Why did you choose this painting?
I mostly paint night scenes and night markets. I was born in Yangon. At night, we rarely sleep. We play chess till midnight. Then we go to all-night teashops. As I mostly don’t sleep and go out instead, I’ve been accustomed to the lights and activities of night people since I was young. In my paintings I wanted to capture such scenes. Night markets appear in crowded places because of the demand. As both husband and wife have to work these days, women have to buy things so that when they get home they can cook lunch boxes for the next day. But that creates traffic jams. Night markets are on the street, so it’s not good when there are lots of cars. The Yangon Region Government decided to send them all to Kannar Road (Strand Road). But it wasn’t convenient to go there. So the vendors appeared in groups at the previous locations. It isn’t as lively as before. As husbands and wives have to work by day, the culture of buying things at night markets won’t just disappear. But if the informal selling evolves into a proper market, the authorities will slap penalties on them. I think it will just go on like this because everybody has to work to make ends meet.
Has life for you as a painter changed in the past decade?
It was better between 2010 and 2019. There was some improvement after 2010. No censorship. They used to have silly policies. If there was too much red in a painting, they’d ask why. I graduated from art school in 1986. Between 1986 and 2010, most artists only made realistic paintings. They thought paintings had to be graceful. No one would have approved my paintings with trishaw riders.
1 April 2020
I
ဆူးထက်အောင်
ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။
ကျနော်အများဆုံးရေးတာ night scene တွေ night market တွေ များတယ်။ ကျနော်က ရန်ကုန်မှာပဲမွေးတာ။ ညဘက်ကျရင် ကျနော်တို့က မအိပ်ကြဘူး။ ညဉ့်နက်တဲ့အထိ chess ထိုးမယ်။ ပြီးရင် ညလုံးပေါက် ဖွင့်တဲ့ဆိုင်မှာ သွားပြီး လက်ဖက်ရည်သောက်မယ်။ အချိန်တော်တော်များများ ညဘက် မအိပ်ပဲနဲ့ ကျင်လည်ခဲ့တော့ ညဘက်မီးရောင်တွေ၊ လူတွေရဲ့ လှုပ်ရှားမှုတွေကို မျက်စိထဲမှာ ငယ်ငယ်လေးကတည်းက စွဲလမ်းနေတာ။ ပန်းချီကားတွေ ဆွဲတဲ့အခါကျတော့ ဒီကားမျိုးကို ဆွဲချင်စိတ်ပေါက်ပြီး ဆွဲဖြစ်တာ။ ညစျေးတွေက လူနေထူထပ်တဲ့နေရာမှာ လိုအပ်ချက်အရ ဖြစ်လာတာ။ ဒီခေတ်မှာ ယောင်္ကျားရော မိန်းမရော အလုပ်လုပ်ကြရတော့ ညနေဘက် အလုပ်က ပြန်လာတဲ့ အမျိုးသမီးတွေ ညဘက်ချက်ဖို့ နောက်နေ့ထမင်းချိုင့်ထည့်ဖို့ အလုပ်က ပြန်လာတာနဲ့ တစ်ခါထဲ ဈေးဝယ်ကြတယ်။ ဒါပေမယ့် ရန်ကုန်မြို့မှာ ကားပိတ်လာတယ်။ ညဈေးက အဓိက လမ်းဘေးတွေမှာ ရှိတာများတော့ ကားတွေနဲ့ အဆင်မပြေတော့ဘူး။ အဲ့တော့ ရန်ကုန်တိုင်းအစိုးရက ညဈေးတွေကို ကမ်းနားလမ်းဘက်ကို ပို့လိုက်တယ်။ ဒါပေမယ့် ကမ်းနားလမ်းဘက်ကို သွားဖို့ အဆင်မပြေကြဘူး။ ဈေးသည်တွေက ညဘက်ကျရင် အစုလိုက်လေး တွေ ထွက်တာတော့ ရှိတယ်။ အရင်လို မြိုင်မြိုင်ဆိုင်ဆိုင်တော့ မဟုတ်တော့ဘူး။ ယောင်္ကျားရော မိန်းမရော အလုပ်လုပ်ရတော့ ညဈေးက ဝယ်တဲ့ ယဥ်ကျေးမှုကတော့ ပျောက်မှာမဟုတ်ဘူး။ ဈေးတန်းလေးတစ်ခုဖြစ်လာလိုက် များလာရင် သက်ဆိုင်ရာက ဒဏ်ရိုက်လိုက် ဒီလိုပဲ သွားနေဦးမယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အကုန်လုံးက အလုပ်လုပ်မှပဲ အဆင်ပြေမယ့်သဘောရှိတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
၂၀၁၀ ကနေ ၂၀၁၉ အတွင်းကတော့ တော်တော်ကောင်းမွန်လာတယ်လို့မြင်တယ်။ ၂၀၁၀ နောက်ပိုင်းမှာ နည်းနည်းဖွံ့ဖြိုးလာတယ်။ ဆင်ဆာမရှိတော့ဘူး။ တချို့စည်းမျဥ်းတွေက ခပ်ကြောင်ကြောင်တွေ ရှိတယ်။ ပန်းချီကားမှာ အနီရောင်တွေ အရမ်းများရင် မေးခွန်းထုတ်မယ်။ ဒီအရောင်တွေကို ဘာလို့သုံးတာလဲ စသဖြင့်ပေါ့။ ကျနော် ပန်းချီကျောင်းဆင်းတာ ၁၉၈၆ က ဆင်းတယ်။ ၁၉၈၆ ကနေ ၂၀၁၀ ကာလအတွင်းမှာ ပန်းချီကို တော်တော်များများက realism ရေးရမယ်၊ ကျက်သရေရှိတာပဲရေးရမယ်လို့ သိကြတယ်။ ကျနော် အခု ရေးတဲ့အထဲမှာ ပါတဲ့ ဆိုက်ကားသမားပုံမျိုးဆိုရင် ဘယ်သူမှ အားမပေးဘူး။
၂၀၂၀ ဧပြီ ၁