Why did you choose this painting?
I chose this painting because it’s my own style. This girl was born together with my elder son. Previously I’d worked so much as a ghost artist. Then U Aung Soe Min told me to stop doing that and develop my own style. I created this girl to represent me and Myanmar women. I have big eyes, which in literature reveal honesty. So I painted them. Aung San Suu Kyi is a female icon, so I included her hairstyle. According to local people, a mole under the eye will bring bad luck. A woman will encounter divorce or the death of her husband. But I have that mole and I love it. I don’t believe it will change my fate. When I face hardship, I remind myself I mustn’t fail because people will point to my mole. So I give girls a mole and turn them into strong and brave women. In the 1970s, there was a 3Rs literacy campaign. I think women should be able to read. Otherwise they’re easily deceived. For a girl, the worst deception is sexual exploitation. A teacher or a boss might try that. An uneducated girl will cry and suffer, and the perpetrator will keep doing it. I included the 3Rs so girls won’t be ignorant and mute.
Has Myanmar changed in the past decade?
For the system to change, people must change. Women are always oppressed, though lately they’ve learned to speak up against sexual and personal attacks. They know how to find a solution. There’s a problem every Myanmar woman faces. I experienced it two days ago on my way home. I was catcalled. ‘Hey love, sweetie, are you alone?’ When they see a woman, they don’t see her dignity and values. They see her as a sex object. I’m now in my second marriage. In my first one we were both artists. Because I’m a woman, I was expected to look after our son and do household chores. I was allowed to paint only after I’d met my husband’s painting needs. That’s discrimination. After the marriage collapsed, everyone blamed me. Then I tried to survive on my own. But most professional artists are men, and some wanted sexual favours. A best-selling artist started sexting me. At first I tried to avoid him. But then I decided to confront him because we’re like brother and sister. I also said I’d tell his wife. But they all claimed a friend had used his phone to do that. They don’t see me as a colleague. They see me as an unmarried woman from whom they can get sexual favours. If I’m silent, it will continue. Today we have a right to talk about harassment, and there are people who can advise and support us. But the Myanmar Artists Organization doesn’t protect us, and it doesn’t have a culture of accountability. So together with some other female artists I want to form a group to fight sexual violence.
