Why did you create this painting?
At that time, I was searching for what I like. I used to copy paintings of princesses. I also worked as a designer. When I created this painting, I found a theme and included the water effect in the rain and the movement of the people. I felt that copying a subject was not my own artwork. So I emphasized my ideas more. I painted my feelings and emphasized colour. In painting, copying a subject directly is not freedom. I feel freer in painting what is in my imagination. So eventually I moved towards surrealism. After that, I did a series of paintings. People who are on a certain artistic level like my paintings. Ordinary people don’t have many thoughts and feelings about art.
Has life for you as a painter changed in the past decade?
I’m not encouraged by the art scene in Myanmar. I graduated from art school in 1986. Back then, you couldn’t make a living through art. My teachers barely sold their work. They just survived through journalism. I had my first solo show in 2016, and that changed my life as an artist. It opened the door to success.
Has Myanmar changed in the past decade?
I want people to be considerate to each other. Previously I worked in an office. So I don’t like it when people are narrow-minded. In Myanmar, many people can’t open their minds. People are jealous if someone is better than them. If a person is better at something than they are, they’ll find a way to get rid of them. At times, I feel depressed when people try to get rid of somebody just because they’re better than them. I want people to be high-minded, forgiving, considerate and accommodating.
3 April 2020
I
ဆုအိန္ဒြာ
ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။
အဲ့အချိန်က ကိုယ်ဘာကိုကြိုက်လဲဆိုတာ ရှာနေတဲ့အချိန်။ အရင်တုန်းကဆိုရင်အစ်မက မင်းသမီးပုံတွေကူးရေးတယ်၊ ဒီဇိုင်းတွေလည်းအများကြီးလုပ်ခဲ့တယ်။ ဒီပန်းချီကားကိုရေးတော့ theme တစ်ခုအကြောင်း တွေးပြီး မိုးရေထဲမှာ သွားတဲ့ ရေရဲ့ effect တွေ၊ လူတွေရဲ့ လှုပ်ရှားမှုတွေကို ထည့်လိုက်တယ်။ အဓိကက ပန်းချီကားကိုရေးရင် ပုံတစ်ခုကို ကူးရေးတာက ကိုယ့်ရဲ့ artwork မဟုတ်ဘူးဆိုတာ ခံစားလာရတဲ့ အခါကျတော့ အစ်မ ရေးချင်တဲ့ ဖော်ပြချင်တဲ့ အတွေးကို ပိုပြီးဦးစားပေးလိုက်တယ်။ ကိုယ်ရေးချင်တဲ့ subject ကို ခံစားပြီးရေးတယ်။ ကာလာကိုလည်း ဦးစားပေးတယ်။ ပန်းချီရေးတဲ့အခါ ပုံတစ်ခုကို ကူးယူတာက မလွတ်လပ်ဘူး။ ကိုယ့်ရဲ့ စိတ်ကူးထဲမှာ ရှိတာကို ဆွဲရတာ ပိုပြီးလွတ်လပ်တယ်ပေါ့။ အစ်မက surrealism စိတ်ကူးအိမ်မက် ဘက်ကိုရောက်လာတယ်။ အဲ့နောက်ပိုင်းမှာ ကားတွေ တစ်ကားပြီး တစ်ကား ဆက်တိုက် ရေးလာတယ်။ ပန်းချီမှာ အဆင့်တစ်ခုရောက်နေတဲ့သူတွေသာ အစ်မ ပန်းချီကားတွေကိုကြိုက်တယ်။ သာမန်လူတွေဆိုရင် ပန်းချီအပေါ်အများကြီးတွေးပြီး မခံစားတတ်ဘူး။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
မြန်မာနိုင်ငံက ပန်းချီလောကကို အားမလိုအားမရဖြစ်တာ ရှိတယ်။ ကျမက ၈၆ ခုနှစ် က ပန်းချီကျောင်းဆင်းခဲ့တာလေ။ အဲ့ကာလမှာ ပန်းချီနဲ့ပတ်သက်ပြီး ထမင်းစားဖို့ လမ်းမမြင်တဲ့ခေတ်ပေါ့။ ကျမတို့ရဲ့ ဆရာတွေ ခေတ်တုန်းကဆိုရင် ပန်းချီကားကို ရောင်းရတယ်ဆိုတာ သိပ်မရှိခဲ့ဘူး။ သူတို့ စာနယ်ဇင်းလောကမှာ အသက်ရှင်ရပ်တည်ရတယ်။ ဒါပေမယ့် ကျမ ပန်းချီပြပွဲကို ၂၀၁၆ မှာ ပထမဆုံး solo လုပ်ခဲ့တယ်။ အဲ့နှစ်ကစလို့ ပန်းချီဆရာတစ်ယောက်အနေနဲ့ အပြောင်းအလဲ ရှိခဲ့တယ်။ အောင်မြင်မှု့ လမ်းစလေး ပွင့်ခဲ့တယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။
လူတွေကို သဘောထားပြည့်ဝတဲ့လူတွေဖြစ်စေချင်တယ်ပေါ့။ တချို့နေရာတွေမှာ အစ်မလည်း အရင်က ရုံးမှာလုပ်ခဲ့တော့ ဗမာပြည်မှာ မကြိုက်တာများတာက စိတ်သဘောထားတွေ သေးသိမ်တယ်။ ကိုယ့်ထက်သာသွားရင်မနာလိုတာများတယ်၊ သူတို့ထက် ကိုယ်တတ်နေတာများရင် ကိုယ့်ကို ဘယ်လိုပုတ်ချရမလဲစဥ်းစားတယ်။ လူတစ်ယောက်ကို အပြစ်မြင်ပြီး ကိုယ့်ထက်သာမယ်ဆိုပြီး ပုတ်ချနေတာကိုမြင်ရင် စိတ်ဓာတ်ကျမိတာရှိတယ်။ အတွေးအခေါ်မြင့်မြင်မားမားရှိ၊ ခွင့်လွှတ်တတ်၊ နားလည်ပေးတတ်၊ စွဲခေါ်ယူတတ် ဆိုတဲ့စိတ်မျိုးတွေကို ရှိစေချင်တယ်။
၂၀၂၀ ဧပြီ ၃