When I had a chance to read art books imported from foreign countries, I learnt about abstract expressionism. I liked it, so I created paintings like that. I could start and end anywhere I wanted. As I like to think freely, I continued to create that kind of painting.

Has life for you as a painter changed in the past decade?

I graduated from Rangoon University with a Zoology degree in 1985. Back then, there were many magazines and I got a job as an illustrator. Since my works were abstract, they were used to illustrate poems. Then magazines stopped printing, so I moved to painting. After 1988, censorship was really harsh and we were so stressed. Once I painted a picture of a woman surrounded by small animals. When the censorship board saw it, they asked if I thought the woman was the only real human being in the world. I told them my painting had no meaning. They replied that an ordinary person would paint something with meaning and a painting couldn’t have no meaning. I was frustrated so I said yes to their interpretation. But they were angry and banned the painting anyway. Now there’s no more censorship. You take responsibility for what you do.

16 April 2020

I

စိုးနိုင်

ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။

ကျနော် ပန်းချီစရေးကတည်းက မျဥ်းကြောင်းလေးတွေကို သဘောကျတယ်။ မျဥ်းကြောင်းလေးတွေ ရေးပြီးတော့မှ အရောင်ခြယ်တယ်။ အဲ့ဒီကားမှာကျတော့ စုတ်တံ အပြားကြီးကြီးကိုသုံးပြီး အရောင်ရော မျဥ်းရောပါတဲ့ စတုဂံကြီးတွေကို တစ်ခါထဲ ရေးသွားတယ်။ ရန်ကုန်တက္ကသိုလ်တက်တော့ ကျောင်းမှာ ရန်ကုန်အနုပညာအသင်းဆိုတာရှိတယ်။ အဲ့ဒီအသင်းမှာ ပန်းချီပညာသင်တော့ သင်ရိုးအတိုင်း လိုင်းအဖြောင့်တွေ လူပုံတွေ ရေးရတယ်။ ပြီးတော့ ကြည့်ရေးတဲ့ဟာနဲ့ တူရမယ်ပေါ့။ အဲ့ဒါတွေကို ချုပ်ချယ်တယ်လို့ ခံစားရတယ်။ နိုင်ငံခြားက ပန်းချီစာအုပ်တွေ ကြည့်ခွင့်ရတော့ collage လိုမျိုး abstract ရေးနည်းတွေကို ကြည့်ရတယ်။ အဲ့ဒါတွေကိုကြိုက်လို့ အဲ့အတိုင်းရေးဖြစ်တယ်။ ကိုယ်ကြိုက်တဲ့နေရာမှာ စပြီး ကိုယ်ကြိုက်တဲ့ နေရာမှာ ဆုံးလို့ရတယ်။ စိတ်လွတ်လပ်တာကို သဘောကျပြီး နောက်ပိုင်းကျတော့ အခုလိုဟာမျိုးတွေကို ရေးဖြစ်လာတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ကျနော်က 85 မှ ရန်ကုန် တက္ကသိုလ်ကနေ သတ္တဗေဒနဲ့ ကျောင်းပြီးတယ်။ အဲ့တုန်းက မဂ္ဂဇင်းတွေ အရမ်းထွက်ကြတယ်။ ထွက်တဲ့မဂ္ဂဇင်း တော်တော်များများမှာ ပုံရေးတယ်။ ကျနော်ရေးတဲ့ပုံတွေက abstract လေးတွေ ဖြစ်နေတော့ ကဗျာ သရုပ်ဖော်ပုံလိုမျိုးတွေ ရေးခွင့်ရခဲ့တယ်။ ဒီဘက်အပိုင်းကျတော့ အပြင်လည်းမထွက်ဖြစ်တော့ဘူး။ မဂ္ဂဇင်းတွေကလည်း အကုန် ရပ်ကုန်ကြတယ်။ အဲ့တော့ ပန်းချီကားရေးဖြစ်သွားတယ်။ အရင်တုန်းက

 ၈၈ ပြီးတော့ စိစစ်ရေးဆိုတာ တစ်အားကြမ်းတာဗျ။ စိတ်တော်တော်လေးညစ်ရတယ်။ ကျနော်က မိန်းမတစ်ယောက်ပုံနဲ့ တိရိစ္ဆာန်အကောင်လေးတွေ ရေးထားတာ။ အဲ့ဒါကို စိစစ်ရေးက လာတဲ့လူတစ်ယောက်က မင်းက ဒီအမျိုးသမီးတစ်ယောက်ပဲ လူလို့ထင်တာလားလို့ မေးတယ်။ ကျနော်က ပန်းချီကားက ဘာအဓိပ္ပါယ်မှ မရှိပါဘူးလို့ သူတို့ကို ပြောတယ်။ စိစစ်ရေးဘက်က ဘာပြောလည်းဆိုတော့ သာမန်လူက အဓိပွါယ်ရှိတာပဲ ရေးတယ်။ ပန်းချီမှာ အဓိပ္ပါယ်မရှိရင် မဟုတ်လောက်ဘူးဆိုပြီးတော့ ပြဿနာရှာတာ။ အမြင်ကတ်တော့ ဟုတ်တယ်လို့ ပြောလိုက်တာ။ ပြောတဲ့အခါကျ စိတ်ဆိုးပြီးတော့ အဲ့ကားကိုပယ်လိုက်တယ်။ အခုအချိန်ကျ စိစစ်ရေးဆိုတာ မရှိတော့ဘူး။ ဒါပေမယ့် ကိုယ့်ဘာသာတာဝန်ယူပြီး ကိုယ့်ဘာသာလုပ်ပေါ့။

၂၀၂၀ ဧပြီ ၁၆