Why did you create this painting?

The title of this painting is ‘Waiting’. In life you sometimes have nothing to do but wait to go from one place to another. Then you keep waiting. There are also times you can’t do anything else. There are no opportunities. I created this painting from that feeling and also a photo I’d seen. I had a small solo exhibition with the same title. I donated two paintings from that series, including this one, to Nawaday Tharlar Gallery in aid of flood victims. Both sold. Sometimes I paint landscapes. Sometimes I paint figures. I also do contemporary art.

Has life for you as a painter changed in the past decade?

I haven’t experienced many changes myself. To be honest, I’m not an artist whose work is regularly sold. I don’t usually show my paintings in galleries. I put them in a group show once a year. Over the past five years, artistic development has stalled in Myanmar. Artists need to sell their work to make a living. For the past four years, there have been few sales so I feel the market is quiet. Now I’m making realistic paintings of figures and landscapes. I’m looking for a contemporary style but I can’t focus yet. So I’ve been painting in a realistic style. In realism, you just use a photo so it’s easy. But I only create two paintings a month. Sometimes I go for a couple of months without painting anything.

14 May 2020

I

ဇော်မင်းသိန်း

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

သူ့ရဲ့ ခေါင်းစဉ်က Waiting ပေါ့။ လောကမှာ တစ်နေရာကနေ နောက်တစ်နေရာကို သွားမယ်ဆိုရင် တစ်ခါတစ်လေ ထိုင်စောင့်ယုံက လွဲလို့ ဘာမှ မတတ်နိုင်တဲ့ အချိန်တွေရှိတယ်။ အဲ့အခါကျရင် စောင့်နေရတာပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း ဘာမှမစွမ်းဆောင်နိုင်တဲ့အချိန်တွေရှိမယ်။ အခွင့်အရေးတွေ ဘာမှ မပေးတဲ့အချိန်တွေရှိမယ်။ အဲ့ဒါကို ခံစားပြီးတော့ အကြောင်းအရာကတော့ ဓာတ်ပုံကို အခြေခံပြီး ရေးလိုက်တာပေါ့။ ဒီခေါင်းစဉ်နဲ့ပဲ ကျနော် တစ်ကိုယ်တော် ပြပွဲလုပ်လိုက်တာ။ ကားအများကြီးမဟုတ်ပါဘူး။ ဒီပန်းချီကားအပါအဝင် ရေဘေးအလှူအတွက် နဝဒေးသာလာကို နှစ်ကားလှူလိုက်တာ။ နှစ်ကားလုံး ရောင်းထွက်သွားတယ်။ တစ်ခါတစ်လေကျရင် ရှုခင်းလည်း ဆွဲရင်းဆွဲတာပဲ။ လူပုံတွေလည်း ဆွဲရင်ဆွဲတာပဲ။ နောက် contemporary တွေလည်း ဆွဲတာပဲ။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ကျနော့်အနေနဲ့တော့ အပြောင်းအလဲအများကြီး မကြုံရဘူးခင်ဗျ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ကျနော်က ပုံမှန် အရောင်းအဝယ်ဖြစ်နေတဲ့ ပန်းချီဆရာတစ်ယောက်မဟုတ်ဘူး။

 ကျနော်က ပြခန်းတွေလည်းမတင်ဖြစ်ဘူး။ တစ်နှစ်တစ်ခါ ပုံမှန် group show ထဲပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး မြန်မာပြည်မှာ ပန်းချီနဲ့ပတ်သက်ပြီး တိုးတက်မှုနှုန်းတွေ ကျသွားတာပေါ့။ ပန်းချီဆရာတွေကလည်း ပန်းချီကားရောင်းရမှ ဘဝက ရပ်တည်နိုင်မှာ။ လေးနှစ်အတွင်းမှာ ပန်းချီကားအရောင်းအဝယ်မဖြစ်ကြတော့ လုပ်တာကိုင်တာ တော်တော်ကြီး ငြိမ်သွားတယ်လို့ ခံစားရတယ်။  အခုက ကျနော် realism လူပုံတွေ ရှုခင်းတွေ ရေးဖြစ်နေတာပေါ့။ contemporary လိုင်းတစ်ခုကို ရှာတာ စိတ်ကို မစုစည်းနိုင်သေးတော့ realism ပဲ ဆွဲဖြစ်နေတာ။ သူကတော့ ပုံကြည့်ဆွဲတာဆိုတော့ လွယ်တယ်။ တစ်လလောက်နေမှ တစ်ကားနှစ်ကားရေးတာပါ။ တစ်ခါတစ်လေ နှစ်လသုံးလနေလို့ ပန်းချီကားမရေးဖြစ်တဲ့ လတွေရှိတယ်။

၂၀၂၀ မေ ၁၄