Has life for you as a painter changed in the past decade?
My first problem was language. I couldn’t speak English, so I couldn’t meet foreigners who were interested in my work. Plus artists are controlled by gallery owners. I couldn’t refuse if they asked me to copy a painting because I had to have a good relationship with them. Even if my painting was bought, I wasn’t sure when I’d get my very small share. As I faced so much hardship, I felt sad. I was proud to be an artist, but sometimes I felt like a beggar. So I learned to design jewellery to make ends meet. I used my spare money to paint and sent my favorite paintings only to Nawaday Tharlar Gallery. Then I started to feel like an artist again.
28 June 2020
I
ဇွဲမွန်
ဒီပန်းချီကားကို ဘာလို့ ရွေးတာလဲ။
ဒီပုံကိုရွေးတာက ကျမရဲ့ ကိုယ်ပိုင် ဟန်တစ်ခုဖြစ်လို့ပါ။ ကောင်မလေးပုံက ကျမသားအကြီးနဲ့အတူ မွေးလာတာ။ အရင်တုန်းက ပန်းချီကားတွေအများကြီး သူများအတွက် ရှဲဒိုးရေးပေးရတယ်။ ဦးအောင်စိုးမင်းက ကျမကို ဒီလိုမနေပဲ ကိုယ်ပိုင်ဟန်တစ်ခုဖြစ်အောင် ကြိုးစားဖို့ ပြောတယ်။ ဒီကောင်မလေးကို စဖန်တီးတော့ ကျမနဲ့ မြန်မာအမျိုးသမီးတွေကို ကိုယ်စားပြု ဖန်တီးတာ။ ကျမကိုယ်တိုင်လည်း မျက်လုံးပြူးတဲ့အထဲမှာပါတယ်။ စာတွေ ထဲမှာ ဒီမျက်လုံးက ရိုးသားမှုကို ဖော်ပြတယ်လို့ဆိုတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမျိုးသမီး စံပြပုဂ္ဂိုလ်တစ်ယောက်မို့လို့ ပန်းချီကားကို ဖွဲ့တဲ့အခါမှာ သူ့ရဲ့ ဆံပင်ပုံစံ ထည့်ထားတယ်။ မြန်မာလူမျိုးတွေရဲ့ အယူအဆအရ မျက်လုံးအောက်မှာရှိတဲ့ မှည့်က ကံဆိုးမှုတွေကိုပဲ ယူဆောင်ပေးတယ်။ အိမ်ထောင်ကွဲမယ်၊ ယောင်္ကျားဆုံးမယ်။ အဲ့မှည့်က ကျမဆီမှာ ရှိတယ်။ အဲ့မှည့်လေးကို ကျမ ချစ်တယ်။ မှည့်တစ်ခုက ကိုယ့်ရဲ့ ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးလို့ ယူဆတယ်။ တစ်ခုခု အခက်အခဲကြုံလာတိုင်း ငါကျဆုံးလို့မဖြစ်ဘူး၊ ငါဒုက္ခရောက်သွားရင် မျက်ရည်ခံမှည့်ကြောင့်မို့လို့ လူတွေက ပြောကြမယ်။ အဲ့ဒါကြောင့် ပန်းချီကားက ကောင်မလေးတွေကို အဲ့မှည့်လေးတွေ ထည့်ပေးပြီး ခွန်အားရှိတဲ့ သတ္တိရှိတဲ့ အမျိုးသမီးလေးတွေ ဖန်တီးတာပေါ့။ ၁၉၇၀ ဝန်းကျင်လောက်မှာ စာတတ်မြောက်အောင် ကွင်းဆင်းပြီးလုပ်ပေးတဲ့ အသုံးလုံးဆိုတဲ့ လှုပ်ရှားမှုတစ်ခုရှိတယ်။ မြန်မာအမျိုးသမီးတွေအနေနဲ့ စာဖတ်တတ်သင့်တယ်။ အသိပညာအတတ်ပညာ မရှိရင် အလိမ်ခံရမယ်။ မိန်းကလေး တစ်ယောက်အနေနဲ့ အဆိုးရွားဆုံး အလိမ်ခံရမှာက လိင်ပိုင်းဆိုင်ရာပဲ။ ဆရာ သို့မဟုတ် အထက်လူကြီးက လိင်ပိုင်းဆိုင်ရာ စော်ကားနိုင်တယ်။ အဲ့လိုကိစ္စတွေ ကြုံလာတဲ့အခါ အသိပညာမရှိတဲ့ မိန်းကလေးတစ်ယောက်ဆို ငိုမယ်၊ တစ်ယောက်တည်းပဲ ခံစားမယ်။ ကျူးလွန်တဲ့သူက ထပ်ခါထပ်ခါ ကျူးလွန်နေမယ်။ စွံအပြီး ပညာမတတ်တဲ့ မိန်းကလေးတွေ မဖြစ်ဖို့ ရည်ရွယ်ပြီး အသုံးလုံးဆိုတာကို ထည့်ရေးတာပါ။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေရှိတယ်ထင်လား။
