Why did you create this painting?

Artists were requested to donate paintings for flood victims. So I sent the one I’d just completed to Nawaday Tharlar Gallery. I donated it because it shares a theme with the incident. After I graduated from art school, I started to paint in a realist style. Then, in 2004, I began to paint in a contemporary style. Back then, I painted by applying my own style and feelings to natural subjects. But when I wasn’t satisfied with the colours, I looked for new ones. That led me to abstraction. As I started to use so many colours, the composition of my paintings changed. I used the colours in my imagination instead of the colours in nature. I also changed the form from what I found in nature to what I found in my mind. I studied many of the artists I like. I looked for how they reached their path and how they created their paintings. From there, I worked towards my own style.

Has life for you as a painter changed in the past decade?

We have more freedom in artistic and technical knowledge. In the past, every exhibition had to go through the censorship board. Artistic freedom was restricted. Now there are no restrictions. Young people are experimenting with new styles and philosophies. They also dare to use different media. Whether there’s public demand or not, there’s more boldness in artistic creation. On the business side, things are not good. But there are always exhibitions. In the past, there were fewer than five exhibition spaces in Yangon. Nowadays, so many galleries have opened. I haven’t yet been to some of them. Among the gallery owners, there are young people who love art and genuinely want to support it. Compared to the past, we’re doing better. There are new styles and attitudes. I’m very encouraged by that. But there’s a catch. There’s not much of a market for contemporary art.

6 May 2020

I

ဇော်ဝင်းဖေ

ဒီပန်းချီကားကို ဘာလို့ ရေးတာလဲ။

ရေဘေးဖြစ်တော့ ပန်းချီဆရာတွေကို လှူပါဆိုတော့ ရေးထားတာထဲက နဝဒေးသာလာပြခန်းကို လှူဖြစ်တာပါ။  ဒီပန်းချီကားလေးက ဖြစ်တဲ့အကြောင်းအရာနဲ့ ကိုက်ညီတယ်ဆိုပြီး လှူလိုက်တာပေါ့။ ပန်းချီနဲ့ကျောင်းပြီးတဲ့အချိန်က သဘာဝကို အခြေခံတဲ့ realism ကိုပဲ စရေးဖြစ်တယ်။ ၂၀၀၄ ရောက်တော့ contemporary ဟန်မျိုးတွေ ရေးတယ်။ အဲ့တုန်းကတော့ သဘာဝဆန်တဲ့ အကြောင်းအရာတွေအပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ ခံစားချက်ထည့်ပြီးရေးတယ်။ ရေးတဲ့အခါ စိတ်တိုင်းမကျတော့ ဘာအရောင်သုံးရမလဲရှာတယ်။ အဲ့ဒါနဲ့ abstract ကိုရေးဖြစ်တာ။ အရောင်တွေကို အရမ်းရေးလာတော့ အရောင်တွေအပေါ် အထားအသိုတွေ ပြောင်းလာတယ်။ သဘာဝမှာရှိတဲ့တောတွေ တောင်တွေရဲ့ အရောင်အသွေးအစား ကိုယ့်စိတ်ခံစားမှုက အရောင်အသွေးတွေ ထည့်တယ်။ ပုံမှန်အချိုးအစားတွေမဟုတ်ပဲ အချိုးအစားတွေကို စိတ်ကြိုက်ပြန်ပြီးပြောင်းတယ်။ ပန်းချီဆရာတော်တော်များများကို လေ့လည်းလေ့လာတယ်၊ ကြိုက်လည်းကြိုက်တယ်။ သူတို့ ဘာလို့ ဒီလမ်းကြောင်းကို ဒီလိုရောက်သလဲ၊ ရေးသလဲ ရှာကြည့်တယ်။ အဲ့ကနေ ကိုယ့်ရဲ့ ဟန်ဖြစ်ဖို့ အားထုတ်တယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။

ပညာရပ်ပိုင်းဆိုင်ရာ၊ အနုပညာအသိအမြင်နဲ့ အတွေးအခေါ် လွတ်လပ်မှု ပိုရလာတယ်။ ဟိုတုန်းကဆို ပြပွဲတစ်ပွဲမှာ ဆင်ဆာဆိုတဲ့ ကိစ္စကိုဖြတ်သန်းရတယ်။ ပန်းချီဆရာရဲ့ လွတ်လပ်ခွင့်ကို အကန့်အသတ်နဲ့ အလုပ်လုပ်ရတယ်။ အခုနောက်ပိုင်းမှာ အဲ့ဒါတွေမရှိတော့ဘူး။ လူငယ်တွေက ခေတ်မှီတဲ့ ရေးနည်းရေးဟန်မျိုးတွေ ခေတ်မှီတဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ရေးလာတယ်။ နောက် medium မျိုးစုံကို သုံးရဲလာတယ်။ လူကြိုက်တာ မကြိုက်တာ အပထား အနုပညာနဲ့ ပတ်သက်လို့ ရဲရဲဝံ့ဝံ့လုပ်တဲ့အပိုင်းတွေ အရမ်းအားကောင်းလာတယ်။ စီးပွားရေးဘက်မှာ ဒီလောက်ကြီး အရောင်းအဝယ်ဖြစ်ကြတာ မဟုတ်ဘူး။ ဒါပေမယ့် ပြပွဲတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အမြဲ အဆက်မပြတ်ဖြစ်နေတယ်။ အရင်တုန်းက ရန်ကုန်မြို့မှာ ပြပွဲအရေအတွက် လက်ငါးချောင်းတောင် မပြည့်ဘူး။ ဒီနေ့ခေတ်မှာ ပေါ်လာတဲ့ gallery တွေ အများကြီးပဲ။ တချို့ gallery တွေဆို ကျနော်တို့ မရောက်သေးတာတောင်ရှိတယ်။ ပိုင်ရှင်တွေထဲမှာ တစ်ကယ်ကို ဝါသနာပါပြီး လုပ်ချင်တဲ့ လူငယ်တွေ များတယ်။ အဲ့တော့ ဘာပဲပြောပြော ဟိုတုန်းက အချိန်နဲ့ အခုအချိန်နဲ့ဆိုရင် တိုးတက်လာတယ်။ အရင်တုန်းက ရေးနည်းရေးဟန်မျိုး မဟုတ်တော့တဲ့ အတွေးအမြင်တွေ အယူအဆတွေ ရေးနည်းရေးဟန်တွေနဲ့ လုပ်လာတယ်။ ဒီအပိုင်းတွေကတော့ အရမ်းကျေနပ်ဖို့ကောင်းတယ်။ တစ်ခုပါပဲ။ contemporary ပန်းချီအတွက် စီးပွားရေးပိုင်း ချိတ်ဆက်တာတော့နည်းတယ်ပေါ့။

၂၀၂၀ မေ ၆