လူတွေပြောင်းမှပဲ စနစ်က ပြောင်းမှာ။ ခုနှစ်တိုင်း ခုနှစ်တိုင်းမှာ အမျိုးသမီးတွေ ဖိနှိပ်ခံရတာ ရှိတယ်။ အခုနောက်ပိုင်း အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခံရတာတွေကို ထုတ်ဖော်ပြောတတ်လာတယ်။ ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အဖြေကို ရှာတတ်လာတယ်။ မြန်မာအမျိုးသမီးတိုင်း ကြုံရတဲ့ ဒုက္ခတစ်ခုရှိတယ်။ ကျမကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ရက်က ရုံးကနေအိမ်ကို ပြန်လာတော့ ကြုံခဲ့ရတယ်။ လမ်းမှာ အချစ်လေး၊ အသည်းလေး တစ်ယောက်ထဲလားဆိုပြီး အစခံရတယ်။ မိန်းကလေး တစ်ယောက်ကို မြင်ရင် သူ့ရဲ့ ဂုဏ်သိက္ခာ၊ တန်ဖိုး ဘာမှမကြည့်ဘဲ လိင်ကိစ္စကိုပဲ ကြည့်တယ်။ ကျမက အခုက ဒုတိယ အိမ်ထောင်နဲ့။ ကျမရဲ့ ပထမအိမ်ထောင်ဘက်က ပန်းချီဆရာ။ ကိုယ်က မိန်းကလေးဖြစ်တော့ ကလေးထိန်းရတယ်၊ အိမ်ထောင်မှု တွေကိုလုပ်ရတယ်။ သူပန်းချီကားရေးတာတွေ အားလုံးကို ဖြည့်ဆည်းပြီး သူ အားလုံးပြီးတော့မှ ကိုယ်က ရေးခွင့်ရှိတယ်။ ဒါဆိုလည်း ခွဲခြားခံရတာပဲ။ နောက်ပိုင်း အိမ်ထောင်ရေး ပြိုကွဲသွားတော့လည်း အားလုံးက ကျမကို အပြစ်တင်ကြတယ်။ တစ်ယောက်တည်း ပန်းချီလောကမှာ ရပ်တည်ဖို့ ကြိုးစားတာပေါ့။ ပန်းချီနဲ့ အသက်မွေးဝမ်းကျောင်းပြုတာက အမျိုးသားပန်းချီဆရာများတယ်။ တချို့က အကဲစမ်းတာလေးတွေဖြစ်လာတယ်။ တစ်ခါဆိုရင် နာမည်ကြီး best seller ပန်းချီဆရာတစ်ယောက်က မက်ဆင်ဂျာကနေ လိင်ကိစ္စအကြောင်းတွေ စပြောလာတယ်။ ပထမတော့ ရှောင်ပြေးဖို့ကြိုးစားတယ်။ ဒါပေမယ့် ကျမတို့က မောင်နှမတွေလို နေကြတာဖြစ်လို့ ကိုင်တွယ်ရမယ့်ကိစ္စလို့ စဉ်းစားတယ်။ အကို့ရဲ့ အမျိုးသမီးကိုလည်း ညီမ ပြန်ပြောမယ်လို့ပြောလိုက်တယ်။ ဒါပေမယ့် အားလုံးက သူမဟုတ်ပါဘူး။ သူ့သူငယ်ချင်း တစ်ယောက်က ဖုန်းယူပြီး ပြောလိုက်တာလို့ ငြင်းကြတယ်။ သူတို့အနေနဲ့ လုပ်ဖော်ကိုင်ဖက်လို့ မမြင်ပဲ လွတ်လပ်နေတဲ့ အမျိုးသမီးတစ်ယောက်မို့လို့ သွေးတိုးစမ်းလို့ရတယ် မြင်ကြတယ်။ ငြိမ်နေမယ်ဆိုရင်လည်း ဆက်ပြီး သွေးတိုးစမ်းခံရမယ်။ ဒီဘက်ခေတ်မှာ တစ်ယောက်ယောက်က ကိုယ့်ကို စော်ကားခဲ့သည်ရှိသော် ကိုယ့်မှာ ထုတ်ဖော်ပိုင်ခွင့်ရှိတယ်။ ပြီးတော့ အကြံဉာဏ် ပေးမယ့်သူတွေ ဝိုင်းရံမယ့်သူတွေရှိတယ်။ မြန်မာနိုင်ငံပန်းချီအစည်းအရုံးကလည်း ခုထိ ဘယ်ပန်းချီဆရာ/ပန်းချီဆရာမကိုမှ မကာကွယ်ပေးပဲ တာဝန်ယူလိုမှုအားနည်းတဲ့ အဖွဲ့အစည်းလို့ထင်မြင်မိတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ တခြား အမျိုးသမီး ပန်းချီဆရာမတွေနဲ့အတူ အဖွဲ့အစည်းတစ်ခု ဖွဲ့ဖို့ တိုင်ပင်ထားကြတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ပန်းချီဆရာတစ်ယောက်အနေနဲ့ ဘဝမှာ အပြောင်းအလဲတွေရှိလား။
ပထမပြဿနာက ဘာသာစကား အားနည်းတယ်။ အင်္ဂလိပ်စကားကို ဌာန်ကရိုင်းကျကျ မပြောနိုင်တော့ ပန်းချီကားကို ဝယ်မယ့် နိုင်ငံခြားသားတွေနဲ့ တိုက်ရိုက်မတွေ့ရဘူး။ နောက် ပြခန်းပိုင်ရှင်တွေက သေဆိုသေ ရှင်ဆိုရှင် လိုက်လုပ်ပေးရတယ်။ ပန်းချီကားတစ်ကားကို ကော်ပီကူးပေးဆိုလည်း ငြင်းပိုင်ခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ ကြည်ဖြူမှုနဲ့ ဆက်အသက်ရှင်လို့ရမှာ။ ပန်းချီကားကို ဝယ်သွားပေမယ့် အဲ့တန်ဖိုးရဲ့ အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ပန်းချီဆရာ ရပိုင်ခွင့်ကို ရချင်မှရမှာ။ အခက်အခဲတွေ အများကြီးကြုံလာတော့ ဝမ်းနည်းလာတယ်။ ကိုယ့်ဘာသာ ပန်းချီဆရာလို့ ဂုဏ်ယူနေပေမယ့် တောင်းစားရသလိုပဲလို့ ခံစားလာရတယ်။ အဲ့ဒါနဲ့ ကျောက်မျက်ရတနာ ဒီဇိုင်းကို လေ့လာပြီးတော့ ဒီဇိုင်းအလုပ်နဲ့ စားဝတ်နေရေးကို ဖြေရှင်းတယ်။ အဲ့ကပိုတဲ့ငွေနဲ့ ပန်းချီရေးပြီးတော့ ကြိုက်တဲ့ပန်းချီကားတွေကို နဝဒေးသာလာပြခန်းကိုပဲ ပို့တယ်။ အဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပန်းချီဆရာမလို့ ပြန်ခံစားလာရတယ်။
၂၀၂၀ ဂျွန် ၂၈